ရခိုင်ပင်ဂွန်း

အန္တာတိကတိုက်ရေ ကမ္ဘာ့တိုက်ကြီး ခုနှစ်ခု ထဲက တစ်တိုက်ဖြစ်စွာကို လူတိုင်းသိကတ် ပါရေ။ တိုက် ကြီး၏ ၉၈ ရာခိုင်နှုန်းကို ရီခဲ တိနန့် ဖုံး လွှမ်းထားပြီးကေ ကမ္ဘာမှာ လီ တိုက်အကြမ်းဆုံး တိုက်ကြီးတစ် တိုက်ဖြစ်ပါ ရေ။ကုန်းမြင့်ဒေသမှာ အပူချိန်ပျမ်းမျှ အနုတ်၅၅ ဒီဂရီ စင်တီဂရိတ်(အနုတ်၁၃၁ဒီဂရီဖာရင်ဟိုက်)ဟိပြီးကေ ကုန်းနိမ့်ဒေသ တိမှာ အနုတ် ၂၈ စင်တီ ဂရိတ်(အနုတ် ၈၂ ဒီဂရီဖာ ရင် ဟိုက်)၀န်း ကျင်ရှိတတ်ပါရေ။ ကမ္ဘာ့ ၀င်ရိုးစွန်းဒေသမှာတည်ရှိရေအတွက်ကြောင့် အလင်း၆လ အမှောင်၆လ ကျရောက်ပါရေ။ ၄လကျော်ကြာ ညောင်းရေဆောင်းရာသီရေ အီးလွန်းပြီးကေအမှောင်အတိဖုံးလွှမ်းနိန်တတ်ပါရေ။ ယင်းတိုက်မှာ ပန်ဂွင်းငှက် ချေတိ နိန်ုထိုင်ကတ် ပါရေ။

နွီရာသီခါ အနီးအနားသမုဒ္ဒရာနားမှာ ကူးလူးစားသောက်ကတ်ပြီးကေဆောင်းရာသီကျကေတော့ အန္တာ တိ က တိုက်ထက်မှာပဲ နိန်ထိုင် ဖြတ်သန်း ကတ်ပါရေ။ ပန်ဂွင်းငှက်ချေတိမှာ အရီပြားနန့် အမွှီး တိ ပါ ကေ လေ့ အေ လောက် ကြမ်းရေ လီ၊ အေလောက် ချမ်း ရေ အအီးဓာတ်နန့် အမှောင်ဖုံးရေ ဆောင်း ရာသီတိကို ဇာပိုင်ဖြတ်သန်း ကတ် ပါလေ။

ပန်ဂွင်းငှက်တိရေ အုပ်စုဖွဲ့ပြီးကေ နိန်တတ်ပါရေ။ ဇာကိုလားလား အအုပ်လိုက် လားကတ်ပါရေ။ ဆောင်း ရာသီရောက်လာလို့ အအီးကြမ်းဝင်လာပျာယ်ဆိုစွာနန့် တစ်ကောင်နန့်တစ်ကောင် ခန္ဓာ ချင်းကပ်ပြီးကေ နိန်ကတ်ပါရေ။ တစ်ကောင်နန့်တစ်ကောင် ကပ်ထားခြင်းဖြင့် ခန္ဓာကိုယ် အပူ ချိန် (body temperature)ကို ထိန်းကတ်ပါရေ။ အပြင်က လီကြမ်းဝင်စွာကိုလည်း ကာထား ရေ သဘောဟိပါရေ။ စည်းဝိုင်း ပုံစံ သ ဘော နန့် အများစုက အတွင်းဘက်မှာ ကျကတ်ပြီးကေ တချို့ က အပြင်ဘက်စည်းပတ်လည်မှာ ပတ်ပြီးကေ နိန်ကတ်ရပါရေ။ ယေခါ အပြင်ဘက် စည်းနားက အကောင်တိရေ အဆိုးရွားဆုံးလီဒဏ်၊ အအီးဒဏ်ကို ခံကတ်ရပါရေ။ ယင်းအတွက် ကြောင့် အပြင် ဘက်ကအကောင် နန့်အတွင်းထဲ ကအကောင် တိ အမြဲ တမ်း နိန်ရာလှဲကတ်ပါရေ။တစ်ယောက် တစ် လေ့စီ အလေ့ကျတာဝန်ယူပြီးကေ စစည်းလလုံးနန့် ကမ္ဘာ့ အကြမ်း ဆုံး ရာသီ ဥတုကို တစ်နှစ် မှာ ၄ လကျော်စီ ဖြတ်သန်းကတ်ပါရေ။ အလေ့ကျ တာဝန် ယူတတ် တေ စိတ်မဟိ၊ စည်းကမ်း သေ ၀ပ်မှု လည်း မဟိဆိုကေတော့ ပန်ဂွင်းတိဘ၀ ဆက်လက်ရပ် တည် ဖို့ ဖြစ်နိုင် ဖို့မဟုတ်ပါ။

ကျနော်ရို့ရခိုင်သူ၊ ရခိုင်သားတိမှာလည်း ပန်ဂွင်းငှက်တိပိုင် ဆောင်း ၄လရာမဟုတ်ပဲနန့် နိနိ့စိုင် နန့်အမျှ ဘ၀ရပ်တည်ဖို့အတွက် ရုန်းကန်နိန်ကတ်ရပါရေ။ ဆိုးရွားလှရေ ခေတ်ဆိုးစနစ်ဆိုး ဆိုင် က လုန်း မုန် တိုင်း ကြီး ကျနိန်ပါရေ။ ဘေးပတ်ဝန်းကျင်မှာလည်း ကျဆုံးဖို့ရခိုင်သူရခိုင်သား တိကိုစားဖို့အတွက် လ’ဒ (လင်းဒ) တိကလည်း အဆင်သင့် စောင့်နိန်ကတ်ပါရေ။ အေဒုက္ခ မုန်တိုင်း ကြီး ရေ ချက်ချင်းလက် ငင်း ပျောက် ကွယ်လားဖို့ အနေအထားမှာ မဟိပါ။ ကြံ့ကြံ့ခံ ရင်ဆိုင် လားရဖို့ရာ ဟိ နိန်ပါရေ။ ဇာပိုင် ရင် ဆိုင် ကတ် ပါဖို့လဲ။ ‘ရခိုင်’ဆိုရေ လူမှု အဆောက် အအုံတစ်ခု တည်တံ့ ဖို့အ တွက်  ဇာပိုင် ဆက် လုပ် ကတ် ပါဖို့လဲ။ အပြောအလုပ်ကိုပယ်လို့ ပန်ဂွင်း ငှက်တိပိုင် အလေ့ကျ တာဝန်သိသိ၊ စစည်းလလုံး၊ စည်း ကမ်း ဟိဟိနန့် လက်တွိအကောင် အထည် မဖော်သင့်ကတ်ပါလာ။
ရခိုင်ပန်ဂွင်း ဖြစ်ကတ်ပါစီ။

Kyaw Htoo Aung

www.မူလကူးယူထားသောနေရာ.com

1 comment:

  1. ကောင်းလိုက်တေပုံဆောင်ချေ ရခိုင်သားတိကိုဒေပိုင်(အုပ်ချုပ်သူတိက)မစားရလားစားရရေ
    စားရလာမစားရ မငတ်တငတ်ထားနီရေခါ အထဲကနွီးနီရေပင်ဂွန်းကအပြင်ကချမ်းနီရေပင်ဂွန်းကို နီရာပြောင်းပီးချင်ကေလေ့ အချမ်းဒါဏ်ကိုမခံနိင်ရေ ရခိုင်သားတိက(အထူးသဖြင့်ပညာနတ်တိက)စွန့်လွှတ်သည်းခံနိင်မှုကနည်းနီဂတ်သိမ့်ရေဂါ အမှန်စွန့်လွှတ်တေလူတိလေ့ရှိပါယင့်(လေးစားပါ၏)

    ReplyDelete