မုန့်သူခိုး

တရက်နိန့် အသက် ၃၀လောက်ရှိရေ ကလိမ့်မေ တယောက် စစ်တွေလေဆိပ်မှာ လေယာဉ်ပျံ ထွက်ဖို့အချိန် စောနိန်သိမ့်လို့ မဂ္ဂဇင်း တစ်စောင်နန့် ကွတ်ကီးမုန့် တထုတ် ၀ယ်ပနာ ထိုင်ဖို့နိန်ရာ ရှာလိုက်တေ။ ရှိဆုံး ခုံ တန်းမှာ ဒေါင့်ခုံနှစ်ခုံ လွတ်နိန်စွာ မြင်စွာနန့် ခုံနားကို အယင်လားပနာ "အေမှာ ထိုင်နိန်ရေလူ ရှိပါလား"လို့ ဘေးက အသက် ၃၅နှစ်လောက်ရှိရေ အရပ် ထထောင်မမောင်းနန့် ကလေကို မိန်းလိုက်တေ။ "မရှိပါ။"လို့ ယင်းကလေက ဖဖော်ရရွေ ပြန်ဖြေပါရေ။ ဒေါင့်ခုံမှာ ထိုင်ချလိုက်ယင်း လက်ထဲက အိတ်ကို ယင်းကလေနန့် ကြားက အလယ်ခုံမှာ တင်လိုက်တေ။

မဂ္ဂဇင်းဖတ်ယင်း အလယ်ခုံမှာချထားရေ ကွတ်ကီးမုန့် တချက်ချင်းစီ မကြည့်ဘဲကောက်စားနိန်ရေ။တခေါက် မုန့်ထုတ်ကို နှိုက်လိုက်တေမှာ လက်တချောင်းကို လားကိုင်မိရေ။ ကြည့်လိုက်တေမှာ ဘေးက ကလေ မုန့်နှိုက်စားနိန်စွာကို တွိလိုက်ရရေ။ မျက်မှောင် ကုတ်ပနာ ယင်းကလေကို ကြည့်လိုက်တေမှာ ပြုံးစိစိနန့် ပြန်ကြည့်နိန်စွာကို တွိလိုက်ရရေ။ ဇာပိုင်လူလေချင့်၊ မပြောမဆိုနန့် နှိုက်စားနိန်ရေ။ အားပင်မနာတတ်။ စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်ပနာ မျက်လုံး အကြည့်ကို မဂ္ဂဇင်းထဲကို ပြန်ရွိထားလိုက်တေ။ ယေကေလည်း ကိုယ့်မုန့်တချက်ယူတိုင်း ယင်းလူလည်း မုန့်တချက်စီ နှိုက်စားနိန်စွာကိုတော့ခါ မျက်နှာမလှည့်ဘဲ မျက် ဒေါင့်ကနိန် တွိနိန်ရရေ။ ယင်းပိုင်နန့် နောက်ဆုံး မုန့်တချက် ကျန်စွာကို နှိုက်တေခါ လက်နှစ်ချောင်းတခါ ထပ်ဆုံကပ်ပြန်ရေ။ ယင်းလူက မျက်နှာ ပြုံးစိနန့် မုန့်ကိုယူပနာ၊ အလယ်က နှစ်ခြမ်း ခြမ်းလိုက်တေ။ အပြီး ကေ ယင်းကလိမ့်မေကို တခြမ်းပီးရေ။ အေခေါက်မှာ ယင်းကလိမ့်မေ ကကောင်း ဒေါသထွက်လားပါရေ။ လူ က ခခန့်ညညားနန့် ယောက်ျားရင့်မကြီးဖြစ်ပနာ အေလောက်ပင်အောက်တန်းကျရလာ။ စားချင်ကေ စကား တခွန်းလောက် ပြောပနာ တောင်းပါလား။ အဂုက မပြော မဆိုဘဲနန့် ကိုယ်ပိုင်စွာပိုင် ကောက်စားနိန်ရေ။ အရှက်လုံးဝကိုမရှိ။ ကကောင်းရိုင်းရေ။ ကျပ်ပင် မပြည့်လားမသိ။ နောက်ဆုံးတချပ်ကို သူကပင် ခွဲပီးလိုက် သိမ့်ရေ။ ကကောင်း ပိုင်စိုးပိုင်နင်းနန့်။ မုန့် စားပြီးခါတောင် "ကျေးဇူးတင်ပါရေ။"လို့ တစ်ခွန်းတောင် မဟ။ အလှပ အောက်တန်းကျရေ သူခိုးရာ မလား။ "ငါရို့ လူမျိုးမှာ အေပိုင် လူတိ ရှိစွာ ကကောင်းရှက်ဖို့ ကောင်း ရေ။"လို့ တမွိမွိ တွေးပနာ ဒေါသထွက်နိန်ပါရေ။ နောက်ဆုံး လေယာဉ်ပျံထက်ကို တက်လို့ ထိုင်ခုံမှာ ထိုင် လိုက်တေအချိန်ထိ ဒေါသက မပြေနိုင်။

လေယာဉ်ပျံ ပျံတက်လို့ ၅မိနစ်လောက် ရောက်ခါမှ အိတ်ထဲက ရီဗူးကို နှိုက်လိုက်တေ။ ဟေ...
အိတ်ထဲမှာ စမ်းမိစွာကို ကမန်းကတမ်း ထုတ်လိုက်တေ။ မျက်နှာက လုံးဝနီရဲလားရေ။ ကိုယ် ၀ယ်ထားရေ ကွက်ကီးမုန့်ထုတ်က မဖောက်ရသိမ့်ဘဲ အိပ်ထဲမှာ အေအတိုင်းရှိနိန်ရေ။ တနားက စားခရေမုန့်က ကိုယ့်မုန့် မဟုတ်ဘဲ ယင်းလူမုန့် ဖြစ်နိန်ရေ။ စိတ်ထဲမှာ အမျိုးမျိုး စွပ်စွဲပနာ ရရိုင်းစစိုင်း ပြောနိန်မိရေ။ အမှန်တကယ် အပြောခံရဖို့လူက ယင်းလူမဟုတ်ဘဲကိုယ်ဖြစ်နိန်ရေ။ စားပြီး အားမနာရေလူကကိုယ်ဖြစ်နိန်ရေ။ ဘလောက် ရှက်ဖို့ကောင်းလေ။ ယင်းလူနိန်ရာမှာ ကိုယ်ဆိုကေ၀ါ မုန့်တခြမ်း ခြမ်းပီးနိုင်ဖို့လား။ အမျိုးမျိုး တွေးပနာ က ကောင်း ရှက်လားပါရေလတ်။

ဘ၀သင်ခန်းစာ။           ။ တခါတလီ လူများတိ လုပ်ရပ်မှားကို အားမနာတမ်း အမျိုးမျိုး ပြစ်တင် ဝေဖန် ခကေလည်း ယင်းအပြောခံရရေ လူနိန်ရာအတွက် ကိုယ့်ကိုယ်ကို တခါလည်း အစားထိုး မစဉ်းစားကြည့် ကတ်ပါ။ တခါတလီမှာ ကိုယ်ကိုယ်တိုင်လည်း ယင်းပိုင်လုပ်ရပ်မှားတိကို လုပ်မိနိုင်ရေလို့ သတိထား ဆင်ခြင် ပနာ ကိုယ်ချင်းစာကတ်ပါ သူငယ်ချင်းရို့။

KWKhaing (AMP)

No comments:

Post a Comment