အကာလညဥ့်

ဝင်ပါ New Year ၊ မုဒိတာနန့် လက်ကမ်းလျက်ရာ၊ ယေဒါလည်းနားလည်ပီး၊ ၀မ်းသာခြင်းနန့် မကြိုဆိုနိုင်ခြင်းအတွက်...။

အကာလညဥ့်တစ်ခုနန့် New Year ၊ တိုက်ဆိုင်လိုက်လီခြင်း...။

အမြင်မကောင်းလို့ အကောင်းမမြင်စွာကို နားလည်ပီးဖိ၊ တန်ပြန်သက်ရောက်မှု တစ်ခုလည်းမဟုတ်၊ ဆွီးလို့ ပြတ်ကျလားရေ ပုတီးကုံးတစ်ခုလေ့ မဟုတ်ခ။

လူသားဝါဒ ကန့်လန့်ကာနောက်မှာ၊ အမဲလိုက်အကကို၊ တံခါးမဟိ၊ ဓါးမဟိ၊ ပန်းကုံးစွပ်လောက်အောင်ထိ ကပြခကတ်တေ ညဥ့်လေ...။

ကြည့်...! အဂုထိ နန်းရာထက်က မီးခိုးညှောင်နံ့တိ၊ ပြာဖုန်အလူးလူးကြား၊ ထူးမခြားနား ပြောင်းလဲမှုတိ၊ အပြိုအပျက်နန်းရာ၊ မြို့ရိုး၊ ပြအိုး တန်ဆောင်းတိ၊ ဗုဒ္ဓခန္ဓာဓါတ်တိ ကိန်းဝပ်ရာ၊ စေတီပျက်အဆူဆူတိ၊ မူလကုသိုလ်ရှင်အလှူကို၊ ပယ်လျကံထားရေ၊ ဆင်းတုတော် အကျိုးအပဲ့တိက၊ ရင်ဘတ်ဟိရေလူတိ၊ တသသဖြစ်စီရေ၊ မီးသင့်ခံ ဂန္ထ၀င်မြောက် ရာဇ၀င်စာအုပ်ကြီး...။

နားထောင်ဖို့လား New Year ၊ ရာဇ၀င်အကြောင်းဆို မာရယုမင်းအကြောင်းပါဖို့၊ ဗုဒ္ဓ၏တကာတော် စန္ဒသူရိယမင်းအကြောင်းပါဖို့၊ ဝေသာလီလို့ ကမ္ဘာကသိအောင ကဗ္ဗည်းထိုးနိုင်ခရေ အာနန္ဒစန္ဒြမင်း အကြောင်းပါဖို့၊ တရားစောင်ရေဘုရင် မင်းထီးအကြောင်းပါဖို့၊ ရခိုင်အောင်လံတိ ဘင်္ဂလားထိလွှင့်ခရေ မင်းဗာကြီးအကြောင်းပါဖို့၊ သျှင်မြ၀ါနန့် မဟာပညာကျော်ရို့ပါဖို့၊ မင်းဆိုးမင်းညစ်တိ မင်းကောင်းမင်းမြတ်တိ အကြောင်းပါဖို့၊ ငသံထွေ၊ စံရဖွေအကြောင်းပါဖို့၊ မင်းသားကြီးရွှေဘန်းနန့် မြို့သူကြီးအောင်ကျော်ဇံ အကြောင်းပါဖို့၊ ရခိုင်ဘုရင်ရို့၏ ဘုန်းမီး နီလ အကြောင်းပါဖို့၊ ရခိုင်ရို့၏ အကာလညဥ့်ဆိုးအကြောင်းလည်း ပါကိုပါဖို့ယေ...။

နားထောင်...! ဒေရာဇ၀င်တိကို လီသွန်တောင်ရို့၊ ဂေါင်းပုံပြင်ရို့၊ ... ... ... ရို့တိက ဒေအကာလညဥ့်ဆိုးမှာ၊ မျက်ရည်စို့စို့နန့် တိတိပပ အသံတိတ်ပြောနိန်တုန်း။

သွီးရင်း(မြောက်ဦး)

(227th Anniversary) အဖြစ် မြောက်ဦးကဗျာရှင်များ စုစည်းထုတ်ဝေသည့် "၁၁/မဥန(နိုင်)၀၀၁၁၄၆" ကဗျာစုမှ-

No comments:

Post a Comment