Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

ဂျာမာ - သဇင်နီ

မောင်ယေနန့် ပန်းနုက ငယ်သူငယ်ချင်းတိ။ ကျောင်းမှာဆိုကေ ပန်းနုက ရက်ပြတ် နံပါတ် (၁)။ သူ့ကို တစ်ယောက်လည်း မကျော်နှိုင်။ ဇာလှုပ်ယှားမှုမှာမဆို သူက ရှိဆုံး။ ပြောဝံ့ ဆိုဝံ့ရေ။ သူမှန်ကေ တစ်ယောက်ကိုလည်း မကြောက်။ ကျောင်းနံရံကပ် စာစောင်တိမှာဆိုလေး သူ့ကဗျာတိက ထိပ်ဆုံးက။ ကဗျာတိက လူများတိပိုင် ဗမာအရီးအသားနန့် မဟုတ်။ မျိုးချစ်စိတ်အပြည့်နန့် ရီးထားရေ ရခိုင်ကဗျာတိ။ အားလုံးက သူ့ကဗျာတိကို ဂရုတစိုက်၊ စိတ်ဝင်တစား ဖတ်ကတ်တေ။ နံရံကပ် စာစောင်အတွက် တာဝန် ယူရရေ မောင်ယေကပင် သူ့ကဗျာကို ကြိုက်လို့ တစ်ပုဒ်တစ်ရီ အလွတ်ရနီတတ်တေ။

ငြိမ်းချမ်းရေးလေးမျက်နှာ (ပုထိုးတစ်ဆူ၏ မြောက်ဦးဗေဒ)

ရွှေအိုရောင် အလင်းတန်းများသည် ဖိုးခေါင်တောင်စွယ်မှ စိမ်းမြမြ သစ်ရွက်များပေါ်တွင် ၀င်းလက်နေ ကြသည်။ ထုက္ကန့်သိမ် ပုထိုးတော်၏ အနောက်မျက်နှာတွင် နေရောင်လင်းနေဆဲပါ။ ပုထိုးတော်အရိပ် ဖုံးလွှမ်းထားသော ကျောက်လှေကားထစ်များသည် နွေးမြဆဲပင်ဖြစ်သည်။ ဂန္ထ၀င် မဟာလှေကားထစ် များပေါ်တွင် ကျွန်တော်ရပ်နေမိသည်။

အို...မိတ်ဆွေ၊ လှပလွမ်းမြေ့ဖွယ် ညနေခင်းတစ်ခုတွင် ဤလှေကားထစ်များပေါ်သို့ မိတ်ဆွေတက်ရောက် ဖူးပေမည်။ ရင်ထဲ မည်သို့ခံစားရပါသနည်း။

ဖာရောက်ဘုရင်တစ်ပါးနှင့် ပိရမစ်၊ ပါသီနွန်ကျောင်းတော်နှင့် ဂရိဆိုဖစ်တစ်ဦး၊ ဘိုင်ဇင်တိုင် ဘုရားရှိ ခိုးကျောင်းနှင့် သူတော်စင်တစ်ဦး၊ အလယ်ခေတ် ဂျာမန်ရဲတိုက်ကြီးနှင့် မြို့စားကြီးတစ်ဦး။ လွတ်လပ်စွာ ရင်ခုန်ခံစားခွင့် ရှိပါသည်။

စည်း

ခါတိုင်းဆို အဂုပိုင် စားပွဲမျိုးကို မြောက်မြို့ရိုးက ဖဲသာလေးရွေးကို လားယူနီရေ ရီသည်ယောက်ျား ပိုင် ပျောက်ပျောက် ခုန်ပနာ လားလို့ဟိဖို့။ အမှန်က ဒေစားပွဲကို ကိုယ်တိုင်လေ့ စိတ်တစ်ပေါက် စီစဉ်ခစွာရာ။ အဂုမှစိတ်က ပေါင်တစ်ရာလောက် ဖိထားရစွာပိုင် လီးနီရေ။

"မင်းမလာကေလေ့ ဖြစ်တေဝေ။ မလာချင်ကေ မလာကေ့ဖိ"လို့ တစ်ယောက်ယောက်က ဟန့်ဖို့ဆိုကေကာ။ တရွိ့ရွိ့လှမ်းနီရေ ကျွန်တော့်ခြီထောက်ကို ကျွန်တော်မပိုင်။ တင်ကြိုလို့ ပြောခစွာအတိုင်း ကြက်သား လေးထောင်ဖို့ကို အိတ်တစ်လုံးမှာ ထည့်ပြီးကေ ကျွန်တော့်ဆိုင်ကယ်က သူရို့ရွာဘက်ကို တရွိရွိ။

လွမ်းရိပ်မြုံ

အခန်း(၁)

အလှဆိုစွာ မြင်တတ်သိတတ် ခံစားတတ်ကေ မြင်မြင်သမျှရေ အလှတိနန့် ပြည့်နီရေလတ်။ အလွမ်းဆိုစွာ လည်း လွမ်းတတ်သူရို့အဖို့ ဒေကမ္ဘာလောကကြီးတစ်ခုလုံးရေ လွမ်းစရာအပြည့်နန့်ပါရာ။ နွီအကြိုမှာ ဝှေ့ ယှမ်းတိုက်ခတ်လိုက်တေ လီရူးကြောင့် ရွက်ဝါတိ တဖြုတ်ဖြုတ်ကြွီပနာ မြီပြင်ထက်မှာ ပြန့်ကြဲလို့။ ဂန္ထ၀င် မြို့ပြ၏ နန်းရာကုန်းတစ်နီရာမှာ ကျွန်တော်ထိုင်နီမိပါရေ။ ကျွန်တော့်ဘေးနားက ညောင်ပင်အိုကြီးကလည်း ရိုးတန်ပြိုင်းပြိုင်းနန့် လွမ်းစရာကောင်းပါယင့်။ ဒေဂန္ထ၀င်မြို့ပြရေ အလွမ်းမိုးတိ အမြဲတမ်းရွာနိန်ရေ လွမ်းရိပ် မြုံ။ ဒေလွမ်းရိပ်မြုံကို ဘုရင်မင်းစောမွန် အလွမ်းတိနန့် တည်ဆောက်ခစွာလား။ ဒေလွမ်းရိပ်မြုံမှာ မြင်မြင် သမျှရေ လွမ်းစရာ ဆွေးစရာချည်းဗျာယ်။ နန်းရာကုန်းကို ကြည့်ကေလည်း လွမ်းစရာညောင်ပင်အိုတိနန့်။ ဟာရီတောင်ကို ကြည့်လိုက်ပြန်ကေလည်း အလွမ်းမျှော်စင်တစ်ခုပိုင်။ မြ၀ါတောင်ထက်ကို တက် ကြည့်ပြန်ကေလည်း ဂမ္ဘီရပညာသျှင်ကြီး သျှင်မြ၀ါကို လွမ်းမိပြန်ရေ။ ရီအုန်းတောတိ အစီအရီကြားက လှပညင်သာစွာ စီးဆင်းနိန်ရေ သိင်္ဂနဒီ။ ရီတံရှင်ပိုင် ရီတိ တဝေါဝေါ စီးဆင်းပနာ ကျောက် တုံးကျောက်ဆောင်ချေ တိနန့် တစ်မျိုးလှနီရေ ရီပေါက်ဝချောင်း။ တောင်တံတိုင်းချေတိ ပတ်လည် ကာဆီးပနာ စိမ်းစိုနီရေ သစ်ပင်တိနန့် ကဗျာဆန်နီရေ လက်ဆီးကန်ရို့ကလည်း လွမ်းတတ်တေ ကျွန်တော့်ကို ပိုလို့လွမ်းစီပါရေ။ ရခိုင့်တော်ဝင်နန်းမြို့တော် မြောက်ဦးရေ အလွမ်းတိကို စုပုံထားရေ အလွမ်းဗိမ္မာန်၊ အလွမ်းရင်ခွင်၊ အလွမ်းမြို့ပြ (သို့မဟုတ်) လွမ်းရိပ်မြုံလေ။

စေတနာကြိုးထိပ်က ဝေဒနာစွန်၏ အားမာန်


သူ ဒေလက်ကြားချေထဲသို့ တစ်ခါချေလေ့ ၀င်ဖူးခသူ မဟုတ်ပါ။ ၀င်လေ့ မ၀င်ချင်ပါ။ ၀င်ချင်စိတ်လေ့ဟိကို မဟိပါ။ ယကေလေ့ အဂုတော့ သူတစ်ခါချေလေ့ ၀င်လေ့ဝင်ထမဟိရေ ဒေလက်ကြားချေ၏ ၀င်ဝလမ်းထိပ် မှာ မှိန်ဖျော့ဖျော့ မျက်နှာနန့် သူရပ်နီမိပါရေ။ လက်ကြားချေထဲသို့ မ၀င်ခဘဲ လှည့်ပြန်ရဖို့လားလို့လေ့ သူ စဉ်းစားမိပြန်ရေ။ ယင်းပိုင် စဉ်းစားမိတိုင်းလေ့-

'အရီးသားချေကို မောင်ယေ မပြောပြကေ ဇာသူလာလို့ ပြောပြဖို့သိမ့်ရောင်။ ဖြစ်အောင် တစ်ခေါက် လောက် ပြောပြပလင့်မောင်ယေ။ မောင်ယေ စကားကိုတော့ခါ နားထောင်ဖို့ထင်ရေ။ အရီးတော့ခါ ပြောဖို့ အပေါက်လေ့ မမြင်ယာ။ သူ့ညီမချေ ပြောပြကေလေ့ နားမထောင်တင်မက သတ်ဖို့တောင် တရဲရဲ။ အရီး မောင်ယေကို တစ်ခေါက်အားကိုးချင်ရေ မောင်ယေ'လို့။

သူ - သင်းချို

သူ့ကို စတွိလာခစွာ ၁၉၉၁ ခုနှစ်ကပင် .... သူနန့် အကျွန် အကြိမ်ပေါင်းအများကြီး မျက်မှန်းတန်းမိခ ကတ်ပါရေ ... မှတ်မှတ်ရရ သူ့ကို စတွိရေ အချိန်က သူ့ကို ကြိုဆိုရေလူတိ အများကြီးကြားထဲမှာ ထင်းခ နန်း မြင်နိုင်ရေ ... သူ့ကိုကြည့်ပနာ အားလုံး ပြုံးလို့၊ ပျော်လို့ ... အချေခါ ဘဝကပင် သူ့ကို တမိတမော ကြည့်ဖူးခရေ ... ယပြတ်ဆိုရေပိုင်လေ့ ဆုံဖူးခရေ ... သူ့ကိုကြည့်ပနာ ကြည်နူးမိခရေ .............

မှတ်တိုင်


ရင်ခွဲရုံတံခါးပေါက် ရှေ့တွင် မြက်များ ကျိုးတိုးကျဲတဲ ရှင်သန်နေသည်။ နံနက်ပိုင်းက ရွာထားသောမိုးကြောင့် သဲဆန် ဆန်မြေနိမ့်နိမ့်တွင် ရေအနည်းငယ်ဝပ်နေသည်။ ထိုရေ၀ပ်အိုင်လေးက ကျော်လျက်တံခါးဝသို့ ကိုမြ ကျော် ညင်သာစွာခုန်လိုက်သည်။ မိုးကာလဖြစ်လျက် နှင့် ကတ္တီပါဖိနပ်စီးထားသည်။ လူသွားစင်္ကြန် လမ်းကို ဖြတ်လျှောက်ပြီး အလောင်းများထားရာခန်းမ၏ တံခါးဝတွင်သူရပ်သည်။လွယ်အိတ်ထဲမှ စီးကရက်ဘူးနှင့် မီး ခြစ်ကို သူထုတ်သည်။မီး ညှိကာအားရပါးရဖွာရှိုက် ပြီးကျွန်တော့် အားနောက်လှည့်ကြည့်သည်။ကျွန်တော်က ပထမ တံခါးဝတွင်သာရှိ သေးသည်။ သူဦးခေါင်းကိုအောက်သို့ဆတ်ခနဲငုံ့ကာ ၀င်ခဲ့ပါသဘောနှင့် ကျွန်တော့် ကိုခေါ်သည်။ သူ့အနီးသို့ ကျွန်တော်ရောက်လာသောအခါ အထဲသို့လှမ်းကြည့်ပြီးဝင်မည့်ဟန်ပြင်သည်။ တုန့် ခနဲရပ်ပြီး ပြန်လှည့်သည်။ စိမ်းရွှေ ပုပ်အဲ့သော အနံ့သည် လွင့်ပျံ့နေ၏။ ကိုမြကျော်က စီးကရက်ဗူးကို ကမ်း ပြီး "အော်.. ခင်ဗျားမှမသောက်တတ်ဘဲ” ဟုပြောသည်။ သူ့စကားသံ၌ စိတ်လှုပ်ရှားမှုက ကပ်ငြိနေသည်။