ဘုန်းကြီးကျောင်းမှာ တစ်ညဇာ


လူ -     မကောင်းစွာကို
           ကောင်းစွာနန့်ဖုံး
           မကောင်းပျက်သုဉ်းပါဖို့လား
           ဘုရား။

ဘုန်း -   အကောင်းနန့်မကောင်း
           လမ်းကြောင်းချင်းကွာ
           သံသရာမှာ
           တစ်ခါလဲမဆုံး
           ကျိုးမပြုန်းပါ
           ဆိုးရုန်းကောင်းရုန်း
           သူရုန်းသူ့ကံ
           သူ့ကို ဖန်ဖို့---။

သျှင်အုန်း

(ရွက်နုပြန်ချိန် ရခိုင်ကဗျာသီးသန့်စုစည်းမှုမှ-)

ရခိုင်ဓလေ့နှင့်ပဂရေ

"ပဂရေ"ဟူသည် ပိတုန်းနှင့်ဆင်ဆင်တူသော ပျံသန်းပိုးကောင်တစ်မျိုးဖြစ်သည်။ ယင်းပိုင်းကောင်သည် ရွှံ့ ပျော့ညံ့ညံ့များကို သယ်ယူပြီး ဥအတွက်သားအတွက် အိမ်လုပ်စီမံလေ့ရှိသည်။ ယင်းပဂရေ အမ ပြု လုပ်သော အိမ်ကိုပင်ရခိုင်တောင်သူလယ်သမားများက "ပဂရေအုံ"ဟုခေါ်ကြသည်။ ဤပိုးကိုမြန်မာတို့က "နပုန်းကြည်" ဟုခေါ်ကြသည်။

ပရရေကို ပဂြေ၊ပဒေဂြေမစသည်ဖြင့် ရခိုင်တောင်သူလယ်သမားတို့ နှုတ်ဖျားဝယ်စွဲမြဲစွာရှိသည်။ပဂရေ သည် အိမ်တွင်ကပ်ရောက်သော ပဂရေ၊ သစ်ပင်တောတောင်တွင်ကပ်ရောက်သော ပဂရေဟူ၍ရှိသည်။ သစ်ပင် တောတောင်များတွင် ကပ်ရောက်သောပဂရေများအနက်စပါးပင်တွင်ကပ်ရောက်သော ပဂရေများ ကိုတောင် သူလယ်သများများက "ပဂရေနတ်မသည်" ဟုအယူရှိကြသည်။

Who is the doer?

လင်မယားနှစ်ယောက် အချေ လိုချင်အားကြီးလို့ လက်ထပ်တေနိန့်ကဗင် အခြေအနေပီးကေ ပီးရေပိုင် နိန့်မ ရှောင်ညမလွဲကြိုး စားလိုက်ကတ်စွာ ၁၁နှစ်ကြာခါမှရာ သားချေတစ်ယောက် မွီးလာရေ။ ရတောင့်ရခဲသား ရွှေခဲကို မျက်စိအောက်ကကို အပျောက်မခံနိုင်ကတ်။ 

သားချေအသက်၂နှစ့်ပြည့်ခါစ တရက်မှာ လင်သယ်ရုံးလားဖို့အိတ်ဆွဲဗနာ အိမ်အောက်ထပ်ကိုဆင်းလာရေ။ အမိသယ် သောက် နိန်ကျ အဆစ်အမြစ်ကိုက်ပျောက် ဆီးရည်ပလင်း ပွင့်နိန်စွာကို တွိလိုက်တေ။ ရုံးချိန် နောက်ကျနိန်လို့ နောက်ဖေး ထမင်းချက်ခန်းက အမိသယ်ကိုလှမ်းဗနာ"အေမှာ အမိသယ်ဆီးပလင်း ပွင့်နိန် ရေဂါး၊ တချက်လာသိမ်းလိုက်ပလင်။" ဆိုပနာ လှမ်းအော်လိုက်တေ။

သမိုင်းသိမှဇာတိသိဖို့

အမြင်မဖို့                         လူတစ်ချို့က---။
လင်းနို့ချီးစိုနံ
သမိုင်းဟောင်းအကျန်ကို
ပြန်လှန်ဇာအတွက်
ယက်ဖော်နီကတ်လေ---။
ဆိုလတ်ပါရေ---။

မယက်ကေ၊ ယက်ရဖို့
ကိုယ့်ဖက်မသိ
သူ့ဖက်မမြင်
ဘ၀င်တစ်တောင်လောက်
ခုန်မမြောက်တေအသိနန့်
မဟိကေလဲ ဟိကွန်ဆောင်
စကြာဝဠာမောင်ရို့---။

ရခိုင်ရာဇ၀င်ယဉ်ကျေးမှုသမိုင်း နှင့် သုတေသီတို့၏အတွေးအမြင်

ရခိုင်ရာဇ၀င်ယဉ်ကျေးမှုသမိုင်း နှင့်
သုတေသီတို့၏အတွေးအမြင်
pdf file ( 9 Mb)

မြောက်ဦးဆရာတော်၏ သက်တော်(၅၀)ပြည့် အထိမ်းအမှတ်စာစောင်

မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏
သက်တော်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်စာစောင်
pdf file ( 11.36 MB)

စကားလုံး

တခါက ပညာရှိတစ်ယောက် ရွာချေတစ်ရွာနားကဖြတ်လားရေမှာ ရွာသူတစ်ယောက် အနားကိုလိုက်လာပြီး ပနာ သူ့အချေတစ်ယောက် နိန်မကောင်းလို့ တစ်ခေါက်လိုက်ကြည့်ပီးဖို့ အကူအညီတောင်းဘာရေ။
ပညာရှိ လည်း ရွာထဲကိုလိုက်ဗနာ အချေကို ဂါထာမန်းတရားတိ ရွတ်ဖတ်ဗနာ ရီမန်းနန့် ပက်ပီးဘာရေ။

ယင်းချိန်မှာ လူတိဝိုင်းအုံလာကတ်ပြီးကေလူအုပ်ထဲက လူတစ်ယောက်က"ဆီးတလုံးမတိုက်ဘဲနန့်ယင်းပိုင်ဂါ ထာတိမန်း မှုတ်စွာ လောက်နန့်ပင် ယင်းအချေဇာပိုင်နိန်ကောင်းလားဖို့လဲ။ လုံးဝမဖြစ်နိုင်စွာကို လုပ်နိန်ရေ။" လို့အော် ပြောလာဘာရေ။

ရခိုင်သံစဉ်နှင့် အသံကူးပြောင်းပုံ

ရခိုင်ရိုးမ အနောက်ဘက် ကမ်းခြေသည် ပင်လယ်လှိုင်းသံ၊ တော တောင်ရိုးမှ ပဲ့တင် ရိုက်ခတ်သံ၊ မိုးရေချိန်
လက်မနှစ်ရာ ရွာသွန်းသော ရာသီဥတု၊ နှစ်စဉ်မိုးရာသီနှင့် မိုးနှောင်း ရာသီတို့တွင် အနိမ့်ဆုံး လေတိုက်နှုန်း မိုင်ခြောက်ဆယ်စသော ပထ၀ီအနေအထား ရာသီဥ တုများတည်ဟိပါရေ။

ဤဒေသတွင် နီထိုင်ကြသော လူမျိုးယ ဘာသာစကားတည်မှီရာ မူလအသံသည်လည်း ယင်းလူမျိုးရို့ နီထိုင် ရာ ရီ ၊မြီ၊ တော၊တောင်၊ ပတ်ဝန်းကျင်ရို့ကပင် ထောက်ကူလိမ့်မည်ဟု ယူသော်ရကောင်းပါယင့်။

အထူးအလုပ်ပေးတရားစခန်း - ၀န၀ါသီ အရှင်ဝါယာမိန္ဒ

ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယက
မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ရေးသားသော
အထူးအလုပ်ပေးတရားစခန်း pdf file (751 KB)

သမိုင်းရေးမှန်ပါစေ - ၀န၀ါသီ အရှင်ဝါယာမိန္ဒ

ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယက
မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ရေးသားသော
သမိုင်းရေးမှန်ပါစေ pdf file (802 KB)