လင်မယားနှစ်ယောက် အချေ လိုချင်အားကြီးလို့ လက်ထပ်တေနိန့်ကဗင် အခြေအနေပီးကေ ပီးရေပိုင် နိန့်မ ရှောင်ညမလွဲကြိုး စားလိုက်ကတ်စွာ ၁၁နှစ်ကြာခါမှရာ သားချေတစ်ယောက် မွီးလာရေ။ ရတောင့်ရခဲသား ရွှေခဲကို မျက်စိအောက်ကကို အပျောက်မခံနိုင်ကတ်။
သားချေအသက်၂နှစ့်ပြည့်ခါစ တရက်မှာ လင်သယ်ရုံးလားဖို့အိတ်ဆွဲဗနာ အိမ်အောက်ထပ်ကိုဆင်းလာရေ။ အမိသယ် သောက် နိန်ကျ အဆစ်အမြစ်ကိုက်ပျောက် ဆီးရည်ပလင်း ပွင့်နိန်စွာကို တွိလိုက်တေ။ ရုံးချိန် နောက်ကျနိန်လို့ နောက်ဖေး ထမင်းချက်ခန်းက အမိသယ်ကိုလှမ်းဗနာ"အေမှာ အမိသယ်ဆီးပလင်း ပွင့်နိန် ရေဂါး၊ တချက်လာသိမ်းလိုက်ပလင်။" ဆိုပနာ လှမ်းအော်လိုက်တေ။
"ဟုတ်ပါယင့် အဖသယ်၊ အေငါးတစ်ကောင်ကျော်ဗြီးကေ လာသိမ်းလိုက်ပါမေ။" လို့အမိသယ်က ပြန်ပြော လိုက်တေ။
အမိသယ် ငါးတကောင်ကျော်ဗြီးလို့ အိမ်ရှေ့ကိုထွက်လာရေမှာ ဆီးရည်တိအားလုံးကို သားချေ သောက်ပ လိုက်ဗျာယ်။ သားချေကို ချက်ချင်းရွက်ဗနာ အမိသယ်ဆေးရုံကိုဗြီးရေ။ လမ်းတ၀က်မှာ သားချေ ဂုတ်ကျိုးကျ လားရေ။ ဆေးရုံရောက်တေခါ အချေမှာ အသက်မရှိဗျာယ်။
အမိသယ်မှာ အရူးတပိုင်းပိုင် ဖြစ်ဗနာ ဟိုလူကို အကူအညီတောင်းလိုက်၊ ဒေလူကို အကူအညီတောင်းလိုက် နန့်။ အဖသယ် ယလောက် ပြောခစွာကို ချက်ချင်းထမလုပ်လိုက်လို့ အေပိုင်ဖြစ်ရစွာ။ အဖသယ်လာကေ ဇာပိုင် မျက်နှာပြရဖို့သိမ့်လဲ။ သားသီ လို့ပူရစွာကတမျိုး၊ လယ်သယ် ဝေးပခဖို့စွာကို စိုးရိမ်နိန်ရစွာက တစ်မျိုး နန့် စိတ်က မူမမှန်ချင်ဖြစ်နိန်ဗျာယ်။
သားသတင်းကိုကြားစွာနန့် အဖသယ်ရုံးက ချက်ချင်းဗြီးလိုက်လာရေ။ ယူကျုံးမရဖြစ်နိန်ရေ မယားသယ်ကို မြင်ရေခါ အနားကို ဗြီး ကပ်လားခရေ။ အဗြီးကေ မယားသယ်တကိုယ်လုံးကို ဆွဲဗနာ"အမိသယ်၊ မင်းကို ကိုယ် ခွင့်လွှတ်ပါရေ။ ကိုယ်ပလင်းကို မသိမ်းခလို့ အေပိုင်ဖြစ်ရစွာဘာ။" လို့အက်ကွဲထွက်လာရေ အသံနန့် ပြော လိုက်တေ။ အဗြီးကေ မယားသယ်ကို ရင်ခွင်ထဲကို ဆွဲသွင်းဗနာ ဖက်ထားလိုက်တေ။
မမျှော်လင့်ရေ လင်သယ်စကားကိုကြားလိုက်ရရေခါ မယားသယ်စိတ်ငြိမ်လားရေ။
အချေလည်း သီလခဗျာယ်။ ပြန်လည်းအသက်မရှင်နိုင်ဗျာယ်။ ဇာဖြစ်လို့က မယားသယ်ကို ထပ်အပြစ်တင်ရ ဖို့သိမ့်လဲ။ အမှန် က သူကိုယ်တိုင်အချိန် ၁ မိနစ်လောက်ပီးဗနာ ဆီးပလင်းကို အမြင့်တနိန်ရာမှာ တင်ပခ ကေ ဒေပိုင်အဖြစ်မျိုး ကြုံလာစရာ အကြောင်းမရှိ။ မယားသယ်ကိုယ်တိုင် သားတယောက်လုံးကို ဆုံးရှုံးထား ရဗျာယ်။ ဇာဖြစ်လို့ငါ့စကားကို နားမထောင်လဲလို့ အပြစ်တင်နိန်လို့ ဇာထူးလာဖို့သိမ့်လဲ။ ဒေအချိန် မှာ ယင်းသူ့ အတွက် အလိုအပ်ဆုံးက လင်သယ်ဘားက ဂရုဏါစကားနန့် ခွင့် လွှတ်နားလည် တတ်မှု။ ဒေဟင့် တိကို လည်း လင်သယ်က အလွယ်တကူဗင် ပီးနိုင်ယင့်သားနန့် ဇာဖြစ်လို့ မျက်ကွယ်ပြုနိန် ရ ဖို့သိမ့်လဲ။
ဘ၀သင်ခန်းစာ။ ။တခါတလီမှာ အလုပ်မှာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ကျွန်တော်ရို့ရေ အသူလုပ်စွာ လေ၊ အသူတာဝန်ယူထားစွာလေ၊ အသူနန့်ဆိုင်လေ ဆိုပနာ အပျက်ကြုံတိုင်း အပြစ်တင်ရဖို့ လူကိုဇီ မရအရရှာတတ်ဂတ်ဘာရေ။ ကိုယ်နန့်လည်းသက်ဆိုင်၊ ပတ်သတ်နိန်စွာကို လုံးဝသတိမရတတ် ကတ်ဘာ။
အများအကျိုးအတွက် လုပ်ခလစာမယူဘဲ၊ လုပ်ဖို့လူ မရှိလို့ အရည်အချင်းမပြည့်မှီဘဲ ကြိုးစားလုပ် ကိုင်နိန် ရရေ လူတိအမှား ကို ပိုဗြီး ကေတောင် အပြစ်တင်ရှုတ်ချတတ်ကတ်ပါရေ။ ယင်းလူန့် ဒန်းတူကိုယ့်မှာလည်း တာဝန်ရှိရေဆိုစွာကို သတိပြုသင့်ဘာရေ။ ယင်းပိုင် အပြစ်တင်လိုက်လို့ ပျက်စီးလားစွာကို ပြန်ရမလာရေ အပြင် တယောက်ကိုတယောက် ရိုသေလေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှု၊ အပြန်အလှန်ကူညီမှု အစရှိရေ နွီး ထွီးရေ စိတ်ဓါတ်တိကိုရာ ပျက်ပြယ်လားဇီပါရေ။ အကောင်းဆုံးက ဖြစ်ပျက်လခစွာကို အပြစ်တင်နိန်ဖို့ အစား ဇာပိုင်အစားထိုးပြန်ပြင်ရဖို့လဲဆိုစွာကိုရာ အပြုသဘောနန့် စဉ်းစားသင့်ဘာရေ။
အပြစ်ရှိလို့ နာကြင်နိန်ရေ လူကို ပိုနာကြင်အောင် ဇာဖြစ်လို့ စကား ကိန်းဂဏါန်းတိနန့် ထပ်မြှောက်နိန်ဘာ ဖို့သိမ့်လဲ။ လူသားအားလုံးကရာ အပြစ်ရှိလို့ နာကြင်နိန်ရေ လူတိကို ဖေးကူပီးတတ်ကတ်ဖို့ဆိုကေ ဒေကမ္ဘာ ကြီးမှာ အကြမ်းဖက်မှု ဆိုစွာရှီဖို့မဟုတ်ပါ။ ကကောင်းအီးချမ်းလားဘာဖို့။
ကိုင်း... အေနိန့်ကစဗနာ ကိုယ့်ကိုယ်မှာ ကပ်တွယ်နိန်ရေ မာနတရားတိ၊ မနာလိုစိတ်တိ၊ တဖက်သတ်အမြင် တိ၊ အမုန်း တရားတိ၊ အတ္တတရားတိ၊ အကြောက်တရားတိကို ခွာချလိုက်ဗြီးကေ အရာရာကို လက်တွိကျရေ အပြုသဘောဖက်ကရာ ကြည့်ကတ်ပါမေ။ ယင်းပိုင်ဆိုကေ ကိုယ့်ရှေ့မှာ ပိတ်ဆို့နိန်ရေ အတားအဆီးတိစွာ ထင်သလောက်ဖြတ်ကျော်ဖို့ မချက်ဆို စွာကို တွိလာရဘာလိမ့်မယ် သူငယ်ချင်းရို့။
KWKhaing(AMP)
No comments:
Post a Comment