မြွှေကဖားကိုဘာကြောင့်ဖမ်းမျိုရသနည်း

ဟေမ၀န္တာတော၌ ကျက်စားနေကြသောတိရစ္ဆာန်များသည် တစ်နေ့တွင်စုရုံးတိုင်ပင်မှုတစ်ခုကို ပြုခဲ့ကြ လေ ၏။ 

“ငါတို့သည် အစာအာဟာရစားရသည်မှာ ကာလကြာခဲ့လေပြီ၊မြိန်ရေရှက်ရေဟူ၍ မတွေ့ရှိရချေ။အကြောင်း ဘယ်သို့နည်း။ စုံစမ်းသင့်ကြသည်။” ဟုပြောဆိုမှုဖြစ်ခဲ့ကြလေ၏။

ထိုအခါ သားငါးတိရစ္ဆာန်တို့ အုပ်စုက အကြံပြုခဲ့ကြ၏။ 
“မှက်ကောင်သည် အသွေးအသားကိုစုပ်ယူစားသောက်လေ့ရှိတတ်သည်။ သူကသာလျှင် အစာရေစာ အ သား အသွေးဟူသမျှကို မြည်းစမ်း သိရှိနူင်ပေသည်။ ထို့ကြောင့် သွေးစုပ် မှက်ကောင်ကိုပင် စုံစမ်းမှုပြုရန် စေခိုင်းသင့်သည်” ဟုတင်ပြပြောဆိုကြလေ၏။

၎င်းတို့၏ပြောဆိုချက်အတိုင်း သဘောတူကြလျက်မှက်ကောင်ကို ရွေးချယ်လိုက်ကြလေ၏။မကြာမီ မှက် ကောင်လည်း ဟေမ၀န္တာတောမှ ပျံသန်းထွက်ခွာလျက်၊ စုံစမ်းမှုပြုခဲ့လေ၏။ ခရီးအကြားတွင် မြစ်တစ်ခု ကိုတွေ့လေသော် ကူးတို့သည်ကို ရှာဖွေလေ၏။

ထိုမြစ်ကိုကူးမြောက်လိုသူများကို ကဏန်းမက ပို့ဆောင်ပေးလျက်ရျိလေ၏။ ထို့ကြောင့်မှက်ကောင်လည်း ကဏါန်းမ၏လက်မ၌တက်စီး၍ ကူးခတ်လိုက်ပါသွားခဲ့လေ၏။ မြစ်လယ်ကြောအရောက်တွင် ကဏန်းမက သတင်းစကား မေးမြန်းလေတော့၏။

ထိုအခါ မှက်က...“ငါသည် မည်သူ့အသွေားအသားက အရသာရှိသနည်း” ဟုစုံစမ်းရန်သွားခြင်းဖြစ်၏။ “သင် သိပါကလဲ ငါ့အား ပြောကြားအသိပေးစေလို၏” ဟုမေးမြန်းစကားဆိုခဲ့လေ၏။

“ကျွန်မကားမသိပါ၊ အသင်မှက် အပြန်တွင်ငါ့အားလဲပြောကြား အသိပေးခဲ့ပါ” ဟုတောင်းပန်းလိုက်လေ၏။
မှက်သည် ကဏန်းမကို ၀န်ခံပြောဆိုပြီးနောက် ခရီးဆက်လာခဲ့လေ၏။ရောက်ရာ အရပ်ဒေသတိုင်း၌ မှက် သည် စုံစမ်းမှုပြုလုပ်ခဲ့လေ၏။၎င်း၏လေ့လာစုံစမ်းချက်အရ ပုထုဇဉ်လူသား၏ အသွေးအသားသည် အရ သာအရှိဆုံးကို တွေ့ရလေ၏။ 

ယင်းသို့တွေ့ရှိသိရပြီးဖြစ်သဖြင့် ပြန်လာသော် ကဏန်းမနှင့် ကတိအတိုင်းတွေ့ဆုံကြလေ၏။ကဏန်းမလည်း ၀မ်းသာအားရကြိုဆိုကာမြစ်ကိုပို့ဆောင်ပေးလေ၏။ ရေလယ်ကြောအရောက်တွင်ကဏန်းမက သိလိုသဖြင့် မေးမြန်းလေ၏။ “အသင် စုံစမ်းမှုကို သိရှိခဲ့ရ၏လော၊အဘယ်သူ၏အသွေးအသားကချိုဆိမ့်ပေသနည်း” ဟုစ ကားဆိုလေ၏။ ကတိအတိုင်း မှက်လည်းမပြောသေးဘဲ...“ဟိုဘက်ကမ်းရောက်မှပြောပါမည်”ဟုစကားကပ် ထားလေ၏။

ထိုအခါ ကဏန်းမက မှက်ကို မယုံမကြည်ဖြစ်လာရလေ၏။“ဤမှက်သည်ဟကန္တ ငါ့ကိုလိမ်လည်ချေရာသည် ”ဟုနာကြည်းခဲ့လေ၏။ထို့ကြောင့် စိတ်ဆိုးမာန်ပါဖြစ်ကာ မှက်ကိုလက်မဖြင့်ညှပ်ပစ်လိုက်လေ၏။

မှက်သည် များစွာနာကျင်ရာကား “မက်” ဟူ၍ အသံမြည်ထွက်ခဲ့လေ၏ ထို့နောက်ရုန်းကန်လှုပ်ရှားလျက် ထွက်ပြေးလွတ်မြောက်ပျံသွားခဲ့လေ၏။ သို့သော် ကဏန်းမ၏ညှပ်မိခံရသော ဒဏ်ချက်ကိုကား ခံစားခဲ့ရပေ ၏။ သေဘေးမှလွတ်လာသော မှက်လည်း ဝေဒနာပြင်းစွာခံစားကာ ဟေမ၀န္တာတောသို့ပြန်လာခဲ့လေ၏။

ဟေမ၀န္တာတောသို့အရောက်တွင် မြွေကြီးတစ်ကောင်နှင့် စတင်တွေ့လေ၏။ မြွေကြီးက မှက်ကိုသတင်း စကား သိလို၍ဆီးကြိုနှုတ်ဆက်လေ၏။ မြွေကြီးက သိလိုသမျှကို မှက်အားမေးမြန်းလေရာ စကားမပြန်ဘဲ“ မက်...မက်” ဟူ၍သာအသံပြုလျက်နေလေ၏။

မြွေကြီးလည်းနောက်ထပ်တစ်ကြိမ်မေးမြန်းလေ၏။ မေးတိုင်းကိုမှက်ကောင်လည်း “မက်...မက်”ဟုပင်မြည် သံပြုနေတော့၏။ ထိုအခါ မြွေကြီးက မှက်၏ မြည်သံကို သိလိုသဖြင့် ကြံစည်စဉ်းစားမှုဖြစ်ခဲ့ရလေ၏။

“ဤ မက်ဟူသောအသံသည်ဖားပင်ဖြစ်ချေရာသည်”ဟုမြွေကြီးက သဘောရလေ၏။ထို့ကြောင့်မြွေကြီးသည် ဖားကို အရသာအကောင်းဆုံးသတ္တ၀ါဖြစ်သည်ဟ သတ်မှတ်လာခဲ့ရလေ၏။ ထိုအခါမှစ၍ မြွေများသည် မြိနှ်ယှက်သော အာဟာရဖြစ်မှုအတွက် ဖားကိုလိုက်လံ၍ သတ်ဖြတ်စားမျိုခြင်း ပြုလာခဲ့ရလေသည်။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment