စာရေးဆရာဖိုးကျော့သည်ဆင်နှင့်ပတ်သက်လျှင် ပါရဂူတစ်ဆူဟုဆိုနိုင်ပါသည်။ ဆရာဖိုးကျော့ကို(၁၃၀၂) ခုနှစ်၊၀ါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)တွင်အဖသမားတော်ကြီးဦးဘောက်ဖြူ၊အမိဒေါ်ချက် ကောင်း မ တို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ချောင်းဝကျေးရွာ၌ မွေးဖွားခဲ့ သည်။ မွေး ချင်း ကိုးယောက် အနက် မှ တတိယမြောက်ဖြစ်ပြီး အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။
ဆရာဖိုးကျော့သည်(၁၉၆၅)ခုနှစ်၊အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ "ဆင်မာန်နှင့်ငှက်ဥာဏ်"၀တ္ထုတို ဖြင့် စာပေနယ်သို့စတင်ဝင်ရောက်ခဲ့သည်။(၁၉၆၈)ခုနှစ်တွင် “ဆင်လိုက်ခြင်း”၀တ္ထုတိုကိုကျောင်းသုံး အဖြစ် ပြဌာန်းခြင်းခံရသည်။(၁၉၇၂)ခုနှစ်တွင် “အောင်ပွဲသို့ချီရာဝယ်”၀တ္ထုတိုပေါင်းချုပ်ဖြင့်အမျိုးသား စာ ပေဆုကို ရရှိခဲ့သည်။
ဖိုးကျော့၏ အမျိုးသားစာပေးဆုရစာအုပ်တွင် ဆင်နှင့်ပတ်သက်သော အကြောင်း အရာများကို ရှုထောင့် အ မျိုးမျိုးမှ စုံစုံစေ့စေ့ ရေးဖွဲ့ထားသော ၀တ္ထုလေးပုဒ်ပါဝင်သည်။ ရှေးခေတ် ဆင်ဖမ်း နည်းနှင့် ကျုံးသွင်း နည်း၊ ဆင်ထီး၊ ဆင်မနှင့် ဆင်ပေါက်စသော ဆင်တို့၏သဘာဝ၊ဆင်ဦးစီးများ၏ စွန့်စား ရ သောဘ၀၊ ဆင်မ ယဉ် သာနှင့်ဆင်ဦးစီးတို့အချင်းချင်း ပညာစမ်းပုံနှင့် ကျုံးသွင်း၍ ဖမ်းမိထားသော ဆင် များ အုပ်စုဖွဲ့ပြီး အချင်းချင်း အကြမ်းဖက်၍ တိုက်ခိုက်ကြပုံအကြောင်းဇာတ်လမ်းဆင်၍ ရေးသားခဲ့သည်။
ဆရာဖိုးကျော့၏ ၀တ္ထုတိုတချို့ကိုဂျပန်နှင့်ဗီယက်နမ်နိုင်ငံတို့တွင်ဘာသာပြန်၍ထုတ်ဝေခဲ့သည်။ ဆရာသည် စာပေဗိမာန်ပြိုင်ပွဲများ၍ ၁၉၉၀၊၁၉၉၂၊၁၉၉၃၊၁၉၉၆ ခုနှစ်များ၌ဆုလေးကြိမ်ရရှိခဲ့ပြီး၁၉၉၉ ခုနှစ်တွင် “ရာဇ ဌာဏီ”၀တ္ထုရှည်ဖြင့် စာပေဗိမာန်ဝတ္ထုရှည်တတိယဆုကို ထပ်မံရရှိခဲ့သည်။ ဆရာ၏စာပေအပေါ်ချစ်မြတ်နိုး စိတ်ကား အံ့သြဖွယ်ဖြစ်သည်။
စာရေးဆရာ“ဖိုးကျော့”ဟူသောကလောင်အမည်သည် မြန်မာစာပေနယ်ပယ်အသီးသီးတွင် ယနေ့တိုင် မား မားမတ်မတ် စွင့်စွင့်ကားကား ပွင့်လန်းဆဲပင်ဖြစ်သည်။ ရသစာပေကို ပီပြင်အောင်ဖွဲ့ဆိုနိုင်သော ဆရာ ဖိုးကျော့၏ စာပေများက ယနေ့ခေတ်စာပေမြတ်နိုးသူ စာပေသမားများ အတွက်စံနမူနာယူထိုက်ပေသည်။
ရခိုင်စာဆို ဆရာဖိုးကျော့သည် ယနေ့တိုင်စာပေဖြင့် အသက်မွေးဆဲပင်ဖြစ်သည်။
မောင်မောင်ထွန်းအောင်(ကျန်းမာရေး)
ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။
No comments:
Post a Comment