ခေတ္တရန်ကုန်ရောက် ရခိုင်အဘိုးရှင်တစ်ဦးအနေဖြင့်နှစ်နှစ်ကျော် အရွယ်ရှိမြေးဦး ကလေး ၏စကားကိုကြား ရသည်မှာနားဝင်ပီယံရှိလှပါသည်။ နားဝင်ချိုရုံသာ မက ဦးနှောက်ကွန်ပျူတာထဲက နျူထရွန်ဝါယာများကို လှုပ် ရှားနိုးကြွစေပါသည်။
“ဇာ...ငါ့မြီးသျှေ ပြောနီစွာဇာလေခု”
ရီးလေ့မဟုတ်၊ရေ(ယေ)လေ့မဟုတ်၊ ပီးလေ့မဟုတ်၊ပေးလေ့မဟုတ်ပါကာရာဇာကုမာရ်၏ညီမသျှေလာ ချင့်”ကျွန်တော်သည် သမိုင်းသုတေသီတစ်ဦးမဟုတ်ပါ။ ဘာသာဗေဒပညာရှင်လည်းမဟုတ်ပါ။ သာမန်စာရေးဆ ရာ တစ်ဦးသာဖြစ်ပါသည်။
ရာဇကုမာရ်သည် ဘုရင့်သားတော်တစ်ပါးပါ။ ကျန်စစ်သားဘုရင်မင်းမြတ်နှင့်အပယ်မိဖုရား သမ္ဘူလတို့မှ ဖွား မြင် သောသားတော်ရာဇကုမာရ်ကို ကျွန်တော့်စိတ်ထဲတွင်ပုဂံပြည်ရောက်၊ပုဂံပြည်ဖွား ရခိုင် အမျိုးသား တစ် ဦးဟု သဘောထားမိပါသည်။
ကျွန်တော့်မျက်စိအာရုံမှာ လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က“အာရက္ခဒေသ”၏ ပုံရိပ်ကလေးများ ထင် လာပါ သည်။ ကုလားတန်မြစ်ကမ်းခြေ ဝေသာလီ တစ်ဝိုက်တစ်ဝန်း၌ စိုးစုံအုပ်ချုပ်မင်းလုပ်နေသော ဝေသာ လီဘုရင် များကလည်း “အာရက္ခဒေသ”တစ်ဝန်းလုံးကို မလွှမ်းခြုံမအုပ်ချုပ်နိုင်။လေးမြို့မြစ်ကမ်းပဉ်ဇာ နန်း တော်အ သိုက်အမြုံထဲက ရှင်ဘုရင်ဆိုသူများကလည်း “အာရက္ခဒေသ” တစ်ဝန်းလုံးကို မခြုံငုံမစိုးမိုး နိုင်၊ ယင်းအချိန်၊ ယင်းကာလမှာ ရခိုင်ဒေသ၏အစွန် အမ်းနယ်မြေနှင့် ရေပြင်ညီတိုင်း မိုင်(၃၀)မျှမကွာဝေး သည့် နေရာ၌ မင်းဘူး ခြောက်ခရိုင်၊ယင်းမှကျော်၍ ဧရာဝတီမြစ်ကိုဖြတ်ကူးလျှင် ကျောက်ဆည်တစ်ဆယ့် တစ် ခရိုင်၊ ယင်းတို့၏အထက်၌ ပေါက္ကံရာမ ပုဂံပြည်၊ဤဒေသဤနေရာ၌ အေးချမ်းသာယာနေပါသည်။ မတည် ငြိမ် မအေး ချမ်းရာ“အာရက္ခဒေသ”နေသူတို့ ရေကြည်ရာမြက်နုရာသို့ တစ်စတစ်စပြောင်းရွှေ့ နေ ထိုင်ကြ မည်မှာ သဘာဝပါ။ ဤသို့ ပြောင်းရွှေ့နေထိုင်ကြသူများထဲတွင် ရာဇာကုမာရ်၏ အဖ၊အဘိုး၊ အဖီး တို့လည်း ပါကောင်းပါရှိလေမည်လား။
ဤသို့ဆို၍ မြန်မာမှရခိုင်သို့ဆင်းသက်သည်ဟူသည့် အယူကိုကိုင်စွဲထားသူတို့က ရာရာစစ ပြောမှ ပြော ရက်ပလေဟုမသရော်စေလိုပါ။ယနေ့ကမ္ဘာ့အင်အားကြီးအမေရိကန်လူမျိုးသည် ဗြိတိသျှအင်္ဂလိပ်တို့မှ ပေါက် ဖွားဆင်းသက်လာခြင်းဖြစ်သည်။ယနေ့ကာလတွင် အဖထက်သားတစ်လကြီးဆိုသလို ဗြိတိန်ထက် အမေရိ ကန်က တွင်ကျယ်နေသည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။
ကျွန်တော့်အနေဖြင့် ရာဇကုမာရ်၏နေရာသို့ဝင်၍ကိုယ်ချင်းစာနာစဉ်းစားကြည့်မိပါသည်။ ရာဇကုမာရ် သည် ဘုရင်ဖြစ်လာသူတစ်ဦး၏ သားတော်အရင်းခေါက်ခေါက်ပါ။ သို့သော်ထီးမွေခံနန်းမွေခံ အိမ်ရှေ့စံ နေရာမ ရခဲ့။အိမ်ရှေ့မင်းသားမဖြစ်ရစေကာမူ မနာလိုဝန်တိုမုန်းထားစိတ်မရှိ၊တိုင်းပြည်နိုင်ငံရေး အတွက် မွန်၊မြန် မာ သွေးပါသူ တူတော်မောင် အလောင်းစည်သူအား ဖခမည်းတော်ကျန်စစ်သားမင်းကြီးက အိမ်ရှေ့ ဥပရာ ဇာ အဖြစ် ခန့်အပ်ပေးနှင်းသည်ကို ကြည်ဖြူခွင့်လွှတ်နိုင်စွမ်းသည်။
ဖခမည်းတော်မင်းကြီး ကွန်လွန်အံ့မူးမူးအချိန်၌ အလုပ်အားဖြင့် တစ်ပိုင်းတစ်စဖော်ကျူးလှစ်ပြခဲ့သည် ထင် ပါသည်။ မိခင်အား ဖခမည်းတော်က ပေးသနားထားရှိသည့် ရွာသုံးရွာကိုလှူ၊ ရွှေဆင်းတုတစ်ဆူသွန်း လုပ် ခဲ့သည်။ ဤသို့လှူဒါန်းပြီး မိမိ၏ကောင်းမှုကိုမှတ်တမ်းရေးထိုးသည့်အခါတွင် ပျူ၊မွန်၊မြန်မာ၊ပါဠိ လေး ဘာ သာဖြင့် ကျောက်စာရေးထိုးခဲ့သည်။ ဤရာဇကုမာရ်၏မြန်မာကျောက်စာသည် မြန်မာစကားကို စာ ထက် အက္ခရာတင်သည့်နေရာ၌ သမိုင်းအထောက်အထားအရ အစောဆုံးဖြစ်နေပါသည်။ ဤကျောက်စာ၌ မိမိ တို့ပြောနေသည့်စကားကို ပြောသည့်လေသံအတိုင်း ရေးထိုးခြင်းပင် ဖြစ်သည်ဟု ယူဆ မိပါသည်။
ဤမြန်မာကျောက်စာ၌ ရေးထိုးထားသည့်မြန်မာစကားမှာ ယနေ့ တိုင်ရခိုင်ဒေသတွင်ပြောဆိုဆဲ စကားအ သုံးအနှုန်းအတိုင်းဖြစ် နေ ပါသည်။ ကျောက်စာမသင်ဖူးသော ရခိုင်တစ်ဦး လွယ်လင့်တကူ ဖတ်ရှုနိုင်သည်။ သို့သော်ရာဇကုမာရ်သည် ရခိုင်ဒေသဖွား ရခိုင် အမျိုးသားတစ်ဦးတော့မဟုတ်ပါ။သူ၏၀န်းကျင်တွင်ပျူများ၊ မွန်များ၊ အများအပြားရောနှောနေထိုင်လျက် ရှိကြပါသည်။ ကျောက်စာသုံး ဘာသာစကားသည် ပျူ သံ၊မွန် သံ ၀ဲသော ရခိုင်စကားသာ ဖြစ် သည်။ တစ်နည်းအားဖြင့် ယနေ့ခေတ်သုံး မြန်မာစကားအသွင် ပြောင်း လဲစ ပြု သော ရခိုင်ဘာသာစကား သို့မဟုတ် ပုဂံခေတ်အစောပိုင်း မြန်မာစကားဟုဆိုရမည် ထင်ပါသည်။ ယင်း ကာ လ ရာဇကုမာရ်တို့ ပုဂံသားများသည် ရသံ ပီပီသသ ပြော၍မရတော့။ ရ၊ ယ၊ လ တို့ရော ထွေးစပြုပြီး ယခု ခေတ်မြန်မာတို့ကဲ့သို့ ရသံ လုံးဝပျောက်ကွယ်သွားသည့် အဆင့်သို့လည်း မရောက် သေး။ခြောက် ရာ အစားခြောက်ဂျာဟူ၍လည်းကောင်း၊ပုရားအစား ပုရှားဟူ၍ လည်းကောင်း ပြု အစား ပ္လုဟူ၍ လည်း ကောင်း ၊ ဖြစ် အစား ဖ္လစ်ဟူ၍ လည်းကောင်း ရေးထိုးထားသည်ကိုတွေ့နိုင်ပါသည်။
ထို့ပြင်ခေတ်ဦးပုဂံသားတို့သည်ယနေ့ရခိုင်တို့ပြောနေသကဲ့သို့ ရီ၊လီ၊မြီ၊သီ တို့ကိုပီပီသသပြော၍ မရ တော့။
ယနေ့မြန်မာတို့ပြောသလို ရေ(ယေ)၊လေ၊မျေ၊ သေ ဟူ၍လည်း ပီပီသသ မပြောတတ်သေး။ရိတ်၊မြိယ် လိယ်၊ သိယ်၊ ပိယ် ဟူ၍(-ီ) မက (ေ-) မကျသေးသော စကားကိုပြောကြားဟန်တူပါသည်။ ကျောက်စာ၌ ဤသို့ ရေး ထိုးခြင်းသည် စာလုံးပေါင်းမမှန်သေး၍ စမ်းသပ်ရေးသားစဖြစ်၍ ဤသို့ရေးသားသည်ဟုမယူဆ ပါ။ သင်ဂြီ၊ ဗြိ စသည့်(-ီ) သရသံပီပီသသကိုလည်းကောင်း၊ အဆုယ်၊ ရှုယ်၊ပါယ် အစရှိသည့် (ေ-) အသံတို့ကို လည်းကောင်း ပီပီရေးထိုးရသည်ကို တွေ့မြင်နိုင်ပါသည်။
ယင်းကြောင့်ရန်ကုန်မြေးဦးကလေး “ရိယ်ပိယ်မေမေ... ရိယ်” ဟုပြောဆိုသည်ကို ကြားရသောအခါ ရာဇကု မာရ်ညီမငယ်သျှေဟု ကျွန်တော်ရေရွတ်မိခြင်းဖြစ်ပါသည်။
“အာရက္ခဒေသ”နေရခိုင်တို့ ရိုးမတောင်ကိုကျော်၍ မြန်မာပြည်မသို့ ရိယ်ကြည်ရာမြက်နု ဟိယ် ရာ ပြောင်း ရွှေ့နေထိုင်ကြသည်မှာ သက္ကရာဇ်တစ်ထောင်ဝန်းကျင် တစ်ဝိုက်၌သာဖြစ်ဟန် မတူပါ။ နှစ် ဆယ် ရာစု တစ် ခု လုံးတွင်လည်း ရိုးမတောင်ကိုကျော်၍ အရှေ့မြန်မာပြည်မသို့ တစ်စ စ ပြောင်းရွှေ့နေ ထိုင် ကြ ပါ သည်။
ဗြိတိသျှလက်အောက် ရခိုင်ဒေသတွင် ရေမကြည်မြက်မနုခဲ့ပါ။ ဗြိတိသျှတို့ နှစ်တစ်ရာကျော်စိုးမိုးခဲ့စဉ်က ရခိုင်ဒေသတွင် မီးရထား၊မော်တော်ကားလမ်းဟူ၍ စိုးစိမျှမရှိခဲ့ပါ။ လက်ညှိုးထိုးပြစရာဟု တောင်ပြို-ဘူး သီး တောင်မီးရထားလမ်းပိုင်းငယ်တစ်ခုနှင့် ဘူးသီးတောင်-မောင်တောကား လမ်းတိုလေးတစ်ခု သာရှိ ခဲ့ပါ သည်။ ဒေသတစ်ခု၏တိုးတက်မှုတွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအရေးကြီးလှပါသည်။
ယင်းကြောင့် လည်း မြန်မာ့လွတ်လပ်ရေးမျိုးစေ့ချပေးခဲ့သူ ရှင်ဥတ္တမ၊ ဆာပေါ်ထွန်း၊ ဆာထွန်း အောင်ကျော်၊ ဦးမေအောင်၊ ဦးလှထွန်းဖြူ(ဂေါတမ) အစရှိသောရခိုင်ပညာတတ်ကြီး များသည် မြန်မာပြည်မ သို့ ပြောင်း ရွှေ့ နေထိုင်ခဲ့ ကြပါသည်။ ယင်းတို့၏နောက်တွင် စီးပွားရေးသမားများ၊ ပ ညာတတ်ငယ်များ စသည့် ရခိုင် လူ လတ် တန်း စားအလွှာတို့သည် မြန်မာပြည်မသို့ အသီးသီး ပြောင်းရွှေ့ထွက်ခွာသွားပါသည်။ ယင်းတို့၏ နောက်တွင် ဆင်းရဲသား/သူများ၊ လက်လုပ်လက် စား များကလည်း ရခိုင်မှာနေ၍ ဆင်းရဲလျှင်လူမြင်သည်။ ရန်ကုန်မှာ ဆင်းရဲသည်ကိုလူမသိဟူသော မူ ဖြင့် တစ်စ စ ပြောင်းရွှေ့ သွားကြ ပါသည်။ မြန်မာပြည်တွင် အလုပ်ရ လိုရငြား၊ တိုးတက်ရာ တိုး တက်ကြောင်း ရှေးရှု ထွက် ခွာသွားသူတို့ ဒုနှင့်ဒေးပါ။
ယနေ့ ရခိုင်ဒေသတွင် တစ်ဆယ့်ငါးသိန်းသော ရခိုင်အမျိုးသားတို့ နေထိုင်လျက်ရှိကြပါမည်ထင်ပါသည်။ ယ နေ့ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေရှိ လမ်းကြီးလမ်းငယ်အသွယ်သွယ်မှ အိမ်များကို စာရင်းကောက်ယူ ကြည့်ပါ။ ငါးဆယ်ရာခိုင်နှုန်းသော အိမ်တို့မှ မူလပိုင်ရှင်များမှာ မြန်မာပြည်မသို့ ပြောင်းရွှေ့သွား ကြ ပြီ ဖြစ် ကြောင်း တွေ့ရပါမည်။ ကျန်ငါးဆယ်ရာခိုင်နှုန်းသောနေအိမ်တို့မှ မိသားစုအချို့အ၀က် သည် လည်း ပြောင်း ရွှေ့ထွက်ခွာသွားပြီဖြစ်ကြောင်းတွေ့ကြရပါလိမ့်မည်။ စစ်တွေတစ်မြို့တည်းသာမက ကျန်မြို့ များ အားလုံး လည်း ထို့အတူပင်ဖြစ်ပါသည်။
“ရိုးတောင်ခြီကိုပြန်လာ
ရိုးတောင်ခြီမှာပြန်ဆုံ
အနာဂတ်ကိုရောင်စုံအလှချယ်ကတ်မေ” ဟုကဗျာရေး၍ ဖိတ်ခေါ်ဖူးသော ကျွန်တော်၏မိသားစုဝင် အချို့ သည်ပင် မြို့တော်ရန်ကုန်၌ အခြေချပြီးနေကြပါပြီ။
ယနေ့ “အာရက္ခဒေသ” ရခိုင်ပြည်နယ်တွင်
ရေပြန်၍ကြည်စပြုနေပါပြီ။
မြက်ပြန်၍ နုစပြုနေပါပြီ။
သားမွေးမြက်နု စိမ်းရည်စုပါပြီ။
ကားလမ်းမကြီးသုံးသွယ်မှတစ်ဆင့် ရခိုင်နှင့် မြေပြန့်ဒေသကို ဥဒဟိုဆက်သွယ်နိုင်ပါပြီ။ ပြည်နယ်တွင်းရှိ မြို့နယ်အားလုံးလိုလို တစ်နေရာမှ တစ်နေရာ ကုန်းလမ်းခရီး ပေါက်ရောက်နေပါပြီ။ ဖောက်လုပ်ဆဲ အမ်း- ကျောက်ဖြူ-တောင်ကုတ် ကားလမ်းကြီးသာ ပြီးစီးပါက ရခိုင်ဒေသတစ်ခုလုံးသည် တစ်ဆက် တစ် စပ်တည်း ဖြစ်တော့မည်။
နိုင်ငံခြားနှင့် ကုန်သွယ်ရေးအတွက်လည်း ရခိုင်မှ တရုတ်ပြည်၊ရခိုင်မှ ဘင်္ဂလားဒေရှ့် သို့ ပေါက်ရောက်နေ ပြီ ဖြစ်သည်။ ရခိုင်-အိန္ဒိယကားလမ်းမကြီးမှာလည်း လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း ပြီးစီးတော့မည်။
ပင်လယ်ရေကြောင်းဖြင့် ပြည်နယ်မြို့တော် စစ်တွေကိုနိုင်ငံခြားနှင့်ကုန်ကူးသန်းဆက်သွယ်နိုင်သည့် ဆိပ် ကမ်း မြို့တစ်ခုအဖြစ် သတ်မှတ်ထားပါပြီ။
နောင်လာမည့်နှစ်အစိတ်ခန့်တွင် ကမ္ဘာသည် “ဇီဝစီးပွားခေတ်”သို့ရောက်ရှိမည်ဟု ခန့်မှန်းကြပါသည်။ ယင်း အချိန်တွင် သန်းတစ်သောင်းမျှသော ကမ္ဘာ့လူဦးရေအတွက် စားနပ်ရိက္ခာသည် အဓိကအရေးပါ လာ မည်။
ရခိုင်ကမ်းရိုးတန်းသည် မိုင်(၃၀၀) ရှည်လျားပါသည်။ စီးပွားရေးဇုန်နယ် ရေပြင်ပိုင်နက်မှာ ဧရိယာ စတု ရန်း မိုင် (၆၀၀၀၀)ရှိမည်။ ဤမျှကျယ်ပြန့်သော ရေပြင်၌ နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်း သ င်္ဘောတစ်စီးမျှ မရှိ သေးပါ။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရေငံစပ်ဒေသ(Brackish Water) ငါး/ပုစွန်မွေးကန်တစ် သိန်းကျော် ရှိ သည့် အ နက် ရခိုင်ဒေသတွင် ဧက (၆၀၀၀၀)ကျော်ရှိပါသည်။ အိမ်နီးချင်းနိုင်ငံတို့၌ တစ်နှစ်လျှင် တစ်ဧကမှ ပုစွန် ကျား (Tiger Prawn) ပိဿာ(၄၀၀)ကျော်ထွက်ရှိသည်ဟု သိရသည်။ ရခိုင်ဒေသ၌ တစ်ဧကပျမ်းမျှ ငါးပိ ဿာပင် မထွက်နိုင်သေးပါ။ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို စောင့်မျှော်နေ ပါသည်။
ဓည၀တီတွင်သော ရခိုင်ဒေသတွင် လယ်မြေဧကပေါင်းများစွာရှိပါသည်။ မိုးတွင်းကာလ တစ်သီး မျှသာစပါး စိုက်ပျိုးကြသည်။ စိုက်ပျိုးသော စပါးများမှာလည်း အရည်အသွေးနှင့် ထွက်နှုန်း တိုး မြှင့်ပေး ရန်လို အပ် နေ ပါ သေးသည်။ ဤလယ်မြေများ၌ တစ်ဆောင်း တစ်နွေကာလသည် အလဟ ဿဖြစ်နေပါသည်။ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ဂျပန်သခွား၊ ထိုင်ဝမ်းဖရဲ စသည်တို့ကို စိုက်ပျိုးရန် စောင့် မျှော်နေပါသည်။
လယ်မြေကိုကျော်လျှင် ဧကပေါင်းများစွာသော တောင်ကုန်း၊ တောင်စွယ်၊ တောင်တန်းတို့မှာ လည်း မြန် မာ နိုင်ငံတစ်ဝန်းနှင့် ကမ္ဘာ့အနှံ့ပျံ့နေသော ရခိုင်နွယ်ဖွားတို့အား ရခိုင်ပြည်နယ်သို့ အ တည်တကျ ပြန် လည် ပြောင်းရွှေ့နေထိုင်ကြပါမည်ဟု မပြောဆိုလိုပါ။ GLOBALIZATION သဘောအရ ကမ္ဘာ့ရွာကြီးတွင် မိမိ တို့ ကြိုက်နှစ်သက်ရာ နေရာ၌ မိမိနေထိုင်နိုင်ကြပါသည်။ သို့ သော် မိမိတို့တတ်ကျွမ်းသည့် အတတ် ပညာနှင့် မိမိတို့စုဆောင်းသိုမှီးထားသော အရင်းအနှီး များကို တောရိုင်းမြေ အာရက္ခဒေသ ၌ လာရောက် ရင်းနှီးကြ ပါ ဟု ဖိတ်ခေါ်ချင်ပါသည်။
နှစ်ဆယ့်တစ်ရာစု၏ ဒုတိယဆယ်စုနှစ်အကုန်တွင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက် မ ဖြစ်လာမည်ဟု မျှော်လင့်နိုင်ပါသည်။
ရိယ်ကြိုင်မြက်နု ဟိယ်ရာမှ-
စစ်တွေ-စောနောင်
ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့် မြတ်ပန်းသဇင် မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
ဖတ်လိုတောခါကောင်းရေ....ကိုယ်မွီးခရေနီရာမာတောခါအားလုံးသူနီချင်ဂတ်ဖိှု့ထင်ပါယင်..
ReplyDelete