တစ်ခါတုန်းက အလုပ်ကိစ္စနှင့်တောက လူတစ်ယောက်မြို့ သို့ ရောက်လာသည်။လှေဖြင့်လှော်ခတ်သွား ခဲ့ရ သဖြင့်ပင်ပန်းနွမ်းရိနေသည်လည်းဖြစ်လေသည်။ ထို့ကြောင့်မြို့သို့ခရီးရောက်မဆိုက် နီးရာဆိုင်တစ်ဆိုင်သို့ အပြေးအလွှားဝင်သွားခဲ့လေသည်။
အစာဆာမွတ်နေသည့် အလျောက် မုန့်ပဲသရေစာစားလိုလှသဖြင့် မျက်စိသိုင်းဝန်း၍ကြည့်မိရာ အမွှေး ဆပ် ပြာခဲများကို တွေ့မြင်ရလေ၏။ အရောင်အဆင်း အမျိုးမျိုးရှိသော ဆပ်ပြာခဲများပြန့်ကြဲလျက် ရှိနေသည်။
ခရီးသည်လည်းဆပ်ပြာခဲမှန်းလုံးဝမသိ။ မုန့်တစ်မျိုးမျိုးသာဖြစ်မည်ဟုအောက်မေ့မှတ်ထင်လေ၏။ဈေးနှုန်းကို မေးမြန်းခဲ့လေ၏။ ထို့နောက် မဆိုင်းမတွန့်ဘဲ ချက်ချင်းကောက်ယူစားသောက် လိုက်လေသည်။

စားပြီးသောအခါတွင်မှ မုန့်အရသာမဟုတ်ကြောင်း သတိထားမိလေ၏။ သို့သော်မှားသည်ကိုကား အရေးမ ထားနိုင်ချေ။ အရှက်မရစေရန်သာ က္ကနြေ္ဒမပျက်ဘဲစားမြဲဆက်စားလေတော့၏။
၎င်းအား အနီးရှိလူတစ်ယောက်က မြင်လေသော်...“ဤလူ မုန့်မှန်းဆပ်ပြာခဲမှန်းမသိ၊ စားစရာမုန့်မဟုတ်ပါ” ဟုပြောလေ၏။
ထိုအခါ ၄င်းက မိမိအရှက်ကိုပြန်ဖုံးမိရန် ရှောင်တခင်ပြန်ပြောလေ၏။
“ကျွန်ုပ်သိပါသည်။ ကိုယ့်ရောဂါကို ကိုယ်သာသိကြပါသည်။ ဆပ်ပြာစားမှ ကိုယ့်ရောဂါကသက်သာရာရပါ သည် ” ဟုဖြတ်ထိုးဥာဏ်သုံးခဲ့လေ၏။
ထိုနောက် တန်ဖိုးပေးဆပ်ကာ ဆိုင်မှ “မှင်သေ”မပျက်ဘဲထွက်ခွာသွားလေသတည်း။
မှင်သေ = ဟန်အမူအရာမပျက်ဘဲ
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
No comments:
Post a Comment