အလှည့် (သို့) နောင်တ

တနင်္ဂနွီ ရုံးပိတ်ရက်ဖြစ်လို့ ဦးစိန်ထွီး ထိုင်ခုံမှာ ထိုင်ပနာ စာအုပ်တစ်အုပ် ဖတ်နီရေ။ ၁၀တန်း ၂ နှစ်ရှူ သားကြီး အနားမှာ လာထိုင်ရေ။

"ဘာဘာ၊ သားကို ကွန်ပျူတာတစ်လုံး ၀ယ်ပီးပလင့်" လတ်။

"ကွန်ပျူတာ ဇာလုပ်ဖို့လဲဝေ။ ကိုယ့်အခြေအနေကိုယ်သိ။ ငါ့မှာ ဒင်္ဂါးမဟိ။"

ဦးစိန်ထွီး စာအုပ်က မျက်လုံးမခွာဘဲ ပြောလိုက်တေ။

"ဘာဘာရို့ပိုင် ၀ါကြီးတိ တစ်ခုလည်းမသိ"

"ဇာချင့်ဝိုင်၊ ဇာပြောရေ"

ဦးစိန်ထွီး ဒေါသတိ ငယ်ထိပ်ကိုရောက်လားခရေ။ တက်လားခရေ ဦးစိန်ထွီးဒေါသတိ ဦးနှောက်ထဲကို စီးဝင် လားခရေ။ ဦးနှောက်ထဲ အနှစ်နှစ်အလလက မှုန်ဝါးနီရေ အခန်းကဏ္ဍတစ်ခုထဲ အလိုလိုထင်းခနဲ၊ ထင်းခနဲ။

ဒေါ်မစိန်နု၊ ဘူးသီးချောင်းတိကို မုန့်နစ်လူးပနာ ဆီအိုးထဲ တစ်ခုချင်း ထည့်နီရေ။ မီးခိုးတိလည်း မွမ်းလို့။ ခြောင်းတခွပ်ခွပ်နန့် မီးမှုတ်နီရေ။

"မေမေ၊ မေမေ"

စိန်ထွီး အိမ်လမ်းဝကပင် မိခင်ကိုအော်လို့ ၀င်လာရေ။

"သား စာမီးပွဲဖြေနိုင်လား။"

ဒေါ်မစိန်နု ပြုံးလို့ မီးလိုက်တေ။

"ဖြေနိုင်ခရေ မေမေ။ သားကို ဂီတာတစ်လက် ၀ယ်ပီးပလင့်။"

ဒေါ်မစိန်နု မျက်နှာ ညှိုးလားခရေ။ ရွာထဲမှာ ပီးဖို့ အကြွီးတိလည်း မကန်။

"ဂီတာ ဇာလုပ်ဖို့လဲ သားချေ။ မ၀ယ်ကေ့နှင့်။"

ဒေါ်မစိန်နု ချော့လို့ ပြောလိုက်တေ။

"မေမေရို့ပိုင် ၀ါကြီးမတိကား တစ်ခုလည်းမသိ" ဆိုပနာ အခန်းထဲဝင်လားခရေ။

"ဟိုက် စိန်ထွီး၊ နင်ဇာပြောရေ။ အားမနာ"

မိခင် ဒေါ်မစိန်နု စကားတိ နားထဲ ပဲ့တင်ထပ်လာရေ။ နှလုံးသားက အောင့်မိခြင်း၊ အားနာခြင်း၊ ၀မ်းနည်းခြင်း ဆိုရေ ရသတိကို ခံစားရရေ။ ဦးစိန်ထွီး နောက်တဆိုရေ စကားနှစ်လုံး အဓိပ္ပါယ်ကို သဘောပေါက်လိုက် တေ။ အလှည့်ဆိုရေ ဝေါဟာရကို နားလည်လိုက်တေ။

ယင်းခါ မျက်ရည်ပူတစ်စက် ဦးစိန်ထွီးပါးထက် "ခွင့်လွှတ်ပါ မေမေ"လို့ တောင်းပန်နီရေပိုင်။

သဇင်နီ

အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-

No comments:

Post a Comment