ယုန်ထင်ကြောင်ထင်

တစ်ခါကခါ မြို့နန့်လေ့ဝီး၊ ရွာနန့်လေ့ဝီးရေ တောဂနိုင်ထဲမှာ ယာလုပ်လို့ အသက်မွီးနီရေ လင်မယားနှစ် ယောက် ဟိပါရေလတ်။ ယင်းလင်မယားစွာ တောင်ကုန်းချေတစ်ခုမှာ တဲဆောက်လို့ နီထိုင်ကတ်ပါရေ လတ်။

တစ်ရက်နိကခါ မြို့သားတစ်ယောက်စွာ မျက်စိလည် လမ်းမှားပနာ ယင်းတဲကို ရောက်လာပါရေလတ်။ ယာသျှင် လင်မယား နှစ်ယောက်ကလေ့ စိတ်ကောင်းနှလုံးကောင်းနန့် ထမင်းဟင်းတည်ခင်း ကျွေးမွေးပါရေ လတ်။ ယင်းတောင်ကုန်းနားမှာ ဖြူဖွီးနီရေ ယုန်ချေတိလေ့ ပေါပါရေလတ်။ မြို့သားက ယင်းယုန်သျှေတိကို မြင်ရရေအခါ

"ဘေးဘေရို့၊ ဒေယုန်ချေတိစွာ မြို့မှာ ရှားပါရေ။ ဖမ်းယူလားပနာ မြို့မှာပြဆို့ဆိုကေ ဖေသာဒင်္ဂါးတိလေ့ ရပါဖို့။ အလုပ်အားကေ မြို့ကို ယူလာလတ်" လို့ ပြောပနာ မြို့သားက လိပ်စာလေ့ ပီးခရေလတ်။ လမ်းမှား လာရေ မြို့သားကို ယာသျှင်လင်မယား နှစ်ယောက်က လမ်းပြပြီးကေ မြို့ကို ညွှန်ပြလိုက်ပါရေလတ်။

လေးငါးလဆိုရေပိုင်သျှောင် ကြာလာရေခါ ယာသျှင် လင်မယားစွာ ဖေသာဒင်္ဂါးလေ့ ကျပ်လာရေ။ အယင် တလိုင်းက မြို့ကရောက်လာရေ မြို့သားပြောခစွာကို ပြန်လို့ သတိရလာပါရေလတ်။ ယုန်ကို ဖမ်းပနာ မြို့ မှာတင်လို့ ပြဖို့ဆိုကေ ဒင်္ဂါးဖေသာ ရနိုင်ဖို့ဆိုပနာ အကြံရလာပါရေလတ်။

ယင်းအကြံအစည်အတိုင်း ယာသျှင် ယောက်ျားစွာ တဲနားကိုလာနီရေ ယုန်ချေတစ်ကောင်ကို ဖမ်းပနာ ဖာချေ တစ်လုံးမှာ ထည့်ပါရေလတ်။ နောက်ဖာတစ်လုံးမှာ ထမင်းဟင်းတိ ထည့်ပနာ ဖာနှစ်လုံးကိုဘင်းထမ်း ထိုးလို့ မြို့ကို လားပါရေလတ်။ မြို့နန့် ကုန်းကြောင်း မိုင်(၂၀) ကျော်လားရရေအတွက်နန့် လမ်းထက်ဝက် မှာ ရပ်တန့်ပါရေလတ်။ အသင့်ယူလာရေ ထမင်းကို စားပနာ သစ်ပင်ရိပ်မှာ တရီးတမော အိပ်လိုက်ပါရေ လတ်။ ယင်းယာသျှင်အိပ်တေ သစ်ပင်နန့် မနီးမ၀ီးမှာလေ့ လယ်သျှင်သားဖ နှစ်ယောက် ဟိပါရေ လတ်။ ယင်းတဲမှာ ကြောင်တစ်ကောင် ဟိပါရေလတ်။ ယင်းကြောင်ကို အဖသည်ဖြစ်သူက သားသည်ကို ငါးခိုးစား ရေအတွက် ဝေးပစ်ဖို့ ခိုင်းပါရေလတ်။ သားသည်လေ့ ကြောင်ချေကိုထမ်းပနာ လားရေခါ သစ်ပင်ရိပ် အောက်မှာ အပ်နီရေ ယာသျှင်ကို တွိပါရေလတ်။ ထူးဆန်းရေဆိုပနာ ဖာချေကို အသာချေဖွင့်ကြည့်ရေခါ အထဲမှာ ယုန်ချေတစ်ကောင်ကို မြင်ပါရေလတ်။ လယ်သျှင်သားချေက ကိုယ့်မှာပါလာရေ ကြောင်ချေကို ဖာ ထဲမှာ ထည့်ပနာ ဖာထဲက ယုန်ချေကို ထုတ်ယူထားလိုက်ပါရေလတ်။

ယာတဲသျှင်လေ့ တရီးတမောအိပ်လို့ နိုးလာရေအခါ ဖာချေနှစ်လုံးကို ထမ်းပိုးနန့် ထိုးပနာ မြို့သို့ ခရီးဆက် ပါရေလတ်။ မြို့ကိုရောက်တေခါ မြို့သားပီးရေ လိပ်စာအတိုင်းရှာရေခါ ယင်းသူကို တွိပါရေလတ်။

မြို့သားကလေ့ ၀မ်းပမ်းတသာ ကြိုဆိုပနာ ထမင်းကျွေးပါရေလတ်။ လာရင်းကိစ္စကို မီးရေခါ မြို့သားမှာခရေ အတိုင်း ယုန်ကို မြို့မှာပြဖို့ ယူလာကြောင်း ပြောပါရေလတ်။

မြို့သားက ဖွင့်ကြည့်ဖို့ တောင်းရေအခါ ယာသျှင်က ဖာချေကို ဖွင့်လိုက်စွာနန့် ယုန်မဟုတ်ဘဲ ကြောင်ချေ တစ်ကောင် ဖြစ်နီစွာကို အံ့သြဖွယ် တွိရပါရေလတ်။ ယာသျှင်လေ့ နဖူးကို ခပ်ပနာ "ယာ... ငါယူခစွာက ယုန်၊ အဂု ကြောင်ဖြစ်နီယာ" လို့ ကိုယ့်ဖို့ကိုယ် ဘ၀င်မကျ ပြောမိပါရေလတ်။ မြို့သားချေကိုလေ့ အားနာ ပါးနာ ဖြစ်လားခပါရေလတ်။ မြို့မှာ တစ်ညဥ့်အိပ်လို့ ကိုယ့်ဘားကို ပြန်ဖို့ကျရေခါ မြို့သားက လမ်းမှာစားဖို့ အစာရီစာတိလေ့ ထည့်ပီးလိုက်ပါရေလတ်။

ယာသျှင်စွာ မြို့က ကုန်းကြောင်းလာပနာ အယင်က ရပ်တန့်ခရေ အပင်အောက်မှာ ၀င်ပနာ ၀မ်းစာလာရေ အတွက်နန့်  မြို့သား ထည့်ပီးလိုက်တေ ထမင်း၊ ငါးနန့် စားသောက်ဖွယ်ရာတိကို ၀အောင်စားပါရေလတ်။ ၀မ်းတင်းလာရေအခါ တရီးတမော အပင်အောက်မှာ အိပ်လိုက်ပါရေလတ်။ 

ယင်းနားမှာဟိရေ လယ်တဲသျှင်က သားဖနှစ်ယောက်လေ့ ထပ်လို့ ရန်ဖြစ်ကတ်ပါရေလတ်။ သားသည်ကို "ကြောင်ကို ဝေးပစ်ခီဆိုကေ အရာယုန်ကို ယူလာရေ။ မင်း ဒေယုန်ကိုလေ့ ဝေးပစ်ခီ"လို့ ခိုင်းပါရေလတ်။

ယေခါ လယ်တဲသျှင်၏ သားသည်စွာ ယုန်ကို ပြန်ထမ်းလာပြီးကေ အယင်နီရာ အပင်နားကို ရောက်တေ အခါ အိပ်နီရေ ယာသျှင်ကို ထပ်လို့ တွိပါရေလတ်။ လယ်တဲသျှင် သားစွာ ဖာကို မြင်လိုက်စွာနန့် ဖာကိုဖွင့်ပ နာ ဖာထဲက ကြောင်ကိုပြန်ယူ၊ ယင်းဖာမှာ ယုန်ကို ပြန်ထည့်ထားလီပါရေလတ်။ 

ယာသျှင်ကြီးက တရီးတမော အိပ်လို့ နိုးလာရေအခါ ဖာကိုထမ်းလို့ မိမိယာတဲဘက်ကို ခရီးဆက်ပါရေလတ်။ ယာတဲကို ရောက်တေအခါ မယားဖြစ်တေသူက ၀မ်းသာအားရနန့် အခြေအနေကို သိလိုဇောနန့် မီးပါရေ လတ်။ ယေခါ ယာသျှင်က...

"ဟေ... ငါယူလားခစွာက ယုန်မဟုတ်လား။ မြို့ကိုရောက်တေအခါ ကြောင်ဖြစ်နီရေ"

အေပိုင်သျှောင် မဖြစ်နိုင် ဖြစ်နိုင်နန့် လင်မယားနှစ်ယောက် အငြင်းပွားကတ်ပါရေလတ်။ မယားက မကျေနပ် လို့ ဖာကို ပြန်လို့ ဖွင့်ကြည့်ရေခါ အဂယောင့် (ယုန်) ဖြစ်နီစွာကို လင်သည်က အံ့သြဖွယ် တွိမြင် နီရပါရေ လတ်။ လင်သည်လေ့ မယုံတ၀က် ယုံတ၀က်နန့်

"ယုန်က ကြောင်ဖြစ်၊ ကြောင်က ယုန်ဖြစ်"လို့ ပြောလီပါရေလတ်။

ရခိုင်သားတိမှာ (ယုန်ထင် ကြောင်ထင်)ဆိုရေ စကားပုံစွာ ဒေ၀တ္ထုကို အခြီခံပနာ ဖြစ်ပေါ်လာရေလို့ ဆို ကတ်ပါယင့်။

မောင်မှန်းအောင် (ကျိန်းမြေ)

အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၃)-

No comments:

Post a Comment