ဦးစရွီးရေ မြောက်ဦးကဗျာ

"ဦးစ"ဆိုစွာ "မြ၀တီမင်းကြီး ဦးစ"ပါ။ မြ၀တီမင်းကြီး ဦးစဆိုစွာ မြန်မာစာပီလောကမှာ နီတစ်ဆူ၊ လတစ်ပါး ၀င်းပရေ ပဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်းသိကတ်ပါရေ။ စာပီလောကမှာ ထင်ရှားရေဆိုကေလည်း စာပီ၊ ကဗျာ၊ လင်္ကာရို့နန့် ထင်ရှားစွာမဟုတ်ပါ။ ဂီတအနုပညာကိစ္စနန့် ထင်ရှားစွာဖြစ်ပါရေ။ မြန်မာ့ဂီတခေတ်ကို အထူး ၀ါယမစိုက်ထုတ်ပနာ ပြုစုပျိုးထောင်လာသူ ယိုးဒယားတေးခြင်းနန့် ပတ်ပျိုးရို့ကို စတင်ကြံစည် ဖွဲ့နွဲ့လာသူ၊ ယိုးဒယားဘာသာနန့် ဟိနီရေ တေးခြင်းတိကို မြန်မာသံပြောင်းလို့ ဖွဲ့ဆိုသူဖြစ်တေလို့ မြန်မာစာပေ သမိုင်း ကျမ်းက ဆိုပါရေ။

ဦးစ ပြုစုခစွာ အများအပြားကတော့ခါ ပတ်ပျိုးနန့် ယိုးဒယားတေးခြင်းတိပါ။ ပျို့၊ ကဗျာ၊ လင်္ကာ ပြုစု ရွီးသား ခစွာကိုတော့ အတွိရနည်းပါရေ။

ယေကေ ဦးစ နန့် မြောက်ဦးရို့ ဇာပိုင်ဆက်နွယ်ပတ်သက်လာရပါလေ။ အေပိုင်ပါ။ (၁၁၈၅)ခုနှစ်မှာ ရှင်မဖြူ ကျွန်း အရေးအခင်းဖြစ်ပေါ်လာပါရေ။ ရှင်မဖြူကျွန်း အရေးအခင်းစွာ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွား ရခြင်း၏ အကြောင်းအရင်းဆိုစွာကို သိကတ်ပြီးသားပါ။ ယင်းအရေးအခင်းကြောင့် ဦးစ စွာ မြောက်ဦးမြို့ကို ရောက်လာရစွာ ဖြစ်ပါရေ။

အေကိစ္စကို မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)မှာ အဂုပိုင် ဖော်ပြပါရေ။

(၁၁၈၅) ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရေးတော်ပုံတရ် ပေါ်ပေါက်လာခဲ့သည်။ ယင်းသက္ကရာဇ် ဒုတိယ ၀ါဆိုလ တွင် စစ်တကောင်းမြို့ကို အုပ်ချုပ်နေသော အင်္ဂလိပ်တို့က နတ်မြစ်ဝအနီးရှိ ရှင်မဖြူကျွန်း ကျေးရွာများ၌ အလံစိုက်ထူ၍ တပ်တည်လုပ်ပြီးလျှင် နှစ်လကျော် သုံးလခန့် လူသူစောင့်နေကြောင်းဖြင့် ဓည၀တီမြို့ဝန် မဟာမင်းကြီး ကျော်စွာက အစီရင်ခံလေသည်။ ထိုအခါ ဘုရင်မင်းမြတ်၏ အမိန့်တော်အရ ဦးစသည် မင်းကြီး မဟာသူရဘွဲ့ကို ခံယူကာ လက်ဝဲစစ်ကဲ အတွင်းဝန်အဖြစ်ဖြင့် ဗိုလ်မှူးမဟာဗန္ဓုလနှင့် အတူ ပန်းဝါ သို့ စလင်းဆင်ဖြူကျွန်းမှ တဆင့်ချီတက်ရသည်။ ------------ ထိုစဉ်အတွင်း (မဟာဗန္ဓုလ ကျဆုံးသည့် ဓနု ဖြူတိုက်ပွဲ၊ ၁၁၈၆) အတွင်းဝန်မင်းကြီး မဟာသူရ ဦးစသည် ဓည၀တီမြို့မှနေ၍ စီမံခန့်ခွဲလျက်ရှိစဉ် ဓနုဖြူ တပ်ပျက်သည်နှင့် တချိန်တခါတည်း ------------- စလင်းမြို့သို့ ဆုတ်ခွာပေးရလေသည်။

မြန်မာစာပေ သမိုင်းကျမ်းမှာ အေပိုင်ဖော်ပြပါရေ။ 
(၁၁၈၅ ခုနှစ် ပန်းဝါ ဓည၀တီကြောင်း ချီတော်မူရာ အလုံဝန်ကြီး သတိုးမင်းကြီး မဟာဗန္ဓုလက အုပ်ချုပ်၍ ဦးစကို မင်းကြီးမဟာသီဟဘွဲ့နှင့် လက်ျာစစ်ကဲခန့်၍ အမှုတော်ကို ထမ်းရွက်သည်။)

ဓည၀တီ (မြောက်ဦး)သို့ ဦးစရောက်လာရေ အဖြစ်ကို ကျွန်တော်ရို့စာပီ ကျမ်းဂန်တိကလည်း အဂုပိုင် အတည်ပြုကတ်ပါရေ။ ရခိုင်ရဇာဇ၀င်သစ်ကျမ်း (သတ္တမတွဲ)က အေပိုင်ဆိုပါရေ။
(အမရပူရ ဒုတိယရွှေနန်းရှင် စစ်ကိုင်းမင်းကလည်း အလုံဝန်မောင်ရစ်ကို ဗိုလ်ဗန္ဓုလဟူသော အမည်ဖြင့် စစ်သူကြီး ခန့်တော်မူ၍ အတွင်းဝန်မောင်စနှင့်တကွ တပ်မှူးသူရဲ လက်နက်ကိုင် တသောင်းခြောက်ထောင် တို့ကို ပေးလျက် စေလွှတ်တော်မူလိုက်၏။ ဗိုလ်ဗန္ဓုလ မောင်ရစ်နှင့် အတွင်းဝန်မောင်စတို့လည်း ရခိုင်ပြည် သို့ ချီလာပြီးလျှင် အောင်တပ်တွင် တပ်စခန်းချတော်မူ၍ ရခိုင်လေးမြို့ဝန်တို့ကို သူရဲလက်နက်ကိုင် တောင်း ၍---)

ပျာသတ်ဆရာ ရခိုင်ရာဇ၀င်ကျမ်းမှာ အေပိုင်ဖော်ပြပါရေ။
(သကြာဇ် ၁၁၈၅-ခု ပြာသိုဝ်လတွင် အောက်သား အင်္ဂလိပ်နှစ်ဦး တို့ဝ် ပြန်သွားလေ၏။ -------------- အမရ ပူရမင်းလည်း ဗိုလ်ဗန္ဓုလ၊ အတွင်းဝန် ငစတို့ဝ်ကိုဝ် သူရဲလက်နက်ကိုင် တသောင်းခြောက်ထောင်ပေးပြီးလျှင် ပင်းဝါ စစ်တကောင်းမြို့ဝ်တွင် စောင့်ရှောက်၍နေသော အင်္ဂလိပ် ဗိုလ်မှူးတို့ဝ်ကိုဝ် တပ်မြိုင် လျက် စောင့် ရှောက်ချေဟု စေတော်မူလိုက်၏။ ဗိုလ်ဗန္ဓုလသည် ရက္ခိုင်ပြည်တွင် အောင်တပ်ဝယ် တပ်ချ၍ နေပြီးမှ ---- ---------)

မောင်ပုံရာဇ၀င်ကတော့ခါ အဂုပိုင်ဆိုပါရေ။ 

(ဘုရင်ဘကြီးတော်သည် --------- မဟာဗန္ဓုလအား ရှေ့တော်သို့ ခေါ်ယူခစားစေလျက် ရခိုင်ပြည်အရေးကို ဂဃနဏ သေချာကျနစွာ ရှင်းလင်းမိန့်ကြားပြီးသည်နောက် ရခိုင်သို့စေလွှတ်မည့် စစ်သည်အင်အား အလုံး စုံ၏ သေနာပတိအဖြစ် ခန့်အပ်တော် မူလေသတည်း။ မဟာဗန္ဓုလသည် မောင်ခိုင်၊ မောင်ဇံ အစရှိသော ထူးခြားထင်ရှားသည့် တပ်မှူးများနှင့် အတူတကွ လူအင်အား တသောင်းကျော်တို့ဖြင့် ရခိုင်သို့ချီလေ၏။ ------- ဗန္ဓုလက အောင်တပ်အရပ်တွင် တပ်ချနေစေရန် စေခိုင်းလိုက်သော ပြည်ထဲရေးဝန်ကြီး မောင်ဇံ သည် လူအချို့နှင့် အတူတကွ ရုတ်တရက် ရောက်ရှိလာခဲ့၏။ မြို့ဝန်သည် အင်္ဂလိပ်တို့အား မောင်ဇံသို့ပို့၏။ အကြောင်းစုံကို သိလေသော် မောင်ဇံသည် မောင်စံပျော်အား ပြင်းထန်စွာ ပြစ်တင်ကြိမ်းမောင်းလေ၏။)

မောင်ပုံရာဇ၀င်ကပြောရေ (မောင်ဇံ)ဆိုစွာ (မောင်စ/ဦးစ)ကို ပြောစွာဖြစ်နိုင်ပါရေ။ ပီမှာရွီးရေ (မောင်စ)ကို ဦးစံရွှေဘုက အကြည့်လွဲပနာ (မောင်စံ/မောင်ဇံ/Maung Zan)လို့ ဘာသာပြန်ပစ်လိုက်တေ ထင်ပါရေ။

ဗန္ဓုလနန့် ဦးစရို့ စခန်းချခရေ အောင်တပ်ဆိုစွာ အဂုမြောက်ဦးမြို့ သင်္ဘောဆိပ်ဟိရေ ရပ်ကွက်ပါ။ အောင် တပ်မှာ စခန်းချရေအတွက် အောင်တပ်နန့် မလှမ်းမကမ်းကနီရာမှာ ဗန္ဓုလရပ်ကွက်လို့ ဖြစ်တည် လာလတ် ပြန်ပါရေ။ 

ဗန္ဓုလရပ်ကွက်ကတော့ခါ စန္ဒမုနိရုပ်ပွားတော် ကိန်းဝပ်ရာဘုန်းကြီးကျောင်းတည်ဟိရေ ရပ်ကွက်ပါ။ 

ယင်းပိုင် အောင်တပ်နန့် ဗန္ဓုလရပ်ကွက်ရို့ကို ကူးလူးလားလာယင်းနန့် တစ်ရက်မှာ ဦးစစွာ ကဗျာတစ်ပုဒ် ဖွဲ့ပါရေ။ စာဆို ဆိုစွာမျိုးက ရောက်လီရာအရပ်မှာ အနုပညာ လိပ်ပြာနိုးတတ်စွာပါကို။ ဦးစရွီးဖွဲ့ဆိုရေ ကဗျာ က အေပိုင်ပါ။ 

ကြိုင်ပျံ့ရှား
စကားဆီကနှောင်။
လေ့တသွေး
မဝေးကွာလှလေဘု
နန်းယက္ခတောင်
ညိုလို့သာဝန်းတော့တယ်
မြယွန်းဆီကမှောင်
ပူအောင်လို့ ဖန်ပျိုး။
ဆန်လို့ထဲ
ကြည်ကွဲအောင်မဆင်လာနှင့်
ရှစ်ခွင်မှာ ပြာရီမှည့်
လွမ်းနယ်ချဲ့မိုး။

ဒေလေးဆစ်ကဗျာချေကို ကျောင်းသုံးသီချင်းပဒေသာ စာအုပ်မှာ လားတွိခီစွာပါ။ 

ဇာမှာ မြောက်ဦးကိုဖွဲ့စွာ-လို့ စောဒက တက်ချင်ကတ်မိပါလိမ့်မေ။ ဗြုန်းခနဲဆိုကေ မြောက်ဦးနန့် ပတ်သက် စွာ၊ မြောက်ဦးအငွေ့အသက်ကို ရှာရခက်ပါရေ။ ယင်းစာအုပ် ခက်ဆစ်အဖြေကဏ္ဍမှာ အေပိုင်ပီးပါရေ။

စကား   = စကားတောင်၊ ဓည၀တီခေါ် ရခိုင်မြို့ဟောင်း၏ အနောက်ဘက်တွင်ရှိသည်။
ယက္ခတောင်   = ရခိုင်တောင်ရိုး။

ဒေခက်ဆစ်နှစ်ခုကို ကြည့်ပြီးမှရာ မြောက်ဦးမြို့ဖွဲ့ ကဗျာဖြစ်ကြောင်း သိလာရစွာဖြစ်ပါရေ။ စကားတောင် ဆိုစွာ အမှန်က စံကားတောင်ပါ။ ဗန္ဓုလရပ်ကွက်နန့် တက်တက်ကပ်လို့ တည်ဟိနီရေ တောင်တန်း ဖြစ်ပါ ရေ။

ယက္ခတောင်ဆိုစွာ အမှန်က ရက္ခတောင်ကို ပြောစွာဖြစ်လီပါဖို့။ ရက္ခတောင်ဆိုစွာ အဂု လက်ကောက်ဈီး ရပ်ကွက်က ဆရာဦးဦးစံကျော် (ဓညဦး) အိမ်နောက်က တောင်ကုန်းဖြစ်ပါရေ။ 

မြောက်ဦးမြို့မှာ ဘုရား(စေတီ) မဟိရေတောင်ဆိုလို့ နှစ်ခုရာဟိပါရေလတ်။ (၁) လွမ်းတောင် (ရွမ်းတောင်) နန့် (၂) ရက္ခတောင်ရို့ဖြစ်တေလို့ ဆိုရိုးစကားဟိပါရေ။ ရက္ခတောင်ဆိုစွာ နတ်တောင်ပါ။ 

မြောက်ဦးမြို့အကြောင်းကို မြ၀တီမင်းကြီးဦးစကတောင်မှ စာဖွဲ့ခရေကားလို့ ဂုဏ်ယူစိတ်နန့် ဒေကဗျာကို တင်ပြရစွာမဟုတ်ပါ။ 

No comments:

Post a Comment