လူမိုက် ဇာသူလဲ ဘားဘာ

ဘားဘာ-

သား မယှင်းလို့ ဘားဘာကို မီးချင်ရေ။ သား အဖြေမှန် မသိလို့ပါ။

"အမင်"လည်း လာပြီး နားထောင်ကေ ကောင်းပါဖို့။

"လူမိုက်နန့် ငွီ အတူမနီ"လို့ ဘားဘာလဲ ပြောရေ။ တခြားလူကြီးသူမတိလည်း ပြောကတ်၊ ဆိုကတ်၊ ရွီးကတ်တေ။ လူငယ်ချေတိကိုလည်း ဆုံးမကတ်တေ။ ရွာဦးကျောင်းထိုင် ဆရာတော်ကြီးတိကလည်း မိန့်ကတ် မြွတ်ကတ် ပါရေ။

သား- စဉ်းစားကြည့်ရေ။ သား အသက်လည်း သုံးဆယ်ကျော်လာဗျာယ်။ သား တွိထိရသလောက် ဆိုကေ ဘားဘာအပါအ၀င် ရိုးသားဖြောင့်မတ်ရေလို့ သတ်မှတ်ခြင်းခံရသူတိထဲက ရွှီ၊ ငွီ၊ ချမ်းချမ်းသာသာ ဟိစွာကို သား အေနိထိ မတွိရသိပါ။ မငတ်ရုံတမယ် စားနီကတ်ရပါရေ။

"မတော်မတရား" လုပ်တေလူ (တချို့)ကရာ ချမ်းသာ ကြွယ်ဝနီကတ်စွာကို သား တွိမြင်နီရပါရေ။ ဘားဘာ ရို့ပိုင် ပုဂ္ဂိုလ်တိရေ ရိုးပါရေ။ အကျင့်စာရိတ္တ ကောင်းပါရေ။ သူတစ်ပါးကို မေတ္တာထားတတ်ပါရေ။ ဗြဟ္မစိုရ် တရား လက်ကိုင် ထားကတ်ပါရေ။

ယေကေလဲ ဘားဘာ အပါအ၀င် အေလူရိုး လူကောင်းတိရေ တစ်သက်လုံး မ၀ရေစာစာပြီး နီကတ်ရပါရေ။ တိုင်းပြည်တစ်ပြည်အတွက်၊ လူမျိုးတစ်မျိုးအတွက်၊ လူတစ်ဦးအတွက်၊ မလုပ်သင့်၊ မလုပ်ထိုက်၊ မလုပ်အပ် တေ အလုပ်တိကို လုပ်နီကတ်တေလူ များရေ။ ကျိကျိတက်လဲ ချမ်းသာရေ။ "လှူနိုင် ပီးနိုင် စွန့်ကြဲနိုင်ရေ။ ငွီကိုလည်း လိုရေပိုင် သုံးနိုင်၊ ဖြုန်းနိုင်ကတ်ပါရေ။

အေလောက်ဆိုကေ ဘားဘာ သဘောပေါက်ပါဗျာယ်။

ဘားဘာရို့ပိုင် လူရိုး၊ လူကောင်း၊ လူမွန်တိရေ လူမိုက်လား။

မဟုတ်ကေ ဇာသူ လူမိုက်လဲ ဘားဘာ။

စစ်တွေထိန်လင်း

အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၃) မှ-

No comments:

Post a Comment