ပျင်းလို့မရွီးစွာ

ကျောင်းသား/သူ (၈၆)ယောက် လောက်ဟိရေ န၀မတန်း စာသင်ခန်းတစ်ခန်းက အဖြစ်အပျက်ချေတစ်ခုပါ။ တစ်ရက်နိ အင်္ဂလိပ်စာသင်ပြရေ ဆရာမက အင်္ဂလိုပ်စာ Essay တစ်ပုဒ်ရွီးပီးလိုက်ပါရေ။ ယင်း Essay ကို နောက်နိမှာ ရွီးဖြေစစ်ဆေးဖို့အတွက် ရအောင် ကျက်မှတ်လာပါလို့ ကျောင်းသား/သူတိကို မှာလိုက် ပါရေ။

နောက်နိရောက်စွာနန့် ယင်းEssayကို ဆရာမကရွီးဖြေစစ်ဆေးပါရေ။ ကျောင်းသား/သူတိစွာ ဆရာမ ကျက် ခိုင်းလိုက်တေ Essayကို တစ်ယောက်လေ့ ရအောင်ကျက်မှတ်လာပုံ မပေါ်ပါ။ ယေကေ ခိုးချဖို့ ကျကတ် ပါဗျာယ်မနားယေ။ ကိုယ့်စိတ်ကူးနန့် ရွီးတတ်တေကောင်းသား/သူ တစ်ယောက်တောင် မဟိသလောက်ပါ။ အားလုံးသူနီးပါး ခိုးချကတ်စွာပါဗျာယ်။ ဖြေဆိုရစွာကလည်း ကိုယ့်အခန်း ကိုယ့်နီရာ နန့်ကိုယ် ဖြေဆိုရစွာဖြစ် လို့ စာအုပ်ကအလိုက်သင့် ဟိပြီးသား။ ကျောင်းသား/သူတိ ခိုးချနီမှန်းကို ဆရာမလေ့သိပါရေ။ ယေကေလေ့ မတားမြစ်ဘဲ စောင့်ကြည့်နီပါရေ။

ဆရာမခွင့်ပြုရေ ဖြေဆိုချိန်ပြည့်လားရေခါ အဖြေလွှာစာရွက်ကို ဆရာမပါးမှာ တင်ရပါရေ။ ဆရာမ အဖြေ လွှာတိကို စစ်ဆေးပြီးရေခါ ကျောင်းသားကျောင်းသူတိကို ဆုံးမစကားပြောပါရေ။ စာမီးပွဲဖြေဆိုပုံ၊ ဖြေဆို နည်းကို ပြောပြပြီးကေ အဖြေလွှာတစ်ခုကို ထောင်ပြပါရေ။ အောင်အောင်ဖြေထားရေ အဖြေလွှာပါ။ ယင်း အဖြေလွှာကို ကိုင်ပြပနာ

"ဒေအဖြေလွှာပိုင်သျှင်ပိုင် စာတစ်ပုဒ်လုံးမရကေတောင်မှ ရစွာလောက်ကို ကိုယ့်ဥာဏ်ရည်ဥာဏ်သွီးနန့် ဖြေ ဆိုကတ်။ စာအုပ်က ကူးယူခိုးချရေအလုပ်ကို မလုပ်ကတ်ကေ့။ နာလာမြောင်းမှာ အမှိုက်သရိုက်တိ ပိတ်ဆို့ လို့ ရီစီးရီလာမကောင်းစွာပိုင် ခိုးချရေဆိုစွာလည်း ကိုယ့်မှာဟိရေ ဥာဏ်စွမ်းဥာဏ်စကို ပိတ်ဆို့ပြီးကေ ပညာ ရေးလမ်းကြောင်းမှာ မဖြောင့်ဖြူးနိုင်။ ယင်းအတွက်နန့် မခိုးချကတ်ကေ့။ အောင်အောင်ပိုင် ရသ လောက်ကို ရာ ကိုယ့်ဦးနှောက်နန့် စဉ်းစားပြီး ဖြေဆိုကတ်"လို့ ဆရာမ ဆုံးမပါရေ။

ဆရာမက အောင်အောင်ကို ချီးမွန်းစကား ပြောနီစဉ်မှာ အောင်အောင်အနားက ထိုင်နီရေ သူငယ်ချင်းတစ် ယောက်က အောင်အောင်ကို အဂုပိုင် မီးလိုက်ပါရေ။

"ဝေး အောင်အောင် မင်းလည်း စာအုပ်ထဲက ခိုးချစွာဗျာယ်မနား။"

"အင် ဟုတ်တေ"

"ယေကေ မင်းကို ဇာဖြစ်လို့ ခိုးမချဘဲ ကိုယ်ရသလောက်ကိုရာ ရွီးရေလို့ ဆရာမက ချီးမွန်းနီစွာလဲ"

သူငယ်ချင်းဖြစ်သူ မီးစွာကို အောင်အောင် ပြန်ဖြေလိုက်စွာက-

"ငါ ရွီးဖို့စွာကိုပျင်းလို့ နိဒါန်းတစ်ပိုင်းချေ ခိုးချပနာ တင်လိုက်စွာ။ ယင်းချင့်ကို ကိုယ့်စိတ်နန့် ရရေ အဆီ ဖြေရေလို့ ထင်ရေဟိဖို့ဝေး" ပါလတ်။

ပေါက်လေမြတ်မျိုး

အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-

No comments:

Post a Comment