ရီအုန်းတော

လီသတ်တိုင်း

အလွယ်ချေ ယိမ်းညွတ်ရဖို့လားယေ

မားမားမတ်မတ်နန့် ညီညီညွတ်ချေရာ

ကြောချင်းကပ်

ရင်ချင်းထပ်

မျက်နှာချင်းဟပ်ပျာ

လက်ချင်းဂဟေဆက်ထားကတ်တေ

မိသားစုစိတ်ဓါတ်နန့် မျိုးပွား

မိသားစုစိတ်ဓါတ်နန့် ကြိုးစား

မိသားစုစိတ်ဓါန်နန့် နှီးနှောနီထိုင်

ဗီဇမနော ကျောက်သားပိုင် ခိုင်မာရေအမျိုး

အားမြောမြောနန့် ဓားမိုးကြီးရွာကတ်

အသွီးအသား လှီးဖြတ်သောက်စားကတ်

ကိုယ့်အရိုးနန့် ကိုယ့်ကိုယ်ကို ထိုးကတ်

ခေါက်ရိုးကျိုးအုန်းပျစ်အမိုးဆိုစွာ

အိမ်တစ်ဆောင်ဖြစ်ဖို့

အုတ်တစ်ချပ် သဲတစ်ပွင့် အကျိုးပြုကူညီလို့

ခွတ်ချင်ပိုင်ခွတ်လီ

သတ်ချင်ပိုင်သတ်လီ

မျိုးဇာတ်လုံးဝမပြတ်စီရ

ကမ်းစပ်မှာပြီလို့

ကမ်းစပ်မှခြီလို့

ရှိဆက်ရပ်တည်နီဖို့ရာ။    ။

လေးဝတီခိုင်ကျော်

အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၃) မှ-

No comments:

Post a Comment