မဏိစန္ဒာနန့် တောသူမ

ရွာသာယာဆိုရေရွာမှာ အချမ်းသာဆုံးဖြစ်တေ ရွာသူကြီးမှာ သမီးတစ်ယောက် ဟိရေလတ်။ ယင်းသူချေရေ ၀ါကျွတ်ပွဲအတွက် ထဘီနန့် အင်္ကျီဝယ်ဖို့အတွက် မြို့ကို လားရေလတ်။

မြို့ကိုရောက်တေခါ ၀ယ်စရာတိကို ၀ယ်ယူပြီးကေ ထမင်းစားဖို့ ထမင်းဆိုင်ကို ၀င်ရေလတ်။ ထမင်းစားပြီးခါ ယင်းမမချေက ဆိုင်သျှင်ကို အဂုပိုင် မီးပါရေလတ်။

မမချေ ။ ။ "အား- အမောင်၊ အမောင်ရို့ဆိုင်မှာ ကာရာအိုကေ ဆိုလို့ရဖို့လား"

ဆိုင်သျှင် ။ ။ "ဆိုလို့တော့ရရေ။ ဇာတေးခြင်းကို ဆိုဖို့လဲ နှမချေ"

မမချေ ။ ။ "ဒေခေတ်မှာ ခေတ်စားရေတေးခြင်း၊ ဇာတေးခြင်းပါလေ အမောင်" 

ဆိုင်သျှင် ။ ။ "ဒေခေတ်မှာ ခေတ်အစားဆုံး 'မဏိစန္ဒာ' တေးခြင်းချင့်"

မမချေ ။ ။ "ယင်းတေးခြင်းကို ထည့်ပီး အမောင်"
"ကာရာအိုကေ ဆိုကေ ဇာပိုင်ဆိုရလဲ မသိကား"

ဆိုင်သျှင် ။ ။ "ဗီဒီယိုထဲမှာ ပေါ်နီရေ စာသားတိကို လိုက်ဆို"

မဏိစန္ဒာတေးခြင်းမှာ အစဆုံးက "အို..."လို့ စာသားပေါ်စွာမှာ ဆိုရဖို့လို့ ဆိုင်သျှင် က ပြောလိုက် တေ လတ်။ ယေခါ "အို"နောက်က အသံဆွဲရဖို့ အစက်ချေတိကို ယင်းမမချေ ဆိုလိုက်စွာက "အို အစက်ချေ အစက်ချေ အစက်ချေ တစ်ရံတစ်ခါဆီက ပုဂံရာဇ၀င် ချစ်ဇာတ်လမ်းမှာ"လို့ ဆိုလိုက်ပါရေလတ်ထော။ ဆိုင် သျှင်တိနန့် အိမ်သားတိကလည်း ယင်းသူ ရှက်လီဖို့စိုးလို့ ပါးစကို နောင်းနောင်းပိတ်ဗျာယ် ယင်းသူ ဆိုင်က ထွက်လား ခစွာနန့် အားရပါးရ ရယ်လိုက်ကတ်ပါရေလတ်။

သားသား

အောင်တံခွန် ၀ံသရက္ခိတ မဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၃)မှ-

No comments:

Post a Comment