လူမျိုးတိုင်းမှာ ရိုးရာ အားကဇပ်နည်း အမျိုးမျိုးဟိကတ်ပါရေ။ ရခိုင်ဒေသ အားကဇပ်နည်းများမှာ ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်တေပိုင် အချင်းချင်း စည်းလုံးညီညွတ်မှုနန့် စည်းကမ်းလိုက်နာမှု အဖွဲ့ လိုက်နန့် တစ်ဦးချင်း ကြိုးစားစိတ်ဟိမှု အလေ့အကျင့်တိကို ရရှိစီပါရေ။ ယင်းအားကစားနည်းများမှာ ဆိုပါကေ ကျင်ပွဲ၊ ရထားပွဲ၊ ရီလှီပြိုင်ပွဲ၊ ကုန်းလှီပြိုင်ပွဲ၊ အောင်လူပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ ဒေါင်းပြောက်ခုန်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ ဒိုးပြိုင်ပွဲ၊ ခတ်ကျောက်သီးပြိုင်ပွဲ၊ ဂိုင်ထိုးပွဲ၊ ကွမ်းသီးဝှက်ပွဲ၊ ဆိတ်ခိုးပွဲ၊ အပင်တက်ပြိုင်ပွဲ၊ ချေတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပြိုင်ပွဲ ဆိုပြီးကေ ကစပ်တေနည်း အများကြီးဟိကတ်ပါရေ။
ယင်းအားကစပ်တေပွဲမှာ လူကြီးလူငယ်စုပေါင်းလို့ တစ်မျိုး၊ အပျို လူပျိုး စုပေါင်းလို့တစ်မျိုး၊ အပျိုမချေတိ သက်သက်တစ်မျိုး၊ လူပျိုချေတိ သက်သက်တစ်မျိုးစီ ခွဲခြား ကဇတ်ရရေပွဲတိ ဟိခပါရေ။ ဒိုးပြိုင်ပွဲဆိုပါက အပျိုချေတိ အထူးတလည် နှစ်သက်ရေ ပွဲတစ်မျိုးဖြစ်ပါရေ။ နိခင်းနိလည် အားလပ်ချိန်မှာ တစ်မျိုး၊ လပ, ရေ ညဥ့်အချိန်မှာ တစ်မျိုး၊ အထူးစည်ကားရေ ဒိုးပြိုင်ပွဲကြီး ဟိခကတ်ပါရေ။
ရခိုင်သမိုင်း ယဉ်ကျေးမှု သုတေသနဆိုင်ရာ ဆောင်းပါးပေါင်းချုပ် - ရွှေခိုင်ကျော်(မြောက်ဦး)
ဦးပညာသီဟ၏ အတ္ထုပတ္တိအကျဉ်း
ဆရာတော်ကြီး ဦးပညာသီဟသည် စစ်တွေမြို့ ကုန်တန်းရပ်၌ မွေးဖွားသည်။ မိဘများသည် ဆင်းရဲသား လူတန်းစား အလွှာမျှဖြစ်သည်။ ငယ်ရွယ်စဉ်က သံဃရာဇာ ဆရာတော်ကြီးအား အမှူးထား၍ ရှင်သာမဏေ ပြုခဲ့သည်။ ရဟန်းဘ၀သို့ရောက်သောအခါ ပဲခူးမင်းကျောင်းတိုက်မှ စာသင်တတ်မြောက် ခဲ့သည်။ ၀ိနည်း (၅)ကျမ်းလုံး အောင်မြင်ခဲ့သည်။
တန်ခိုးကျောင်းတိုက်ဆရာတော်ကြီး ဦးပဏ္ဍိ၏ တပည့်ရင်းဖြစ်သဖြင့် ရုက္ခမဏ္ဍက၊ သံဃသမဂ္ဂီတွင် ဦးပဏ္ဍိက ပညာရေးဌာန၏ ဥက္ကဌ၊ ဦးပညာသီဟက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က သံဃသမဂ္ဂီ အစည်းအဝေး၌ ဆရာတော် ဦးစိန္ဒာနှင့် တွေ့ဆုံဆည်းကြ၍ အမျိုးဘာသာ သာသနာ စသည့် ၀ံသာနုတရားစကားများ လက်ဆုံကျကြ၏။
တန်ခိုးကျောင်းတိုက်ဆရာတော်ကြီး ဦးပဏ္ဍိ၏ တပည့်ရင်းဖြစ်သဖြင့် ရုက္ခမဏ္ဍက၊ သံဃသမဂ္ဂီတွင် ဦးပဏ္ဍိက ပညာရေးဌာန၏ ဥက္ကဌ၊ ဦးပညာသီဟက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က သံဃသမဂ္ဂီ အစည်းအဝေး၌ ဆရာတော် ဦးစိန္ဒာနှင့် တွေ့ဆုံဆည်းကြ၍ အမျိုးဘာသာ သာသနာ စသည့် ၀ံသာနုတရားစကားများ လက်ဆုံကျကြ၏။
ဗြိတိသျှခေတ်ဦး ရခိုင်ပြည် - မောင်ထင်
ယခုကျွန်တော်တင်ပြသော ဆောင်းပါးမှာ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ့အစိတ်ခန့်က ရခိုင်ပြည် တောင်ပိုင်း ဒေသ တို့၌ ရှိနေသော စီးပွားရေးအခြေပင်ဖြစ်ပါသည်။ ကျွန်တော်ကိုးကားသော အမှတ် အသားမှာ လွန်ခဲ့ သော နှစ်ပေါင်းအစိတ်ကျော်ခန့်က ထုတ်ဝေသည့် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ် စာစောင်မှရ သော အမှတ်အသားများဖြစ်ပါသည်။
၁၈၂၄ ခု၊ မတ်လ (၅)ရက်နေ့တွင် အင်္ဂလိပ်တို့သည် ရှပူရီကျွန်းခေါ် ရှင်မဖြူကျွန်းကိစ္စကို အကြောင်းပြ၍ မြန်မာပြည်၌ ပထမဦးစွာသော နယ်ချဲ့စစ်ကို ဆင်ခဲ့ကြသည်။ ထိုအင်္ဂလိပ် မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဓုလသည် အင်္ဂလိပ်နယ်ချဲ့သမားများအား ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် မြန်မာတို့၏ ဓါးသည် အင်္ဂလိပ်တို့၏ ရိုင်ဖယ်သေနတ်ကို မတော်လှန်နိုင်လေ။ ထို့ကြောင့် စစ်သူကြီး မဟာဗန္ဓုလ ကျဆုံး ပြီးနောက် ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် အင်္ဂလိပ်မြန်မာ ရန္တပိုစာချုပ် ချုပ်ဆိုကြလေ သည်။
ရိုဟင်ဂျာ ဆိုသူတို့အပေါ် ဒေသခံတို့အမြင် - ဒေသခံတစ်ဦး
ယခုတလော ပြည်ပ သတင်းမီဒီယာများက "ရိုဟင်ဂျာ"ဆိုသူတို့သတင်းကို တွင်တွင်ကြီး ထုတ်လွှင့်နေကြ သည်။ ၎င်းတို့ကို "လှေစီးဒုက္ခသည်"များအဖြစ် ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို ကူညီ သွားရန် ပြည်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့အပေါ် အကာအကွယ်ကူညီပေးရန် တောင်းဆိုခဲ့ကြ သည်။
ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း "ရိုဟင်ဂျာ"ဆိုသူတို့အပေါ် ဒေသခံ ရခိုင်တိုင်းရင်း သားတို့၏ အမြင်ကို တင်ပြလိုပါသည်။
ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း "ရိုဟင်ဂျာ"ဆိုသူတို့အပေါ် ဒေသခံ ရခိုင်တိုင်းရင်း သားတို့၏ အမြင်ကို တင်ပြလိုပါသည်။
အကာလညဥ့်
အကာလညဥ့်တစ်ခုနန့် New Year ၊ တိုက်ဆိုင်လိုက်လီခြင်း...။
အမြင်မကောင်းလို့ အကောင်းမမြင်စွာကို နားလည်ပီးဖိ၊ တန်ပြန်သက်ရောက်မှု တစ်ခုလည်းမဟုတ်၊ ဆွီးလို့ ပြတ်ကျလားရေ ပုတီးကုံးတစ်ခုလေ့ မဟုတ်ခ။
ဇွန်န၀ါရီမျက်ရည်မိုး
ပန်းသဇင် ပင်ယံမြင့်မှာ၊ မတောင့်တယ်နိုင်ဗျာယ်၊ ဇာတာကံဆိုး၊ တိုင်းတပါးအငြိုးကြောင့်၊ ကိုယ့်ပြည်ရွာကို စွန့် ရေခြားမြေခြားမှာ၊ လူလုံးမလှဖြစ်ခစွာ၊ ရင်နာဖို့ကောင်းရေ...။
လူ-လူ ဟစ်တယ် - ခိုင်ကျော်(ဥပဒေ)
မြန်မာနိုင်ငံ ရခိုင်ဒေသတွင် ရခိုင်မင်းများလက်ထက်က မြောက်ဦးနယ်မြေ ပတ်ဝန်းကျင်၌ စစ်သုံ့ပန်း မွတ် ဆလင်တစ်ချို့ တာဝန်ထမ်းဆောင်ရင်း နေထိုင်ခဲ့ကြသည်။ ရခိုင်လေးသည်တော်တပ်၌ မင်းမှု ထမ်းခဲ့ကြ သည့် အစ္စလာမ်ဘာသာ ကိုးကွယ်သူ မွတ်ဆလင်မင်းမှုထမ်းများကို "ကမန်"ဟုခေါ်ကြသည်။ နန်းတွင်း၌ ဘင်္ဂလီဘာသာ၊ ပါသျှန်ဘာသာ၊ အာရဗီဘာသာများကို ရေးသည့်အခါ လိုအပ်သလို ခိုင်းစေရန် ဘင်္ဂလီ အမှုထမ်းတစ်ချို့၊ စစ်သုံ့ပန်းပါလာသူတစ်ချို့လည်း ရှိခဲ့ကြသည်။ သို့သော် အရေအတွက်အားဖြင့် နည်း သည်။ ထိုသူများကို ရခိုင်ရာဇ၀င်ကျမ်းများ၌ ဘင်္ဂလီကုလား၊ မုသားလမန် စသည်ဖြင့် မှတ်တမ်းတင်ခဲ့ ကြပါသည်။ မြန်မာနိုင်ငံ ပုဂံခေတ်ကျောက်စာများ၌လည်း ကုလ(ခေါ်) အိန္ဒိယကုလားမျိုးတို့ အမည် ရေး သားပါရှိသည်။ ပုဂံတွင် ကုလားကျွန်များစွာ သုံးခဲ့ကြောင်း ဒေါက်တာ သန်းထွန်း၏ ခေတ်ဟောင်း မြန်မာ ရာဇ၀င်စာအုပ်၌ ဖော်ပြထားသည်။ မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းတို့၌ "ရိုဟင်ဂျာ"လူမျိုးဟူသော ဝေါဟာရ တစ်လုံးတစ်ပါဒမျှ မရှိခဲ့ပါ။
ပဒိုင်းပင်၊ ပဒိုင်းသီးနန့် အမည်းရောင်ဆူနာမီ
ပဒိုင်းသီး
အရပ်တပါးကလူတိ ဒေရပ်ဒေရွာက အနီအထားကို မလေ့လာရေလူတိ၊ ရွာအတ္တုပ္ပတ္တိကို မသိရေ လူတိ၊ ယင်းပိုင် တခြားရွာကလူတိစွာ ဒေရွာမှာပေါက်ရောက်နီရေအပင်ကို ဇာအပင်မှန်းမသိ၊ ပဒိုင်းပင်မှန်း မသိ၊ အဆိပ်ပင်မှန်းမသိ၊ အဆိပ်သီးမှန်မသိ၊ မျိုးပွားအောင် မျိုးကောင်းအောင် ပြုစုပျိုးထောင်ပီးနီကတ်တေ။ ဒေအသီးကိုမစားဖူးလို့လား၊ ဒေအသီး၏ အာနိသင်ကိုမသိလို့လား၊ ယင်းပိုင်ဆိုကေ ဒေအပင်ကို ပြုစုပီး နီရေ လူတိကို တစ်ခေါက်လောက် ကျွေးကြည့်ချင်ပါရေထော။ ဆုပ်ကေစူး၊ စားကေရူး၊ နမ်းကေမူး။ ဒေအပင်မှာ အကျိုးပြုဖို့ ဇာနီရာမှာပါလီလေ။ သူ့တစ်ကိုယ်ရည်တစ်ကာယ အကျိုးကလွဲလို့ ဇာတစ်ခုလေ့ အကျိုးမပြုမှန်း သိယင့်သားနန့်၊ အန္တရာယ်ဟိရေမှန်း သိယင့်သားနန့် အကျွန်ရို့ခြံထဲမှာ စိုက်ပျိုးပြုစုနီစွာကို အကျွန်ရို့က ဒေအတိုင်းထိုင်လို့ ကြည့်နီရပါရေကာ။
အရပ်တပါးကလူတိ ဒေရပ်ဒေရွာက အနီအထားကို မလေ့လာရေလူတိ၊ ရွာအတ္တုပ္ပတ္တိကို မသိရေ လူတိ၊ ယင်းပိုင် တခြားရွာကလူတိစွာ ဒေရွာမှာပေါက်ရောက်နီရေအပင်ကို ဇာအပင်မှန်းမသိ၊ ပဒိုင်းပင်မှန်း မသိ၊ အဆိပ်ပင်မှန်းမသိ၊ အဆိပ်သီးမှန်မသိ၊ မျိုးပွားအောင် မျိုးကောင်းအောင် ပြုစုပျိုးထောင်ပီးနီကတ်တေ။ ဒေအသီးကိုမစားဖူးလို့လား၊ ဒေအသီး၏ အာနိသင်ကိုမသိလို့လား၊ ယင်းပိုင်ဆိုကေ ဒေအပင်ကို ပြုစုပီး နီရေ လူတိကို တစ်ခေါက်လောက် ကျွေးကြည့်ချင်ပါရေထော။ ဆုပ်ကေစူး၊ စားကေရူး၊ နမ်းကေမူး။ ဒေအပင်မှာ အကျိုးပြုဖို့ ဇာနီရာမှာပါလီလေ။ သူ့တစ်ကိုယ်ရည်တစ်ကာယ အကျိုးကလွဲလို့ ဇာတစ်ခုလေ့ အကျိုးမပြုမှန်း သိယင့်သားနန့်၊ အန္တရာယ်ဟိရေမှန်း သိယင့်သားနန့် အကျွန်ရို့ခြံထဲမှာ စိုက်ပျိုးပြုစုနီစွာကို အကျွန်ရို့က ဒေအတိုင်းထိုင်လို့ ကြည့်နီရပါရေကာ။
အာယားပြေ ပါမွှားချေစကား - ကိုလွမ်းဝေ (သံတွဲ)
သင်္ကေတကို
ထုတ်ဖော်ပြစွာ
ပညာပါမှ...။
ကျွန်တော် ဆရာမဟုတ် မလုပ်။
ကဗျာ သမုဒ္ဒရာ
စာသမုဒ္ဒရာထဲက
မြူမှုန်ချေတစ်ပွင့်ပါရာ။
အာယားပြေ ပါမွှားချေစကား
ကဗျာသမား...
စာသမား...
ဆရာများ... သို့။
နက်ဖန်အတွက်မျက်နှာ - မောင်ကျီစယ်
ကိုယ့်အတတ်ကိုယ်စူး
ကိုယ့်ရှူးကိုယ်ပတ်
လူနှပ်ပုဆိုးကျွတ်ခဲ့ပြီ။
သောက်ရှက်လည်းကွဲ
သောက်ကျိုးလည်းနည်းခဲ့ပြီ။
တစ်နပ်စာကို တစ်သက်စာထင်
ခွေးအမြင်နဲ့ကြည့်
ဆိပ်ပြည့်မြှားထိ
ပါးစောင်ငြိတဲ့အဖြစ်
ယူလိုက်မိတဲ့ ဟိုလူဆီကပိုက်ဆံ
အခုတော့ သူများအကြံအောက်
ပြားပြားမှောက်ရတော့မလို
အမျိုးသားရဲ့ဂုဏ်ဟန်
အမျိုးမာန် ဇာတိမာန်
ဘာမှမကျန်တော့။
အဘာ၏ပိုင်ဆိုင်မှု
မဟာဂရုဏာရှင်
ဘာဘာမှာ
သားသမီးတိ သောက်လို့မကုန်ရေ
မိတ္တာစမ်းတွင်းကြီးဟိရေ။
ခန္တီစွမ်းအားရှင်
ဘာဘာမှာ
သားသမီးတိ အညွန့်တက်လှဖို့
စတေးခံရရေချွေး
အသားမာတက်နိန်ရေ ခြီအစုံ
ရာသီဥတုနန့် အသက်လုခရရေ အချိန်တိဟိရေ။
ဧည့်သည်မမည်
ရုပ်ကြည့်ပနာ မဆုံးဖြတ်ကဲ့
ရခိုင်အိုးစည်
ရခိုင်ပြည်၌ ဓည၀တီခေတ်ကပင် သုခုမ အနုပညာထွန်းကားခဲ့ကြောင်း သိရှိရပါသည်။ ရခိုင်တို့၏ ဂီတအနု ပညာနှင့် သက်ဆိုင်သော တူရိယာပစ္စည်းများမှာလည်း အများအပြားပင် ရှိခဲ့ပါသည်။
ရခိုင်တို့၏ တူရိယာပစ္စည်းများနှင့် ပတ်သက်သော မှတ်တမ်းများကို ရှေးစာဟောင်း ပီဟောင်းများတွင် တွေ့ ရှိရပါသည်။
စန္ဒသူရိယလက်ထက် မဟာမုနိရုပ်တုတော်ကိုသွန်းလုပ်သည့်အခါ ရခိုင်တူရိယာများ တီးမှုတ်ခဲ့ကြကြောင်း ကို ရခိုင်ရာဇ၀င်လင်္ကာ၌ 'ထူးကဲသာယာ၊ များစွာပဉ္စင်၊ သဘင်ခြိမ့်ခြိမ့်၊ တသိမ့်သိမ့်လျှင်၊ ပျော်ရွှင် မှုတ်တီး၊ နားမငြီးသည်၊ ပွဲကြီးသဘင် ထူးဆန်းတည့်' ဟူ၍ ဖွဲ့ဆိုထားကြောင်း တွေ့ရှိရပါသည်။
ရခိုင်တို့၏ တူရိယာပစ္စည်းများနှင့် ပတ်သက်သော မှတ်တမ်းများကို ရှေးစာဟောင်း ပီဟောင်းများတွင် တွေ့ ရှိရပါသည်။
စန္ဒသူရိယလက်ထက် မဟာမုနိရုပ်တုတော်ကိုသွန်းလုပ်သည့်အခါ ရခိုင်တူရိယာများ တီးမှုတ်ခဲ့ကြကြောင်း ကို ရခိုင်ရာဇ၀င်လင်္ကာ၌ 'ထူးကဲသာယာ၊ များစွာပဉ္စင်၊ သဘင်ခြိမ့်ခြိမ့်၊ တသိမ့်သိမ့်လျှင်၊ ပျော်ရွှင် မှုတ်တီး၊ နားမငြီးသည်၊ ပွဲကြီးသဘင် ထူးဆန်းတည့်' ဟူ၍ ဖွဲ့ဆိုထားကြောင်း တွေ့ရှိရပါသည်။
ရခိုင်မင်းသမီးဧချင်း (သို့) မောက်တော်ဧေးခြင်း - ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)
ရှစ်သောင်းပုထိုးတော်ကြီး အတွင်းရှိ ရုပ်လုံးရုပ်ကြွများ၏ ပုံသဏ္ဍာန်ကို လေ့လာချက် (ဘွဲ့ယူစာတမ်း)
အတိတ်ကိုပြန်ကြည့်လိုက်တေအခါ
မျိုးဆက်ရင်သွီးတိ အနာဂတ်လှပစီဖို့
ပစ္စုပ္ပန်ကို အသက်နန့်ထွန်ယက်
အခက်အခဲတိကို ရင်ဆိုင်ဖြေရှင်း
နာရီစက္ကန့်တိကို ရွီတွက်ချိန်မရ
ပက်ခုံးထက်ကတာဝန်
ပြီးမြောက်အောင်ထမ်းရွက်ခစွာ
အနာဂတ်မျိုးဆက်အတွက် စံပြဌာနတစ်ခု။
အသက်ကြီးဘာဘာ
သွားမဟိရေ ဘာဘာ
ဇာလောက်ပင်ရယ်ပြရယ်ပြ
သွားဖြူဖြူကပေါ်မလာ
လျှာဖျားရာ ပြူတစ်ပြူတစ်ပေါ်
လူအများအမြင်မတော်။
သြော် ဘာဘာ...
ဇာလောက်ပင် ဘာဘာရယ်ပြ
လူများကလျှာကိုရာ မြင်ရရေဘဝ
ဟန်ဆောင်မရ။ အိုရနာရ
သီကတ်ရ၊ ဘ၀မလှ၊ လောကသဘာဝ။ ။
သမီးကြီးမစိန်တန်
မြောက်ဦးကဗျာသျှင်များ စုစည်းထုတ်ဝေသည့် FATHER DAY ကဗျာစာအုပ်မှ-
A study of Buddhist sculptures found in Rakhine old Dhanyawaddy city compared with in Indian old Buddhist arts
ရခိုင်တော်လှန်ရေး ကဗျာစစ်
ရခိုင်ရိုးမတောင်၏ အရှေ့ဘက်နေ၊ မြန်မာအမျိုးသားတို့၏ စာပေ၀င်ထဲတွင် တကယ့်တော်လှန်ရေး ကဗျာ များကား ရှားပါးသည်ကို တွေ့ရပေသည်။ တကယ့်တော်လှန်ရေး ကဗျာဟူသည်ကား သူတပါးတို့ ထကြွ တော်လှန်ကြပြီးနောက် အာဏာလက်ဝယ်သိမ်းပိုက်ကာမှ ရေးတတ်ကြသော မော်ကွန်း၊ ရဲတင်း၊ မြင်းရည် တက်ကဗျာများကို မဆိုလိုပေ။ တော်လှန်ရေး ခေါင်းဆောင်ကိုယ်တိုင် ရေးစပ်ကာ တိုက်လို၊ ခိုက်လို၊ တော် လှန်စေလိုသော အရေးအသား၊ သဘောထား အဓိပ္ပါယ်ကုံလုံပြည့်ဝသည့် ကဗျာကိုသာလျှင် တော်လှန်ရေး ကဗျာစစ်ဟု ဆိုရပေမည်။
ဝေသာလီခေတ် အမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု ပန်းပုရုပ်ထုလုပ်ခြင်းဆိုင်ရာ စာတမ်း
ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဆင်းတုတော်များကို သမိုင်းရှုထောင့်မှ လေ့လာချက် (မြောက်ဦးခေတ်အထိ)
ရခိုင်ပြည်နယ် အစီရင်ခံစာ (မောင်ထင်)
မြစ်ဝှမ်းတလျှောက်လုံးတွင် လယ်များ၊ ဥယျာဉ်များနှင့် ခြံများသည် စိမ်းလန်းအေးမြသော အရိပ်အာဝါသကို ပေးနေကြသည်။ ထိုအရိပ်အာဝါသအောက်တွင် စစ်တကောင်းအနွယ်လူမျိုးတို့နှင့် ရခိုင်တိုင်းရင်းသားတို့ သည် နီးတကျက်ကျက် ဝေးတသက်သက် စကားစဉ်အရ အတူတကွ နေထိုင်လာခဲ့ကြသည်။ ဤသို့နေ ထိုင်လာသည်မှာ မနေ့က နေထိုင်လာသည်မဟုတ်။ ဗြိတိသျှတို့ ရခိုင်ပြည်ကို ချဉ်းနင်းဝင်ရောက် လာသည့် နေ့ကစ၍ နေထိုင်လာခြင်းဖြစ်သည်။
စစ်တကောင်းသား ဘင်္ဂါလီများ
စာရေးဆရာကြီးမောင်ထင် (ရခိုင်တိုင်းမင်းကြီး ဦးထင်ဖတ်) သည် ၁၉၆၀ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်းတွင် "ရခိုင်ပြည်နယ်" အစီရင် ခံစာ ကို ရေးသားခဲ့သည်။ ၎င်းအစီရင်ခံစာထဲတွင် ရခိုင်တို့သည် အိမ်ရှင် ဖြစ် ၏။ စစ်တကောင်းသားတို့က ဧည့်သည်တည်း။ သို့ရာတွင် ကျွန်ုပ်တို့ တိုင်းရင်းသားများသည် လူမျိုးမာနရှိကြ သည်။ ရာဇ၀င်ကို ပြန်ကြည့် လျှင် ကျွန်ုပ်တို့သည် သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသည်ဟု ဆို၏။ ရခိုင် တို့သည် မြန်မာအကြီးစားဖြစ်သည်။ ထို့ကြောင့် ရခိုင်သည် သာကီ ၀င် အကြီးစားဟု ဆိုချိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆွေမျိုးကြီးသည် တော်ရုံတန်ရုံအလုပ်ကို အောက်ကျနောက်ကျအလုပ်ဟု ထင်သည်။ ဧည့်သည်လူမျိုးတို့ကရကြည်ရာ မြက်နုရာ၌ နယ်သစ်တည်ရန် ရောက် လာကြသူများဖြစ်၍ ပိုက်ဆံရမည့် အလုပ်မှန်သမျှကို အောက်ကျ နောက် ကျ ဖြစ်သည် ဟု မယူဆကြချေ။ ထို့ကြောင့် ဧည့်သည်တို့ နေထိုင်ရာ ကုလားပန်ဇင်းမြစ်ဝှမ်း၏ အနောက်ဘက်ကမ်းခြေတွင် လယ်ယာဥယျာဉ်၊ သီးနှံလုပ်ခင်း၊ နွားခြံဆိတ်ခြံတို့ သည် ရွှေပဒေသာပင် မြေကပေါက်စေသောဝ်ဟူသည့် သဘောတရား အတိုင်း မြေမှ ပေါက်လာကြ၏။
ထထ
ပင်ယံထက်က သဇင်လက်ကျန်
အဘာသား သမီးရို့...
တစ်ဝက်တစ်ပျက်အလှနန့် အိပ်မောကျနိန်တုန်းလား?
ထော!
ပင်ခြီရင်းမှာ ဂုန်ဒလိုင်းနွယ် အသင်္ချေရို့က
တစ်ပင်ကိုတစ်ပင်ယှက်
ပင်ယံထက်ကို လှမ်းဗျာယ်တက်နိန်ကတ်ယာ။
သွီးရင်း(မြောက်ဦး)
ဂုန်ဒလိုင်းနွယ်=ကောင်စီနွယ်
မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့် FATHER DAY ကဗျာစာအုပ်မှ-
စေတနာကြိုးထိပ်က ဝေဒနာစွန်၏ အားမာန်
သူ ဒေလက်ကြားချေထဲသို့ တစ်ခါချေလေ့ ၀င်ဖူးခသူ မဟုတ်ပါ။ ၀င်လေ့ မ၀င်ချင်ပါ။ ၀င်ချင်စိတ်လေ့ဟိကို မဟိပါ။ ယကေလေ့ အဂုတော့ သူတစ်ခါချေလေ့ ၀င်လေ့ဝင်ထမဟိရေ ဒေလက်ကြားချေ၏ ၀င်ဝလမ်းထိပ် မှာ မှိန်ဖျော့ဖျော့ မျက်နှာနန့် သူရပ်နီမိပါရေ။ လက်ကြားချေထဲသို့ မ၀င်ခဘဲ လှည့်ပြန်ရဖို့လားလို့လေ့ သူ စဉ်းစားမိပြန်ရေ။ ယင်းပိုင် စဉ်းစားမိတိုင်းလေ့-
'အရီးသားချေကို မောင်ယေ မပြောပြကေ ဇာသူလာလို့ ပြောပြဖို့သိမ့်ရောင်။ ဖြစ်အောင် တစ်ခေါက် လောက် ပြောပြပလင့်မောင်ယေ။ မောင်ယေ စကားကိုတော့ခါ နားထောင်ဖို့ထင်ရေ။ အရီးတော့ခါ ပြောဖို့ အပေါက်လေ့ မမြင်ယာ။ သူ့ညီမချေ ပြောပြကေလေ့ နားမထောင်တင်မက သတ်ဖို့တောင် တရဲရဲ။ အရီး မောင်ယေကို တစ်ခေါက်အားကိုးချင်ရေ မောင်ယေ'လို့။