အဘာ၏ပိုင်ဆိုင်မှု

မဟာဂရုဏာရှင်
ဘာဘာမှာ
သားသမီးတိ သောက်လို့မကုန်ရေ
မိတ္တာစမ်းတွင်းကြီးဟိရေ။

ခန္တီစွမ်းအားရှင်
ဘာဘာမှာ
သားသမီးတိ အညွန့်တက်လှဖို့
စတေးခံရရေချွေး
အသားမာတက်နိန်ရေ ခြီအစုံ
ရာသီဥတုနန့် အသက်လုခရရေ အချိန်တိဟိရေ။

ဗိမာန်ရှင်
ဘာဘာမှာ
သားသမီးတိ အမောပြောဖို့
နွီးထွီးရေရင်ခွင် အီးမြရေအရိပ်ဟိရေ။

သတ္တိရှင်
ဘာဘာမှာ
လောကဓံနန့် အက်မိရေအချိန်
ကိုယ်လွတ်မစိုင်ဘဲ
ရင်ဆိုင်ဖြေရှင်းဖို့
ဇွဲတင်းထားရေ "တာဝန်ယူစိတ်"ဟိရေ။

မမူ(မြောက်ဦး)

မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့်  FATHER DAY ကဗျာစာအုပ်မှ-

No comments:

Post a Comment