အာယားပြေ ပါမွှားချေစကား - ကိုလွမ်းဝေ (သံတွဲ)

ဖော်ထုတ်တူးဆွ
သင်္ကေတကို
ထုတ်ဖော်ပြစွာ
ပညာပါမှ...။

ကျွန်တော် ဆရာမဟုတ် မလုပ်။
ကဗျာ သမုဒ္ဒရာ
စာသမုဒ္ဒရာထဲက
မြူမှုန်ချေတစ်ပွင့်ပါရာ။

အာယားပြေ ပါမွှားချေစကား
ကဗျာသမား...
စာသမား...
ဆရာများ... သို့။

မညှိ မညှာ
အသိထွာနန့်
အဘိဓမ္မာလွန်ဆွဲပွဲလား...။

ဖျောက်ဖျက်မရရေ
ကျောက်ထက်က အက္ခရာတိ
သမိုင်းကြောင်းတိ
တိမ်းစောင်းရွိအောင်
ဗိန်းဗောင်းထိ
ထိုပိုင်ကလိ ဒေပိုင်ကလိ။

တစ်ယောက် ဘဒူဆိုကေ
တစ်ပေါက်က အဒူလို့ပြော
ဇာသဘောလေး...
သံတူကြောင်းကွဲ
ဝါယောကဲကေ
လွဲလီဖိဝေး...။

အသေးချေတိအစ
သတိချ
အတိအကျ ဥပဒေသ။

ကျူနန့်ဝါး
ဖြူနန့်ဖား
တူယင့်လား
လူနန့်နွားကို
ဘဇောင်ဆိုဖို့။

ညောင်မျိုရေအပင်မှာ
အချောင်ခိုချင်ရေ တောက်တဲ့
ဘဇောင်ပိုင်အော်အော်
အနောက်က နီမထွက်။

ကိုလွမ်းဝေ (သံတွဲ) 


၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်ဝေသော ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း အမှတ်(၁) မှ-

No comments:

Post a Comment