ရုပ်ကြည့်ပနာ မဆုံးဖြတ်ကဲ့

အရောင်မပြောင်ရေ ချည်သား အင်္ကျီကို ၀တ်ထားရေ ၀ါကြီးတစ်ယောက်နန့် အိပ်ခြုပ်အင်္ကျီနနွမ်း တစ် ထည်ကို ၀တ်ထားရေ ၀ါကြီးမတစ်ယောက် ဘော်စတွန်မြို့ ဘူတာထဲက ထွက်လာကတ်ပနာ ဟားဗတ် တက္ကသိုလ် ဥက္ကဌ ရုံးခန်းထဲကို ၀င်လားကတ်တေ။ ကျွန်းသား လင်မယားပုံ ပေါက်နိန်ရေ စုံတွဲကို အတွင်းရေးမှူးမက အပြင်ကို ထွက်လာပနာ ဥက္ကဌကြီးနန့် တွိဖို့ ချိန်းထားလားလို့ လာမိန်းပါရေ။ လင်မ ယားက ချိန်းထားစွာ မရှိပါ။ ယေကေလည်း ဥက္ကဌနန့် တခေါက်ဖြစ်အောင် တွိချင်ပါရေ လို့ ပြောလိုက် ပါရေ။

"ဥက္ကဌကြီး တရက်လုံး အလုပ်များနိန်ဖို့ ထင်ပါရေ။"

"ရပါရေ၊ အကျွန်ရို့ စောင့်နိုင်ပါရေ။"

တနားစောင့်ပနာ ပြန်ထွက်လားကတ်လိမ့်မေလို့ အတွင်းရေးမှူးမ ထင်ထားကေလည်း တစ်နာရီ၊ နှစ် နာရီရာ ကြာလာပါရေ။ လင်မယားနှစ်ယောက် ထွက်လားဖို့ပုံ လုံးဝ မပြပါ။ နောက်ဆုံးမှာ အတွင်းရေးမှူးမ မနိန်နိုင်ဘဲ ဥက္ကဌကြီးကို ဆယ့်ငါးမိနစ်လောက် လက်ခံတွိပီးဖို့ လားပြောရပါရေ။ ဥက္ကဌကြီးက အလုပ်များ နိန်ရေ ကြားက သက်ပြင်းချပနာ လာတွိခိုင်းဖို့ ပြောလိုက်ပါရေ။

ကမ္ဘာ့အကြီးကျယ်ဆုံး တက္ကသိုလ်တစ်ခုက ဥက္ကဌရာထူးကို ယူထားရေ ပုဂ္ဂိုလ်ကလည်း ရုံးခန်းထဲကို ၀င် လာရေ ကျွန်းသားပုံလင်မယားကို အရေးတယူ ကကောင်း လုပ်မနိန်ဘဲ လက်ခံတွိလိုက်ပါရေ။

ဝါကြီးမက သူ့သားစွာ ဟားဗတ်တက္ကသိုလ်က ကျောင်းသားတစ်ယောက် ဖြစ်ပြီးကေ အယင်နှစ်က အက်ဆီးဒင့် ဖြစ်ပနာ သီလားခလို့ လင်မယားနှစ်ယောက်က သားအတွက် အမှတ်တရ တခု ကျောင်းဝင်း ထဲမှာ လုပ်ပီးချင်လို့ပါရာလို့ ပြောလာပါရေ။

"အင်း၊ ဟားဗတ်တက္ကသိုလ်ကို တက်ပနာ သီလားတိုင်းရာ အမှတ်တရ မှတ်တိုင် စိုက်ထူပီးရဖို့ဆိုကေ ကျွန်တော့်တက္ကသိုလ်လည်း သင်္ချိုင်းနန့် တူလီပါဖို့ဗျာယ်။"

"မဟုတ်ပါ။ ကျောက်တိုင် ထူပီးဖို့ ပြောစွာမဟုတ်ပါ။ ဟားဗတ်တက္ကသိုလ်အတွက် အဆောက်အဦး တစ်ခုခု လှူပီးချင်လို့ပါရာ။"

ဥက္ကဌက ကျွန်းသား လင်မယားကို မျက်လုံးဝင့်ပနာ တစ်ချက် ဝေ့ကြည့်လိုက်ဗျာယ် "အဆောက်အဦး ဟုတ်လား။ အဆောက်အဦး တစ်လုံးဆောက်ဖို့ ဘလောက်ကုန်ကျရေဆိုစွာကိုက တွက်ကြည့်ကတ်ပါယင့် လား။ အဂု ဟားဗတ်တက္ကသိုလ် ပင်မ အဆောက်အဦးကို ဒေါ်လာ (၇)သန်းခွဲတောင် အကုန်အကျ ခံပနာ ဆောက်ထားစွာပါ။" လို့ပြောယင်း ကျောလိုက်ပါရေ။

ဝါကြီး လင်မယား ငြိမ်ကျလားစွာကို ကြည့်ပနာ ဥက္ကဌကြီးက ၀မ်းထဲမှာ ပီတိဖြာနိန်ပါရေ။

တနားကြာရေခါ ၀ါကြီးမက ၀ါကြီးဖက်ကို လှည့်ပနာ "တက္ကသိုလ်တစ်ခုစဖို့ ဒေါ်လာ(၇)သန်းခွဲရာ လိုပါရေ လတ်ထော။ အကျွန်ရို့ ကိုယ့်စွာကိုယ် ဆောက်ကတ်ပါဖို့ဗျာယ်။"လို့ လှမ်းပြောလိုက်ပါရေ။ ၀ါကြီးက လည်း ခေါင်းညိတ်လိုက်ပါရေ။ တက္ကသိုလ် ဥက္ကဌကြီးက ခေါင်းမွီးတိ ထောင်ထလားပနာ ဇာပြောလို့ ပြောရ မှန်းမသိ ဖြစ်လားပါရေ။

မစ္စတာနန့် မစ္စ လီလန့် စတန်းဖို့ဒ် ရို့စွာ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလို အော်တိုကို လားပနာ စတန်းဖို့ တက္ကသိုလ် ဆိုစွာကို သားကို အမှတ်တရ အနိန်နန့် တည်ဆောက်လားကတ်ပါရေ။ ဟားဗတ်တက္ကသိုလ် ကို တော့ခါ မလှူဒါန်းခကတ်ပါဗျာယ်။

ဘ၀သင်ခန်းစာ။      ။ လူတိုင်းကို ရုပ်ကို ကြည့်ပနာ ဆုံးဖြတ်လို့ မရနိုင်ဆိုစွာကို အေဖြစ်ရပ်မှန်က ထင် ဟပ်ပြနိန်ပါရေ။ အပြင်ပန်းကိုရာ ကြည့်ပနာ သုံးသပ်တတ်တေ။ ဆက်ဆံတတ်တေ ကျွန်တော်ရို့ ဥာဏ်ဆိုး ကို အေနိန့်ကပင် အဆုံးသတ်လုက်ကတ်ပါမေ သူငယ်ချင်းရို့။

KWKhaing (AMP)

2 comments:

  1. ကောင်းရေကိုးး ကောင်းရေ.

    ReplyDelete
    Replies
    1. ဇာဖြစ်လေ ကိုကို... အဆင်မပြေစွာတိဟိမ့်ကေပြောချက်...

      Delete