မျိုးဆက်ရင်သွီးတိ အနာဂတ်လှပစီဖို့
ပစ္စုပ္ပန်ကို အသက်နန့်ထွန်ယက်
အခက်အခဲတိကို ရင်ဆိုင်ဖြေရှင်း
နာရီစက္ကန့်တိကို ရွီတွက်ချိန်မရ
ပက်ခုံးထက်ကတာဝန်
ပြီးမြောက်အောင်ထမ်းရွက်ခစွာ
ရှင်သန်ဖို့အတွက်
ပတ်ဝန်းကျင်အများကြီးလိုကေလေ့
သားသမီးကောင်းတစ်ယောက်ဖြစ်လာဖို့
ဖခင်ကောင်းတစ်ယောက်ရာလိုရေ
ကြီးကျယ်ခမ်းနားရေ အတိတ်သမိုင်းကို
အလှပဆုံးဆင်မြန်းဖို့
မျိုးဆက်သစ်တိစွာ
ပန်းခင်းတစ်ခု။
နှင်းချိုလှိုင်(မြောက်ဦး)
မြောက်ဦးကဗျာသျှင်များစုစည်းထုတ်ဝေသည့် FATHER DAY ကဗျာစာအုပ်မှ-
No comments:
Post a Comment