မြန်မာနိုင်ငံ ရခိုင်ဒေသတွင် ရခိုင်မင်းများလက်ထက်က မြောက်ဦးနယ်မြေ ပတ်ဝန်းကျင်၌ စစ်သုံ့ပန်း မွတ် ဆလင်တစ်ချို့ တာဝန်ထမ်းဆောင်ရင်း နေထိုင်ခဲ့ကြသည်။ ရခိုင်လေးသည်တော်တပ်၌ မင်းမှု ထမ်းခဲ့ကြ သည့် အစ္စလာမ်ဘာသာ ကိုးကွယ်သူ မွတ်ဆလင်မင်းမှုထမ်းများကို "ကမန်"ဟုခေါ်ကြသည်။ နန်းတွင်း၌ ဘင်္ဂလီဘာသာ၊ ပါသျှန်ဘာသာ၊ အာရဗီဘာသာများကို ရေးသည့်အခါ လိုအပ်သလို ခိုင်းစေရန် ဘင်္ဂလီ အမှုထမ်းတစ်ချို့၊ စစ်သုံ့ပန်းပါလာသူတစ်ချို့လည်း ရှိခဲ့ကြသည်။ သို့သော် အရေအတွက်အားဖြင့် နည်း သည်။ ထိုသူများကို ရခိုင်ရာဇ၀င်ကျမ်းများ၌ ဘင်္ဂလီကုလား၊ မုသားလမန် စသည်ဖြင့် မှတ်တမ်းတင်ခဲ့ ကြပါသည်။ မြန်မာနိုင်ငံ ပုဂံခေတ်ကျောက်စာများ၌လည်း ကုလ(ခေါ်) အိန္ဒိယကုလားမျိုးတို့ အမည် ရေး သားပါရှိသည်။ ပုဂံတွင် ကုလားကျွန်များစွာ သုံးခဲ့ကြောင်း ဒေါက်တာ သန်းထွန်း၏ ခေတ်ဟောင်း မြန်မာ ရာဇ၀င်စာအုပ်၌ ဖော်ပြထားသည်။ မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းတို့၌ "ရိုဟင်ဂျာ"လူမျိုးဟူသော ဝေါဟာရ တစ်လုံးတစ်ပါဒမျှ မရှိခဲ့ပါ။
ခိုးဝင်မှု
၁၈၂၄-၂၅ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး ရန္တပိုစာချုပ်အရ ရခိုင်ကို ဗြိတိသျှအင်္ဂလိပ်တို့က အိန္ဒိယ ပိုင်နက်ထဲသို့ ထည့်သွင်းလိုက်ချိန်ကစ၍ စစ်တကောင်းသား ဘင်္ဂလီကုလားများသည် ရခိုင်ဘက်သို့ အလုပ်လုပ်ရန် ၀င်လာခဲ့ကြသည်။ အထူးသဖြင့် ဆောင်းရာသီ၌ လယ်ယာအလုပ်ကြမ်း လုပ်ရန် လာကြ ခြင်းဖြစ်သည်။ ရာသီချိန်ကုန်လျှင် မူရင်းဒေသသို့ ပြန်ကြသည်။ နောက်ပိုင်းတွင် ရခိုင် ရေမြေကို အကြိုက် တွေ့ကာ မိမိဒေသသို့ မပြန်ကြတော့ဘဲခိုကပ်ပြီး အခြေစိုက်သူများ ရှိလာကြသည်။ ၁၈၆၉ ခုနှစ် စူးအက် တူးမြောင်း ဖွင့်လှစ်ပြီးနောက် စစ်တကောင်းခရိုင်မှ ဘင်္ဂလီမွတ်ဆလင်များသည် အလုံးအရင်းဖြင့် တံခါးမ ရှိ၊ ဓားမရှိ လှိမ့်ဝင်လာကြသည်။ ထိုမွတ်ဆလင်ဘင်္ဂလီများကို စစ်တကောင်းသားများ (chittagonian)ဟု နာမည်ပေးခဲ့ကြသည်။ (R.B.smat,1917) (james Baxter,1937) စစ်တကောင်းသား ဘင်္ဂလီ ကုလားများ ကို မြန်မာနိုင်ငံသို့ အင်္ဂလိပ် သင်္ဘောကုမ္ပဏီများက သယ်ပို့ပေးခဲ့သဖြင့် နှစ်စဉ် နိုင်ငံခြားသား ကုလားများ အဆက်မပြတ် ၀င်လာခဲ့ကြသည်။ ထိုသို့ ၀င်လာ ကြသူများမှာ အမျိုးသမီးထက် အမျိုးသားများ ပိုများခဲ့ သည်။ ၁၈၇၂ ခုနှစ် အင်္ဂလိပ်-မြန်မာနှင့် အင်္ဂလိပ်၊ ဘင်္ဂလား သန်းခေါင်စာရင်းများအရ စစ်တကောင်းခရိုင် မှာ ရခိုင်တိုင်းသို့ ၀င်လာကြသူများ တွင် န၀ါခါလီမှ ကျား(၅၀.၇%)နှင့် မ(၄၉.၃%)၊ တီပါရာမှ ကျား(၅၁ %)နှင့် မ(၄၉%)၊ စစ်တကောင်း တောင်တန်းမှ ကျား(၅၈.၇%)နှင့် မ(၄၁.၃%)၊ စစ်တကောင်းမှ ကျား(၄၇.၇%)နှင့် မ(၅၂.၃%) ဖြစ်ကြောင်း တွေ့ရပါသည်။ စစ်တကောင်းမှ ၀င်လာသူများတွင် အမျိုးသမီး ဦးရေ ပိုများနေသည်မှာ အမျိုးသားများက ရခိုင်တိုင်းသို့ ကြိုတင်ရောက်နှင့်နေပြီးကြောင်း ထင်ရှားနေပါ သည်။
၁၈၈၀-၈၁ ခုနှစ်တွင် ဘင်္ဂလီကုလား အလုပ်သမား(၄၀၀၀၀)ကျော်၊ မြန်မာနိုင်ငံထဲသို့ တရားမ၀င် ၀င် ရောက်ခဲ့ပြီး နှစ်ကုန်သည့်အခါ (၁၈၀၀၀)ဦးသာ အိန္ဒိယသို့ ပြန်ခဲ့ကြောင်း၊ ၁၈၈၃-၈၄ ခုနှစ်တွင် (၈၃၀၀၀)ဦးထိ ၀င်ရောက်ခဲ့ပြီး နှစ်ကုန်သည့်အခါ (၄၃၀၀၀)ဦးမှာ မပြန်ဘဲ မြန်မာနိုင်ငံ၌ ချန်နေခဲ့ကြောင်း တွေ့ရှိရ ပါသည်။ အင်္ဂလိပ်တို့က ဘင်္ဂလီအလုပ်ကြမ်းသမားများကို တစ်နှစ် နှစ်ကြိမ် အငှါးခေါ်သွင်းခဲ့ကြသည်။ (ရခိုင်တိုင်း လူဝင်မူကြီးကြပ်ရေး လေ့လာချက်)
မောင်တောမြို့နယ်၌ ၁၉၀၁ ခုနှစ်က လူဦးရေးတိုးနူန်းမှာ (၂၁%)ရှိခဲ့သည်။ ၁၉၁၁-ခုနှစ်၊ လူဦးရေ သိပ်သည်းမှုမှာ စစ်တွေ၌ ၆၃၁၆ ဦး၊ မောင်တော၌ ၂၃၀ ဦး၊ ဘူးသီးတောင်၌ ၈၀ ဦး ဖြစ်သည်။ မောင်တောမြို့နယ် လူဦးရေမှာ ၁၉၁၁ ခုနှစ်တွင် ၁၀၁၁၃၄ ဦး ရှိရာမှ ၁၉၂၁ ခုနှစ်တွင် ၁၁၈၂၀၅ ဦး ရှိလာကာ (၁၀)နှစ်အတွင်း ၁၇၀၇၁ ဦး တိုးလာသည်။ မဟာမေဒင်ဦးရေသည် ၁၉၂၁ ခုနှစ်တွင် ၆၀၄၃၀ ဦး ရှိရာမှ ၁၉၄၁ ခုနှစ်တွင် ၁၂၄၄၅၂ ဦးထိ ဖြစ်သွားသည်။ ၁၉၅၆ ခုနှစ် ရောက်သောအခါ ၁၈၇၇၉၂ ဦးထိရှိလာရာ (၁၅)နှစ်အတွင်း ၅၀%တိုးပွားသွားသည်။ ၁၉၇၁ ခုနှစ်တွင် ၂၀၅၇၇၇ ဦး၊ ၁၉၇၅-၇၆တွင် ၂၁၂၀၇၀ ဦး၊ ၁၉၇၇-၇၈တွင် ၂၂၂၈၆၀ ထိတိုးလာသည်။ ပုံမှန် လူဦးရေတိုးပွားနူန်းထက် အဆမတန် တိုးပွားလာနေသည်မှာ နှစ်စဉ် ဥပဒေမဲ့ခိုးဝင်နေကြ၍ဖြစ်သည်။
(၁၈၇၂)ခုနှစ်တွင် စစ်တွေခရိုင် မြို့နယ်(၉)မြို့နယ်၌ ရခိုင်လူဦးရေ (၁၇၁၆၁၂)ဦးရှိပြီး စစ်တကောင်းသား မဟာမေဒင်ဦးရေ (၅၈၂၅၅)ဦးရှိခဲ့ရာ ၁၉၁၁ ခုနှစ်သို့ ရောက်သောအခါ ရခိုင် လူဦးရေမှာ(၂၀၉၄၃၂)ဦးရှိကာ မဟာမေဒင်ဦးရေက (၁၇၈၆၅၄၇)ဦးထိ အဆမတန် တိုးပွားသွားပါ သည်။ R.B Smark ၏ Akyab District Gazetteer ၌ စစ်တကောင်းသား မွတ်ဆလင်များကို "မဟာမေဒင်"ဟုသာ ဖော်ပြခဲ့ပါ သည်။ "ရိုဟင်ဂျာ"ဟူ၍ မရှိခဲ့ပါ။ ထိုသို့ မဟာမေဒင်ဦးရေသည် (၁၈၇၂)ခုနှစ်တွင် (၅၈၂၅၅)ဦးရှိခဲ့ပြီး (၁၉၈၃)ခုနှစ်ရောက်သည့်အခါ (၅၂၉၃၆၉)ဦးထိ ရှိလာပါသည်။ ပုံမှန်လူဦးရေတိုးနှုန်း (၂ရာခိုင်နူန်း)ဖြင့် တွက်ချက်ပါက (၅၈၂၅၅+၁၂၉၃၂၇) တစ်သိန်းသုံးသောင်း ကျော်သာ ရှိရပါမည်။ ပိုနေသည့် သုံးသိန်း သုံးသောင်းကျော်သော လူဦးရေသည် နှစ်ပေါင်း(၁၀၀) အတွင်း ခိုးဝင်လာကြသူများ ထင်ရှားနေပါသည်။ ထိုသူများသည် မြန်မာနိုင်ငံထဲ၌ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ခြင်း အလျဉ်းမရှိခဲ့ပေ။
လက်နက်ကိုင်သောင်းကျန်းမှုအစ
မြန်မာနိုင်ငံ လွတ်လပ်ရေးမရသေးမီ ၁၉၄၆ ခုနှစ်တွင် မွတ်ဆလင် လွတ်မြောက်ရေးအဖွဲ့ (MLO)ကိုဖွဲ့စည်း ပြီး သောင်ကျန်းမှုစတင်ခဲ့ကြသည်။ အရှေ့ပါကစ္စတန်နှင့်အတူပူပေါင်းပြီး မောင်တော နှင့် ဘူးသီးတောင် နယ်မြေကို လွတ်လပ်နယ်မြေ ထူထောင်ရန် ကြံစည်ခဲ့ကြသည်။ (U Kyaw Hla U,1975,p-36) (The Muslins of Burma, p-86-87)။ ၁၉၄၇-၄၈တွင် ဂါရာပြင်၌ "မူဂျာဟစ်"အဖွဲ့ ဖွဲ့စည်းကြပြန်သည်။ ဘာ သာရေး အစွန်းရောက် ဘင်္ဂလီမွတ်ဆလင်များက သောင်းကျန်းကြခြင်း ဖြစ်သည်။ ဂျီဟဒ်(ဘာသာရေး စစ်ပွဲ)အမည်ခံပြီး မွတ်ဆလင်မော်လ၀ီများ ဦးဆောင်မူယူကာ ကျေးလက်ဒေသများ၌ ဓားပြတိုက်၊ ရွာကို မီရှို့၊ အမျိုးသမီးများကို မုဒိန်းကျင့် စသည့်လုပ်ငန်များ လုပ်ခဲ့ကြသည်။ ဘုရား၊ ကျောင်း၊ သိမ်၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးကြသည်။ ဘူးသီးတောင်၊ မောင်တောနယ်တို့ကို ၎င်းတို့အတွက် ပြည်နယ်ထူထောင် ရန် တောင်းဆိုလာကြသည်။ ၁၉၅၁-ခုနှစ် ဇွန်လတွင် "အလယ်သံကျော်ညီလာခံ"ကိုကျင်းပပြီး မြန်မာ အစိုးရထံ "မူဆလင်ပြည်နယ်"ဖွဲ့ပေးရေး အပါအဝင် တောင်းဆိုချက်များစွာ တောင်းဆိုခဲ့ကြသည်။ ထိုအ ချိန်ထိ "ရိုဟင်ဂျာ" ဝေါဟာရ မရှိခဲ့ပါ။ "မူဆလင်"ဟုသာ သုံးနှုန်းခဲ့ပါသည်။ မူဂျာဟစ်သောင်းကျန်းမူကို ၁၉၄၈-စက်တင်ဘာလမှ စတင်ခဲ့ပြီး ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလတွင်မှ လက်နက်ချ ချုပ်ငြိမ်းခဲ့ပါသည်။
ရိုဟင်ဂျာသမိုင်းလိမ်ဇာတ်လမ်း
၁၉၅၁-ခုနှစ်၊ သြဂုတ်လထုတ်၊ ဂါဒီယန် သတင်းစာ၌ ဘူးသီးတောင်မြို့နယ်၊ ပါလီမန်အမတ် မစ္စတာ ဗ္ဗဒူဂါဖါးက အာရပ်သင်္ဘာပျက်ပုံပြင်ဖြင့် ရိုဝန်ညှာ" (Roewenhnya) လူမျိုးသစ်ဇာတ်လမ်းကို စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို"ရိုဝန်ညှာ" လူမျိုးဟူသည့် ဇာတ်လိမ်၊ သမိုင်းလိမ်၊ သမိုင်းတုသာ ဖြစ်ကြောင်းကို ထိုနှစ် စက်တင်ဘာလထုတ်ဂါဒီယန်သတင်းစာ၌ပင် ဆရာ ဖော်ဇံက တုံ့ပြန်ချေပ ရေးသားခဲ့ပါသည်။ ၁၉၆၀-မေလထုတ် ဂါဒီယန်ဂျာနယ်၌ ဘင်္ဂလီကုလား တဟီးရ်ဘာသာက "ရိုဝှန်ဂျာ"လူမျိုးတုကို ထပ်၍ ချဲ့ကား လိမ်လည် ပွဲထုတ်ပြန်ပါသည်။ ထိုသမိုင်းလိမ် ဆောင်းပါးကို လည်းဆရာ ဘစံ(စစ်တွေမောင်)က သမိုင်း လိမ်ဖြစ်ကြောင်း ဖော်ထုတ်တုံ့ပြန် ဝေဖန်ခဲ့ပါသည်။
"ရိုဝှန်ဂျာ"အမည်မှာ ပါရှား၊ အာရပ်နိုင်ငံတို့မှသင်္ဘောဖြင့် ခရီးသွားလာရင်း ဘင်္ဂလားပင်လယ်၌ မုန်တိုင်းမိ သင်္ဘောမြုပ်၍ ရမ်းဗြဲကျွန်းသို့ ကူးခတ်လာရကြောင်း၊ "ရွမ်-ရွမ်" (ကူပါ၊ ကူပါ)ဟု အော်သည်ကို ရမ်းဗြဲ ကျွန်းသားတို့က "ရွမ်"လူမျိုးဟု ကောက်ယူခေါ်ဝေါ်ရာမှ "ရိုဝှမ်ညှာ" ဖြစ်လာ ကြောင်းဆိုပါသည်။ ရိုဟန်(Rohant Rohon)မှာ အာရပ်စကားဖြစ်ကြောင်း ဒေသခံတိုင်ရင်းသားများနှင့် အိမ်ထောင်ပြုပြီး "ရိုဝှန် ညှာ"ဖြစ်လာကြောင်းလည်း လိမ်ပါသည်။ (ဘင်္ဂလီကုလားများနှင့် အိမ်ထောင်ပြုသည့် ရခိုင်သူ၊ ရခိုင်သား ယနေ့ထိလုံးဝမရှိပါ) "ရိုဝှန်ညှာ"မှာ သနားညှာတာ၊ သက်ညှာခံရသူ၊ အရေးပေးခံရသူဟူ၍လည်း အဓိ ပ္ပါယ်ရသေးကြောင်း တစ်နည်းလိမ်ပါသေးသည်။
သို့သော် နောက်ပိုင်း၌ "ရိုဝှန်ညှာ" (Roewenhnya) မဟုတ်တော့ဘဲ ရိုဟန်ဂျာ(Rohengya)၊ "ရိုဟိင်ဂျာ" (Rohingya)စသည်ဖြင့် အမျိုးမျိုးပြောင်းလာပြန်ပါသည်။ အကယ်၍ မြန်မာနိုင်ငံ၌ရှိနေသူ ဘင်္ဂလီ မွတ်ဆ လင်များကို "ရိုဟင်ဂျာ"လူမျိုးဖြစ်သည်ဟုဆိုပါက တစ်ဘက် ဘင်္ဂလားဒေ့ရ်ုနိုင်ငံ၌လည်း "ရိုဟိင်ဂျာ"ဆို သည့် လူမျိုးတစ်မျိုး ယခင်ကပင် ရှိနေရပါမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများမှာ ယင်းနိုင်ငံမှ တရား မ၀င် လာရောက်အခြေချ နေထိုင်သူများဖြစ်၍ပင် ဖြစ်ပါသည်။ သို့ဖြစ်၍လည်း မြန်မာတိုင်းရင်းသားများက သူတို့ကို "ဘင်္ဂလီမွတ်ဆလင်"ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ သူတို့ကလည်း ထိုသို့ပင် ခံယူကြသူများဖြစ် ပါသည်။
ခေတ်အဆက်ဆက်၌ မြန်မာနိုင်ငံရှိ လူဦးရေ၊ အိမ်ထောင်စုစာရင်းများကို လူဝင်မှုကြီးကြပ်ရေး ဌာနက ကြီးကြပ်ရေးထိန်းသိမ်း မှတ်တမ်းတင်ရသည်။ လယ်ယာကိုင်းကျွန်းများကို ခွဲဝေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လယ်သမားတစ်ဦးချင်းအလိုက် နေရပ်လိပ်စာ၊ လူမျိုးအမည်စသည်ဖြင့် မြေစာရင်းဌာန၊ စိုက်ပျိုးရေး ဌာနတို့က မှတ်တမ်းတင် ထိန်းသိမ်းရသည်။ မှုခင်းစစ်ဆေးစီရင်ရာ၌ သက်သေများ၊ အမှု သည်များ၏ နေရပ်လိပ်စာ၊ လူမျိုးအမည် စသည်ဖြင့် ပြည့်ပြည့်စုံစုံကို ရဲဌာန၊ တရားရေးဌာနတို့က ရေးမှတ် စစ်ဆေးရ ပါသည်။ မည်သည့်ရုံး၊ ဌာနမဆို "ရိုဟင်ဂျာ"လူမျိုးဟူ၍ တစ်ဦးတစ်လေမှ မှတ်တမ်း မရှိခဲ့ပါ။ မရှိပါ။ "ဘင်္ဂလီမွတ်ဆလင်"လူမျိုးဟူ၍သာ ရှိပါသည်။ ရခိုင်ဒေသ၌ နေထိုင်သူ မည်သည့် ဘင်္ဂလီကုလားကို မေးမေး သူတို့ကိုယ် သူတို့ "ဘင်္ဂလီမွတ်ဆလင်"ဟုသာ ပြောဆိုဖြေကြားပါမည်။ "ရိုဟင်ဂျာ"လူမျိုးပါဟု မည်သူမျှ ဖြေမည်မဟုတ်ပါ။ နိုင်ငံတကာရောက် ဘာသာရေးအစွန်းရောက် မွတ်ဆလင် ကွန်ယက်များက "ရိုဟင်ဂျာ"ဟု တစ်ရေးနိုးမှာ ထယောင်သူပမာ အော်ဟစ်နေကြသည် ကို ပြည်ပသတင်းမီဒီယာများက အခြေခံကျကျ မှန်မှန်ကန်ကန် မလေ့လာဘဲ သံယောင်လိုက်ကာ မီးလောင်ရာ လေပင့်နေကြသည်မှာ တစ်ဖက်သက်ဆန်လွန်းနေပါသည်။
ဝင်ကစွပ်များ
နောက်တစ်ချက်မှာ မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ ရွာအမည်များကို ဆန်းစစ်ကြည့်ပါက ဘင်္ဂလီ ဝေါဟာရအမည်ဖြင့် ရွာမှာမရှိသလောက် နည်းပါးသည်။ ဘင်္ဂလီကုလားဝေါဟာရ အမည်ဖြင့် ရွာများ၌ ပါရာ၊ ပါရီ၊ ခါလာ၊ ခါလီ၊ တူလာ၊ တူလီ၊ ကာလာ၊ ကာလီ၊ ဘော်ဒီ၊ ဒီယာ၊ ... စသည့်စကားလုံးများဖြင့် ဆုံးတတ်ပါသည်။ တစ်ဘက်နိုင်ငံမှ ဘင်္ဂလီကျေးရွာ အမည်များနှင့် ယှဉ်ထိုးကြည့်က သိသာပါသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ထိုသို့ ဘင်္ဂလီဝေါဟာရဖြင့် မှည့်ထားသည့်ရွာသာ အားလုံးနီးပါး ဖြစ်နေပါ သည်။ မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ ထိုရခိုင်အမည်ပေါက် ရွာများအားလုံး ယခုအခါ ကုလားရွာ များဖြစ်နေပြီ။ ဥပမာ-မောင်တောမြို့နယ်၌ ပြင်ဖြူချောင်း၊ ဂြင်းချောင်း၊ မြို့သစ်ချောင်း၊ စံပယ်ပင်ရင်း၊ အင်းဒင်၊ စပ်ချကုန်း၊ ငတိုးရွာ၊ အလယ်သံကျော်၊ ငစံဘော်၊ မောင်နှမ၊ ဒိုးတန်း...စသည်ဖြင့် အားလုံး ရခိုင်ရွာဖြစ်ပါသည်။ ဘူးသီးတောင်မြို့နယ်၌လည်း မန်အောင်၊ သာစည်၊ ရွာမ၊ ပုလဲတောင်၊ ဒါးပိုင်ဆရာ၊ ကြာညိုပြင်၊ ဥယျာဉ်သာ၊ လက်ဝဲတက်၊ စေတီတောင်၊ ကင်းတောင်၊ သပိတ်တောင်၊ သိမ်တောင်၊ တပ်ရာ၊ ကျောင်းတောင်... စသည် စသည်ဖြင့် အားလုံး ရခိုင်အမည်ပေါက် ရွာများသာဖြစ်ကြပါသည်။ ဘင်္ဂလီ မွတ်ဆလင်တို့၌ "စေတီ၊ သပိတ်၊ သိမ်၊ ကျောင်း" ဝေါဟာရရှိစရာ အကြောင်းမရှိပါ။ ယခုမွတ်ဆလင် ကုလားရွာများဖြစ်နေကြပြီး ထိုသို့ ဘင်္ဂလီမွတ်ဆလင်များ ပိုင်ရှင်ခံနေထိုင်ကြသည့် ထိုရွာအမည်များမှာ အထက်ကဆိုခဲ့သကဲ့သို့ ရုံး၊ ဌာနများ၌ ခေတ်အဆက်ဆက်ကပင် ရှိနှင့်ပြီး အမည်များဖြစ်၍ မရကြခြင်း ဖြစ်သည်။ သက်ဆိုင်ရာ မြေစာရင်းဌာနများ၌ လယ်ယာကိုင်းကျွန်း လုပ်ကိုင်မှုဆိုင်ရာ စာရင်းမှတ်တမ်း သမိုင်းစဉ်ကို ပြန်ဆန်း စစ်ကြည့်မည်ဆိုပါက ယခု ဘင်္ဂလီကုလားများ လက်ထဲရောက်ရှိနေကြသည့် လယ် မြေ များမှာ ယခင် တစ်ချိန်က ရခိုင်လယ်သမားများ အမည်ပေါက် ပိုင်ဆိုင်လုပ်ကိုင်ခဲ့ကြသည့် လယ်မြေ များဖြစ်ကြောင်း မှတ်တမ်းများက ပြောပြပါလိမ့်မည်။ ၁၉၄၂ ခုနှစ်၊ ကုလား-ရခိုင်အဓိကရုဏ်းကြောင့် လည်းကောင်း၊ လွတ်လပ်ရေးရစ "မူဂျာဟစ်" သူပုန်အန္တရာယ်ကြောင့်လည်းကောင်း၊ ထိုမြို့နယ်များမှ ရခိုင် လယ်သမားများမှာ ရာများကို မီးရှို့ခံခဲ့ကြရသည်။ သတ်ဖြတ်၊ မုဒိန်းကျင့်မှုများ ခံခဲ့ကြရသည်။ ကျီးလန့်စာ စားဘ၀ဖြင့် ရခိုင်တိုင်းရင်းသားများမှာ မိမိတို့ဇာတိရွာများကို စွန့်ခွာထွက်ပြေးလာခဲ့ကြ ရသည်။ ရွာပုန်း၊ ရွာရှောင်ဘ၀ဖြင့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ စသည့် မြို့နယ်အသီးသီးသို့ ပြောင်းရွှေ့ အခြေချနေထိုင်လာခဲ့ကြရသည်။ ဇာတိမြေ၊ ဇာတိရွာများ၊ မိမိပိုင် လယ်မြေ ကျွဲနွားများကို လက်လွှတ် ဆုံးရှုံးခဲ့ကြရသည်။ ထိုသို့ ဆုံးရှုံးမှု များစွာဖြင့် စွန့်ခွာလာရသည့် ရခိုင်တိုင်းရင်း သား မျိုးဆက်များ ယခုထိ သက်သေထင်ရှား ရှိနေပါသည်။
မောင်တောမြို့နယ်၌ ၁၉၂၁ ခုနှစ်က ရခိုင်တိုင်းရင်းသားနေထိုင်သည့်ရွာ (၁၄၀)ရွာရှိခဲ့ပြီး ၁၉၄၁ ခုနှစ် တွင် (၁၂၉)ရွာ၊ ၁၉၄၂ ခုနှစ် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ပွားသည့်အခါ ရခိုင်တိုင်းရင်း သားရွာအားလုံး မှာ မီးရှို့ခံခဲ့ရသည်။ စစ်ပြီးစ၌ ရွာပုန်းရွာရှောင် တစ်ချို့ မိမိဇာတိရွာသို့ ပြန်လာပြီး အခြေစိုက်ခဲ့ကြသော ကြာင့် ရခိုင်ရွာ(၆၈)ရွာ ပြန်ဖြစ်လာပါသည်။ မူဂျာဟစ်သူပုန်ထသောအခါ ၄င်းရွာများအနက် (၆၁)ရွာမှာ ပြိုပျက်ခဲ့ရပြန်ပါသည်။ ၄င်းရွာသားများ ရွာပုန်းရွာရှောင်ဘ၀ ပြန်ရောက် ခဲ့ကြရပါသည်။ ယနေ့အခါ မောင်တောမြို့နယ်၌ တိုင်းရင်းသားဦးရေ ၂%သာ ကျန်တော့ပြီး ဘူးသီးတောင်မြို့နယ်၌ (၁၂%)ခန့်သာ ရှိတော့သည်။ ဤအချက်အလက် အကြောင်းခြင်းရာများကို ပြည်ပသတင်းမီဒီယာများနှင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့နယ်များ၌ တာဝန် ယူဆောင်ရွက်နေကြသည့် NGO များက အသေးစိတ်လေ့လာဆန်းစစ်ကြည့်သင့်ပါသည်။ ဖော်ထုတ် ပြသင့်ပါသည်။ တစ်ဘက်နားဖြင့် အမှန်တရား ကို ရနိုင်မည်မဟုတ်ပါ။ သိသိကြီးနှင့် ဘက်လိုက်ပြော ဆိုနေလျှင်ကား ကြံရာပါများဖြစ်သွားပါလိမ့်မည်။
ရခိုင်တိုင်းမင်းကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ဆရာကြီး မောင်ထင်၏ ၁၉၆၀ ခု၊ ဇူလိုင်လထုတ် မြ၀တီ မဂ္ဂဇင်းပါ "ရခိုင်ပြည်နယ် အစီရင်ခံစာ"ဆောင်းပါး၌-
"ရခိုင်တို့သည် အိမ်ရှင်ဖြစ်၏။ စစ်တကောင်းသားတို့ကား ဧည့်သည်တည်း။... ဧည့်သည် လူမျိုးတို့က ရေကြည်ရာ မြက်နုရာ၌ နယ်သစ်ထူထောင်ရန် ရောက်လာကြသူများဖြစ်၍ ပိုက်ဆံရမည့် အလုပ်မှန် သမျှကို အောက်ကျ နောက်ကျဖြစ်သည်ဟု မယူဆချေ။" (စာ-၅၃)
"စစ်တကောင်းအနွယ်တို့သည် ကုလားပန်ဇင်းမြစ်ဝှမ်းသို့ ရောက်သောအခါ နို့စားဆိတ်မ တစ် ကောင်သာ ယူဆောင်ခဲ့ကြသည်။ ၄င်းတို့နှင့်အတူ ရှေ့က မြန်မာနိုင်ငံတွင် မနေထိုင်ဖူးသော အဆွေ အမျိုးများလည်း ပါလာကြသည်။ များမကြာမီ ကုလားပန်ဇင်းမြစ်ဝှမ်းဒေသ အနောက်ဘက်၌ လယ်မြေ၊ ဥယျာဉ်၊ ဆိတ်၊ ခြံ စသည်တို့သည် စည်ကားသိုက်မြိုက်လာလေသည်။ အရှေ့ဘက်ကမ်းရှိ ရခိုင်တိုင်းရင်းသားတို့ကား စစ် ဘေး စစ်ဒဏ်ကြောင့် ခရုဆံကျွတ်ဖြစ်နေကြလေသည်။" (စာ-၅၆)ဟု ရေးသားခဲ့ပါသည်။ ဤအချက်မှာ သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းတစ်ရပ်ပင်ဖြစ်ပါသည်။ "ရိုဟင်ဂျာ"ဆို နေသူများမှာ "ဒုက္ခသည်"များ မဟုတ် ကြဘဲ "ဒုက္ခကိုဖန်တီးကြသူများ"သာဖြစ်ကြပြီး ရခိုင်တိုင်းရင်း သားရွာပေါင်းများစွာမှာ ရွာပုန်း၊ ရွာရှောင် ဘ၀ဖြင့် "ဒုက္ခသည်များ" ဖြစ်ခဲ့ကြရပါသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ဥပဒေနှင့် မညီညွတ်သည့်အလုပ်ကိုလုပ်၍ ပြစ်မှုငြိစွန်းသူ ဘင်္ဂလီ မွတ်ဆ လင်များသည် အပြစ်မှလွတ်ကြောင်းဖြင့် ၄င်းတို့မျိုးနွယ်များရှိရာ တစ်ဘက်နိုင်ငံ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခိုလှုံနေလေ့ ရှိကြပါသည်။ ခိုးဆိုး၊ လုယက်၊ မုဒိမ်းအမှုမျိုးစုံဖြင့် ထွက်ပြေးခိုလှုံနေကြသူ မြောက် မြားစွာရှိနေကြပါသည်။ ထိုသူများမှာ တစ်ဘက်နိုင်ငံ ဒုက္ခသည် စခန်းများ၌ ဒုက္ခသည် အခွင့်အရေးများ ရယူရန်ကြိုးပမ်းကာ "ရိုဟင်ဂျာ"ဟု ရောအော်ကြသည်။ လုံခြုံမှုရှာကြသည့် မြန်မာနိုင်ငံအစိုးရက ဖိနှိပ် ညှင်းပန်း၍ ထွက်ပြေးလာရသည်ဟု မုသားဝါဒသုံးကြသည်။
နှစ်နိုင်ငံနယ်စပ်၌ RPF, RSO, RLO, IMA, ARF စသည်ဖြင့် ဘင်္ဂလီဘာသာရေး အစွန်းရောက် မွတ်ဆ လင်များက လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များဖွဲ့ပြီး မြန်မာနိုင်ငံအစိုးရကို အဆက်ဆက် နှောင့် ယှက်ခြိမ်းခြောက် တိုက်ခိုက်ခဲ့ကြသည်။ ထိုသူတို့နှင့် "ရိုဟင်ဂျာ"အော်နေသူ နိုင်ငံတကာရောက် ဘင်္ဂလီ မွတ်ဆလင် အစွန်းရောက်အုပ်စုများသည် ကွန်ယက်ဖွဲ့ဆက်သွယ်မှုရှိနေကြသည်။ ထို "ရိုဟင်ဂျာ"အမည်ခံ မြေပေါ်မြေအောက် အဖွဲ့အစည်းများသည် ရောက်သည့်နေရာ၊ နိုင်ငံ၌ အေးချမ်း စွာမနေကြဘဲ အမြဲလှုပ် ရှားဆူပူနေကြသည်။ သူတို့ရောက်သည့် နိုင်ငံတိုင်း၌ အန္တရာယ်ရှိနိုင်ပါသည်။ လူ့အခွင့်အရေး အရေခြုံပြီး အမှန်တကယ်မရှိခဲ့သည့် "ရိုဟင်ဂျာ"ဟူသော လူမျိုးလိမ်ပုံပြင်သစ်တစ်ခု ကို ကမ္ဘာသိအောင် ပရိယာယ် ၀င်္ကန္တ အောက်လမ်းနည်းမျိုးစုံဖြင့် အခြေအမြစ်မရှိ အော်ဟစ်နေခြင်း မှာ "သူခိုးက လူ-လူ ဟစ်နေတာ" သာ ဖြစ်ပါသည်။ သူခိုးကို ဓါးရိုးမကမ်းကြပါနှင့်ဟုသာ ပြည်ပသတင်းမီဒီယာများနှင့် ဆိုင်ရာဌာန အဖွဲ့အစည်းများကို မေတ္တာရပ်ခံလိုပါသည်။ ရွှေစင်မှန်လျှင် မှတ် ကျောက်တင် ခံနိုင်ရမည်ဖြစ်ပါသည်။ သမိုင်း၏ အမှန်တရားကို အမှန်အတိုင်း ဘက်မလိုက်ဘဲ ရေးကြ၊ ပြောကြပါဟုသာ ထပ်လောင်းတိုက်တွန်းအပ်ပါသည်။
ခိုင်ကျော်(ဥပဒေ)
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်ဝေသော ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း အမှတ်(၁) မှ-
No comments:
Post a Comment