ဧည့်သည်မမည်

စာရေးသူသည် မိမိအိမ်ပေါ်ထပ်မှနေ၍ အိမ်ရှေ့လမ်းမပေါ်သို့ ဟိုဟိုဒီဒီလိုက်ကြည့်နေယင်း ရေဒီယိုငယ်မှ ထွက်ပေါ်နေသော သတင်းတွေကို နားထောင်နေမိသည်။ ဘင်္ဂလီတွေကို UN နှင့် NGO အဖွဲ့တွေက အကြင်နာပိုနေသည်မှာ ရခိုင်လူမျိုးတွေအနေနှင့် အဘယ်မှာ ဘ၀င်ကျနိုင်ပါအံ့နည်း။

စာရေးသူ ဘင်္ဂလီအရေးတွေးနေစဉ်မှာ ကျွန်တော့်အဖေ၏ အစ်ကိုဖြစ်သူ ဦးရွှေလှအောင်တစ်ယောက် ကျွန်တော့်အိမ်ကို လာနေနေသည်ကို မြင်နေပါသည်။ ဘကြီးမှာ အပေါ်အဖြူ၊ အောက်အဖြူ ၀တ်ဆင် ထားသည်။ လက်တစ်ဖက်မှာ စိတ်ပုတီးကိုကိုင်လျက် အသက်က (၆၄) ကျော်ပြီမို့ တဖက်က တောင်ဝှေး တစ်ချောင်းကိုကိုင်ကာ တရွေ့ရွေ့လာနေသည်ကို ကျွန်တော်မြင်နေရသည်။ ကျွန်တော်၏ အိမ်ခြံဝင်းထဲသို့ ဘကြီးဝင်မည်အလုပ် ငကျားဟုခေါ်သော ခွေးထီးက မဲမဟုခေါ်သော ခွေးမကို ဂဲဂဲဟူသော အသံနှင့်အတူ ရန်မူမည်လုပ်သေးသည်။ မဲမဟုခေါ်သော ခွေးမမှာ ကိန်ကိန်ဟူသော အသံနှင့်အတူ မြေကြီးပေါ်သို့ လှဲချ လိုက်ပြီး အော်သံမဆုံးတော့ပြီ။ မဲမသည် မာယာများကြောင်း၊ အော်သံသည် ဆယ်မိနစ်ခန့် ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးနားချင်းများက သိနှင့်နေပြီးသားမို့ မဲမအော်သည်ကို မည်သူကမျှ ဂရုမမူ သတိမထားကြသည်မှာ ကြာခဲ့လေပြီ။ မာန်ဖီနေသော ငကျားနှင့် ပက်လက်လန်နေသော မဲမကို ဘကြီး မြင်လိုက်ရာ ကြင်နာတတ်သော၊ ကရုဏာကြီးမားသော၊ တရားမျှတသည့် စိတ်ရှိသော ကျွန်တော်၏ဘကြီး မှာ မာန်ဖီနောသော ငကျား၏ကျောပြင်ကို ပါလာသော တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျား သည် ကိန်ကိန်ဟူသော အသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟု ထင်သည်။ ဘာမှ အော်မြည်ခြင်း မရှိ။ ကျွန်တော်၏ဘကြီးသည် ပါလာသော ကိတ်မုန့်ငယ်တစ်လုံးကို ကြင်နာစွာဖြင့် မဲမရှေ့သို့ ချကျွေးလိုက် သေးသည်။ မဲမမှာ ကိတ်မုန့်ကို စားနေသည့်ကြားမှပင် ကိန်ဟူသော အသံကိုဆွဲပြီး အော်ပြထားသေး သည်။ ဘကြီးက ကျနော့ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွှင့်ပစ်လိုက်ပါလား အိမ်မှာမထားနဲ့ စသည်ဖြင့် ကရုဏာဒေါသဖြင့် အော်သေးသည်။ ဘကြီးသည် သူ့အနီးသို့ရောက်လာသော ကျွန်တော်၏သမီးကြီးနှင့် သားငယ်တို့ဖြင့် ပျော်ရွှင်စွာ ကွပ်ပျစ်ပေါ်တွင် စကားပြောဆိုနေကြသည်ကို ကျွန်တော် မြင်နေရပါသည်။ ကြင်နာတတ်သော ဘကြီး၊ ကရုဏာကြီးသော ဘကြီး၏လုပ်ရပ်သည် မှန်၏လော၊ မှား၏လော ကျွန်တော် မေးနေမိသည်။ မဲမအမည်ရှိ ခွေးမ၏စရိုက် အကျင့်အလေ့အထကို သေချာ ဂဃနဏ မလေ့လာဘဲနှင့် မဲမ ၏ ပြင်ပအမူအရာဟန်ပန်ကို ကြည့်ပြီး ဘကြီးအလွယ်တကူဆုံူးဖြတ်လေသလား။ ငကျားအမည်ရှိ ခွေး၏ စရိုက်ကို ကျွန်တော်နှင့်အတူ ကျွန်တော်၏အိမ်နီးချင်းများက သိနေကြသည်။ ငကျားသည် စည်းကမ်းကြီး သည်။ ကျွန်တော်၏ ခြံပြင်ထဲသို့ နေ့လည်ဖက် တစိမ်းများဝင်လျှင် ကြည့်နေသည်။ မဟောင်ပေ။ စုတ်ပြတ် သတ်နေပြီး ပလပ်စတစ်အစုတ်၊ ဖိနပ်အစုတ်ကောက်နေသော ကုလားကလေးများလာလျှင် ဟောင်သည်။ ည(၇)နာရီကျော် လူလုံးမကွဲသော မှောင်ရီပျိုးစအချိန်ဆိုလျှင်တော့ အိမ်သားမှအပ အိမ်နီးချင်းများကို လည်း ဟောင်ပါတော့သည်။ သူ၏တာဝန်ကို သူကျေပွန်စွာ ထမ်းဆောင်သည်ကို အိမ်နီးနားချင်းများက သိသည်။ အမှိုက်ပုံတွေ၊ အိမ်ကြို၊ အိမ်ကြားတွေမှာ စားဖတ် သောက်ဖတ်လိုက်မရှာ။ မဲမမှာမူ မည်မျှစားရ သည်ဖြစ်စေ၊ အမှိုက်ပုံ၊ အိမ်ကြို၊ အိမ်ကြားမကျန် လိုက်လံရှာဖွေနေသည်။ ခွေးဆိုသော သတ္တ၀ါချင်း တူသော်လည်း တစ်ကောင်နှင့်တစ်ကောင် ဗီဇအတွင်း သဏ္ဍာန်မတူညီကြသောအခါ ငကျားလည်း မဲမနှင့် တန်းတူရည်တူ ဆက်ဆံခြင်းကို မခံချင်သလို ဖြစ်နေသလားဟု တွေးနေမိသည်။

ကျွန်တော်သည် ၁၉၈၁ ခုနှစ်လောက်မှာ စစ်တွေ အ.ထ.က(၂)တွင် ၁၀ တန်းပညာကို လာသင်သော တောသားလေးတစ်ယောက်ဖြစ်သည်။ စစ်တွေမြို့တွင် ညဈေးဟုခေါ်သော လမ်းမကြီးတစ်လျှောက် တရုတ်စားသောက်ဆိုင်များနှင့် စည်ကားလျက်ရှိသည်။ ညနေ(၈)နာရီလောက်ဆိုလျှင် ရေတပ်မှ အရာ ရှိများ၊ စစ်တပ်အရာရှိများ၊ ဌာနဆိုင်ရာလူကြီးများ၊ ကုန်သည်လူတန်းစားများ၊ သူ့ဝိုင်းနှင့်သူ စားကြသောက် ကြဖြင့် စည်ကားလှပေသည်။ ၁၉၈၄-ခုနှစ်၊ စစ်တွေကောလိပ်ကို ကျွန်တော်ရောက်ရှိပြီးနောက်ပိုင်း ညဈေးတန်းတွင် စားသောက်ဆိုင်များ၊ ပျောက်ကွယ်စပြုနေလေပြီ။ ၂၀၀၉-ခုနှစ်၊ ယခုအခါ တရုတ် စားသောက်ဆိုင်များ လုံးဝ ကင်းစင်လျက်ရှိနေလေပြီ။ ဤသို့ဖြစ်ရခြင်းမှာ စီးပွားရှာသော တရုတ်လူမျိုးတို့ သည် စီးပွားမဖြစ်သော ဤညဈေးမှထွက်ခွာပြီး စီးပွားဖြစ်သော နေရာဒေသသို့ ပြောင်းရွှေ့သွားကြသည်။ စားသောက်ဆိုင်ဘ၀မှနေ၍ စီးပွားဖြစ်သော စတိုးဆိုင်ကြီးဘ၀သို့ တက်လှမ်းသွားကြသည်။ တရုတ်လူမျိုး တို့၏ နေထိုင်၊ ပြောဆိုပုံများ ခံယူချက်ထားပုံများမှာ မိမိနေရာဒေသတွင်းရှိ ဒေသခံများနှင့်ဖြစ်စေ၊ အုပ်ချုပ်သူအာဏာပိုင်များနှင့်ဖြစ်စေ၊ ပြဿနာမရှိ။ ဧည့်သည်က ဧည့်သည်လိုနေတတ်လို့ မဟုတ်ပါလား။

စစ်တကောင်းသား ဘင်္ဂလီလူမျိုးများမှာ ဧည့်သည်ဖြစ်နေပါလျက် အဘယ်ကြောင့် ဧည့်သည်လို မနေတတ် ဖြစ်ရပါသနည်း။ ဤဘင်္ဂလီလူမျိုးတို့ ဗီဇသဏ္ဍာန်သည် ကောင်း၏လား၊ မကောင်း၏လား စဉ်းစားစရာ ဖြစ်လာသည်။ ကျွန်တော်တို့ ကုလားတွေဟာ ဘင်္ဂလီမဟုတ် "ရိုဟင်ဂျာ"လူမျိုး တိုင်းရင်းသားတွေပါဟု ငို၍တစ်မျိုး၊ က၍တစ်ဖုံ အော်နေကြသည် မဟုတ်ပါလား။ "တောင်ကြီးမြို့ စားမြိန်ရိပ်သာ၌" ၁၉၆၁ ခု၊ ဇွန်လ (၈)ရပ်မှ ၁၉၆၁ ခု၊ ဇွန်လ (၁၆)ရက်ထိ ကျင်းပသော "ပြည်နယ်ပေါင်းစုံ ညီလာခံ"တွင် ဘင်္ဂလီများ ကို တက်ရောက်ခွင့် မပြုခဲ့ကြပါ။ နောက်တစ်ခါ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် ပထမနေ့နှင့် မတ်လ (၁)ရက် ဒုတိယနေ့၌ ထိုစဉ်က ၀န်ကြီးချုပ် ဦးနုကိုယ်တိုင် သဘာပတိအဖြစ် ဦးစီးကျင်းပသော "အမျိုးသားညီလာခံ"တွင်လည်း ဘင်္ဂလီကုလားများကို တက်ရောက်ခါင့် မပြုခဲ့ကြပါ။ ဤသည်မှာ ဘင်္ဂလီ များကို မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများအဖြစ် အသိအမှတ် မပြုကြခြင်းပင်ဖြစ်သည် မဟုတ်ပါလား။ ယခု နိုင်ငံတော်အစိုးရကို ပြည်ပနိုင်ငံများက မသိချင်ယောင်ဆောင်နေသည်ဟု ပြောနေကြသည်။

ကျွန်တော်နှင့်သိကျွမ်းသော ဘင်္ဂလီလူမျိုး "ကာလာမျာ"ပြောသော စကားအချို့ကို ကျွန်တော်တင်ပြရလျှင် ကာလာမျာက "ငါတို့လူမျိုးကို ကမ္ဘာက မဟုတ်ဘူး၊ ငရဲပြည်ကတောင် မုန်းနေတော့မယ်ကွာ၊ ရခိုင်ပြည် နယ်မှာရှိတဲ့ ကုလားတွေထက် အဆီစား အသားစား ပြည်ပက ရောက်လာတဲ့ကုလားတွေကိုက ပြောချင် ရာပြောနေတော့ ဒီမှာကျန်တဲ့ကုလားတွေ သေပြီပေါ့ကွာ။ ငါတို့လူမျိုး မနေတတ်တာလဲပါတယ်။ ဧည့်သည် ဆိုတာ ဧည့်သည်လို နေရတယ်ကွ၊ စီးပွားလာရှာရင်း ရောက်ရှိလာတဲ့ ငါတို့ အဖိုး၊ အဖီးတွေကြောင့် ငါတို့ ဒီမှာ ဆက်ပြီးနေကြတာ။ မိမိကိုယ်မိမိ ဧည့်သည်ဆိုတဲ့ အသိပျောက်သွားကြတယ်။ အမှန်က ဧည့်သည်က မွေးတဲ့သားသမီးဟာ ဧည့်သည်ပဲ မဟုတ်လား။ အိမ်သားဘယ်လိုဖြစ်မလဲ။ အိမ်သားဖြစ်တယ်လို့ ပြောနေ တာကိုက ပြဿနာ။ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်သည်ကို အိမ်သားအဖြစ် လက်ခံလိုက်ရင် ဒီအိမ်ကြီး ကိုလဲ သူပိုင်ဆိုင်ချင်လာမယ် မဟုတ်လား။ ဒါဟာ ပြဿနာပဲ။ ငါတို့ ဘင်္ဂလီလူမျိုးဟာ အိမ်ရှင်ကို ကျော် လွှားချင်တဲ့စိတ်၊ အိမ်ရှင်ကို ရန်မူချင်တဲ့စိတ်၊ အိမ်ကိုပါ အပိုင်သိမ်းယူချင်တဲ့စိတ်၊ အိမ်သားကိုပါ အုပ်ချုပ် ချင်တဲ့စိတ်၊ ဒီလိုလားမှုတွေအားလုံးဟာ ဘင်္ဂလီလူမျိုးကို နိုင်ငံတကာက အမြင်ကတ် မုန်းတီး လာမည့် အခြေခံအကြောင်းတစ်ရပ်ပါပဲ။ ဘင်္ဂလီလူမျိုးတို့၏ အတွင်းဗီဇသဏ္ဍာန်ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်ကမ္ဘာလုံး သိလာကြမှာပါ။ အဲဒီလို သိမြင်လာမည့်နေ့ဟာ ဘယ်နေ့ဘယ်ရက်ဆိုတာကို ငါလဲမသိတာ အမှန်။ သိလာကြလိမ့်မယ်ဆိုတာတကိုတော့ ငါသိနေတယ်ကွာ။ ငါပြောချင်တာကတော့ ငါတို့ ဘင်္ဂလီ လူမျိုးဟာ ဧည့်သည်မှန်သော်လည်း ဧည့်သည်မမည် (ဧည့်သည်ဟု မခေါ်ထိုက်သူ)"ဟု ကာလာမျာ တစ်ယောက် စာရေးသူကို ပြောပြဖူးသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော ရခိုင်လူမျိုးတို့၏ နေမှုထိုင်မှု၊ စားမှုတို့ကို ကြည့်ကြပါစို့။ သူတို့ သည် အဆင့်မြင့်မြင့် တကယ်နေကြရပါရဲ့လား။ ကမ္ဘာ့စီးပွားရေးကပ် နှစ်စဉ်ကျရောက်နေသော မုန်တိုင်း ဒဏ်ကို ကြံ့ကြံ့ခံရင်း ဤမြေပေါ်က ထွက်မသွားဘဲ နေကြခြင်းဟာ ဘိုးဘေးတို့ ပိုင်ဆိုင်ရာ ဤမြေကို တွယ် တာ၍ မဟုတ်ပါလား။ မည်သည့် နိုင်ငံခြားအဖွဲ့အစည်းကမှ ဒေသခံများအတွက် လုပ်ပေးတာ မတွေ့ရသေး ပါတကား။ ဤသို့တွေးနေစဉ် စာရေးသူ အိမ်တစ်ဖက်မှ သီချင်းသံတစ်ပိုင်းတစ်စကို ကြားလိုက်ရပါသည်။ စိုးစန္ဒာထွန်းဆိုသော "မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရေ"ဆိုသော သီချင်းဖြစ်နေသည်။ သာယာ သောအသံ၊ လှပသောစာသား၊ ၀မ်းနည်းစရာကောင်းသော သံစဉ်များနှင့် ညီညွတ်နေသည်မှာ ဒီသီချင်းကို ကြားဖူးသူအားလုံး ကျွန်တော့်နည်းတူ သိကြမှာပါ။ ဤသီချင်း၏ အချို့စာသားနေရာတွင် UN ဆိုသော စာလုံးကို အစားထိုးကြည့်မိလိုက်သည်။

xxx စိတ်အသိမှာတကယ်xxxxx ခံစားနားလည် xxxxx မဖြစ်နိုင်သလိုပဲကွယ်xxxxx အသက်လို ချစ်တဲ့မြေကို xxxxx မောင်ဘယ်လို ပမာနည်းနာနဲ့xxxx နာကျဉ်းကာပေးလိုက်နိုင်ပါမယ် xxxxxxx မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ UNရေ xxxxx မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ UN ရယ်နော်ကွယ်။

မှန်ပါသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အပါအ၀င် သနားကြင်နာမှု ကိုယ်ချင်းစာမှုတို့ဖြင့် ဖွဲ့စည်းထားသော NGO အဖွဲ့တို့သည် ပြင်ပသဏ္ဍာန်တစ်ခုကို ကြည့်ပြီး မဆုံးဖြတ်ဘဲ ထိုထိုသော အကြောင်းအရာတို့၏ အ တွင်းသဏ္ဍာန်ကိုပါကြည့်ပြီးမှ သုံးသပ်သင့်ပေသည်။ ဤမျှကြီးကျယ်သော အဖွဲ့အစည်းများသည် ကျွန်တော့် ဘကြီးကဲ့သို့ ငကျားအပေါ်ထားသော ဒေါသ၊ မဲမအပေါ်ထားသော စေတနာတို့သည် ဘကြီးကမှန်တယ် ထင်သော်လည်း ကျနော်နှင့် အမြင်တူနေကြသော ကျွန်တော်၏မိသားစု၊ အိမ်နီးနားချင်းများအဖို့ ဘကြီး မမှန်ဆိုသည်ကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။ အကြင်နာတရား၊ သီလနှင့်ပြည့်စုံသော ကျွန်တော်၏ဘကြီး ဦးရွှေလှအောင်မှာမူ ကလေးနှစ်ယောက်နှင့် ပျော်မြူးပြောဆို ရယ်မောနေသည်ကို ကျွန်တော်ကြည့်ရင်း အမှားတစ်ခုကို ကျူးလွန်မှန်းမသိ ကျူးလွန်ထားပါတကားဟု တွေးရင်း သနားနေမိ ပါတော့သည်။

ပလပ်စတစ် (စနဲ)

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်ဝေသော ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း အမှတ်(၁) မှ-

No comments:

Post a Comment