ပဒိုင်းပင်၊ ပဒိုင်းသီးနန့် အမည်းရောင်ဆူနာမီ

ပဒိုင်းသီး

အရပ်တပါးကလူတိ ဒေရပ်ဒေရွာက အနီအထားကို မလေ့လာရေလူတိ၊ ရွာအတ္တုပ္ပတ္တိကို မသိရေ လူတိ၊ ယင်းပိုင် တခြားရွာကလူတိစွာ ဒေရွာမှာပေါက်ရောက်နီရေအပင်ကို ဇာအပင်မှန်းမသိ၊ ပဒိုင်းပင်မှန်း မသိ၊ အဆိပ်ပင်မှန်းမသိ၊ အဆိပ်သီးမှန်မသိ၊ မျိုးပွားအောင် မျိုးကောင်းအောင် ပြုစုပျိုးထောင်ပီးနီကတ်တေ။ ဒေအသီးကိုမစားဖူးလို့လား၊ ဒေအသီး၏ အာနိသင်ကိုမသိလို့လား၊ ယင်းပိုင်ဆိုကေ ဒေအပင်ကို ပြုစုပီး နီရေ လူတိကို တစ်ခေါက်လောက် ကျွေးကြည့်ချင်ပါရေထော။ ဆုပ်ကေစူး၊ စားကေရူး၊ နမ်းကေမူး။ ဒေအပင်မှာ အကျိုးပြုဖို့ ဇာနီရာမှာပါလီလေ။ သူ့တစ်ကိုယ်ရည်တစ်ကာယ အကျိုးကလွဲလို့ ဇာတစ်ခုလေ့ အကျိုးမပြုမှန်း သိယင့်သားနန့်၊ အန္တရာယ်ဟိရေမှန်း သိယင့်သားနန့် အကျွန်ရို့ခြံထဲမှာ စိုက်ပျိုးပြုစုနီစွာကို အကျွန်ရို့က ဒေအတိုင်းထိုင်လို့ ကြည့်နီရပါရေကာ။

ဒေရပ်ရွာအတွက်လေ့ အကျိုးမပြုနိုင်၊ ဒေလူမျိုးအတွက်လေ့ အကျိုးမပြုနိုင်။ သူကိုယ်တိုင် ရှင်သန် ဖွံ့ဖြိုး ကြီးထွားစွာကလွဲလို့ တခြားတစ်ခုလေ့ အကျိုးမဟိရေ အပင်မျိုးပါ။ ကြာလာရေခါ အကျွန်ရို့ရွာမှာ ပဒိုင်း ပင်တိ နီရာတကာမှာပေါက်လို့ ရွာတစ်ခုလုံးစွာ ပဒိုင်းရွာအတွက်၊ အကျွန်ရို့ရွာသားတိအတွက် အသူရို့က ၀ိုင်းဝန်းကူညီ ဖြေသျှင်းပီးပါဖို့လဲ။ စဉ်းစားကြည့်ကေ ရင်လီးမီပါရေ။ မျိုးဆက်သစ်တိကို ဒေအပင်စွာ အဆိပ် ပင်၊ စားကေရူးရေ၊ နမ်းကေမူးရေ၊ ဆုပ်ကေစူးရေလို့ ပြောထားရုံနန့် လုံလောက် ပါဖို့လား။ တစ်ရွာလုံးမှာ ပဒိုင်းပင်တိဖြစ်လားရေခါ နီယင်းထိုင်ယင်း လီသတ်ကေပင်လေ့ မူးနီပါဖို့ပျာကာ။ ဇာအပင်မှန်းမသိရေ အသျှေတိက မှားမိမှားရာစားမိပါကေ ရူးးကတ်ရပါဖို့ပျာယေ။ အန္တ္တရာယ်ကို သိယင့်သားနန့် လက်ပိုက်ပနာ ကြည့်နီရရေပိုင် ဖြစ်နီပါပျာ။ အကျွန်ရို့ဇာပိုင်လုပ်ကတ်ပါဖို့လဲ။ ဒေအပင်တိကို မီးတိုက်ပလိုက်ကတ်ဖို့လား။ မဟုတ်ကေ ကမ္ဘာကြီးထဲက သဘောထားကြီးရေဆိုစွာ လူတိကို လက်ဆောင်ပီးလိုက်ကတ်ဖိုလား။ ပဒိုင်း သီးပင် ပဒိုင်းသီးဆိုစွာ အေပိုင်မျိုးပါလားလို့ သိလီကတ်အောင် တစ်ခုခုတော့ စဉ်းစားကတ်ရပါဖို့။ မဟုတ် ကေ အရာကိုယ့်အိမ်ကအသျှေတိ မှားမိမှားရာတစ်ခုခု ဖြစ်လား ခါမှဆိုကေ ကောင်းကောင်းရင်ကျိုး ကတ် ရပါဖို့။ ဒေပဒိုင်းပင် ပဒိုင်းသီးတိအတွက်နန့် အိပ်ကောင်းကောင်းလေ့ မအိပ်ရ။ စားကောင်ကောင်းလေ့ မစားရ။ လားကောင်းကောင်းလေ့ မလားရ။ ရက်ပြတ်စိတ်ထဲမှာ နောက်ဆံတတင်းနန့် ဖြစ်နီကတ်ရပါရေ။ အရပ်တပါးကလာရေ ပရံလူတိကနီပနာ ကိုယ်ရို့အနီနန့်လေ့ ကိုယ်မသိရေအကြောင်းကို ရရေပိုင် ချင်ဆီ မလုပ်ကတ်ဖို့လိုပါရေ။ အရပ်တပါးကလာရေ ပရံလူတိကနီပနာ ကိုယ်ရို့စွာ ကိုယ်ရို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသယောင်ယောင်၊ တောတောင် ရီမြီ ချောင်းမြောင်း အင်းအိုင်တိကို ထိန်းသိမ်းသယောင်ယောင် နန့် ပြင်နီကတ်ပါရေကာ။ ဘုရားခေါင်းထက်ကို မျောက်နှောင်တက်ခါမှ လိုက်လို့ချကတ်ဖို့ပိုင် ကျကတ်ပါဖို့။ အစကပင် ဒေအပင် ဇာကလာလေ ဇာပိုင် အပင်မျိုးလဲ စိစစ်လေ့လာပြီးမှ ခရီးဆက်သင့်ပါရေလို့ ပြောချင်ပါရေ။

ဆူနာမီ

၂၀၀၄ ခုနှစ်က ပင်လယ်ပြင်မှာ ဖွဲ့တည်ရေ အင်အားကြီး ရီအောက်ကြမ်းပြင် ငလျင်၊ ဆိုင်ကလုန်း မုန်းတိုင်း တစ်လုံး အိန်ဒိုနီးသျှားမှာ ဗဟိုပြုလို့တိုက်ခတ်လားခရေ။ ယင်းငလျင်မုန်တိုင်းကို ဆူနာမီလို့ နာမည်ပီးကတ် တေ။ နာမည်နန့်လေ့လိုက်တေကာ၊ ပြည်ကြီး ကမ္ဘာဆူအောင် နာအောင်ပင်လေ့ ပျင်ပခပါရေ။

အရာ၂၀၀၈ခုနှစ်မှာ တစ်ခါ နာဂစ်ဆိုရေ မုန်းတိုင်းတစ်လုံး ရခိုင်ပင်လယ်ပြင်(ဘင်္ဂလားပင်လယ်ပြင်)မှာ စတင်ဖွဲ့တည်ခရေ။ ဒေမုန်တိုင်း ကလေ့ အလှပနာအောင် မြန်မာပြည်အလယ်ပိုင်းကို အငြိုးကြီးကြီးနန့် ၀င်ရောက်မွီနောက် တိုက်ခိုက်လား ခရေ။ ဘာသာမရွီး၊ လူမျိုးမရွီး၊ ဒေသမရွီး၊ စိတ်တချင်၊ ချင်ဆီဖျက်ဆီး လာခရေ။

လူသူကျွဲနွား အိမ်ထောင်ပရိဘောဂ အဆောက်အဦး ဟိဟိသမျှ မြင်မြင်သမျှ ဖျက်ဆီးလာခရေ။ အသိ ဥာဏ်မဟိ၊ ဆင်ခြင်ဥာဏ်မဟိ၊ အားဟိရေပိုင် ပျင်ပစ်ခရေ။ ခံလီကတ်ဖိတပျင်း။ ယင်းပိုင်ပါယေ ဒေရပ် ဒေ ရွာစွာ မုန်တိုင်းတိကို မကြာမကြာကြုံနီရပါရေ။ အကျွန်မွီးရေ ၁၉၆၇ ခုကလေ့တစ်ခါ ၁၉၆၈ ခုနှစ် ကလေ့ တစ်ခါ လီမုန်တိုင်းကြီးနန့် ရင်ဆိုင်ခရပါပျာလ်။

၂၄.၃.၂၀၁၁ နိန့် မြန်မာနိုင်ငံ မိုးလီဝါသပညာသျှင် ဦးထွန်းလွင်က ရွှေအဖ်အမ်နန့် အိန်တာဗျူးမှာ ဂျပန် ဆူနာမီနန့်ပတ်သက်လို့ ရခိုင်ကမ်းရိုးတန်းဧ့ မုန်တိုင်းသမိုင်းကို ပြောပြလားပါရေ။ ယင်းအထဲမှာ ရခိုင် ကမ်းရိုးတန်းကို လွန်ခရေနှစ်ပေါင်း(၃၀၀၀)မှာ တစ်ကြိမ်၊ နောက်တစ်ခါ လွန်ခရေနှစ်ပေါင်း(၁၈၀၀)မှာ တစ်ခါ၊ အရာတစ်ခါ လွန်ခရေနှစ်ပေါင်း(၁၄၀၀)မှာတစ်ကြိမ်၊ ဆူနာမီပိုင်မုန်တိုင်းကြီးတိ တိုက်ခရေလို့ ပြောလားပါရေ။ ယင်းခါရို့မှာ ရခိုင်သူ ရခိုင်သားတိ ဇာလောက်ထိ သီလီ ပျောက်လီမေ မသိပါရေ။ ရခိုင် ကမ်းရိုးတန်း ရမ်းဗြဲကျွန်းမှာ ကောတုံကရာဇ် တိုင်းကြီးတစ်ခုလုံး ပင်လယ်ရီအောက်ကို ရောက်လားရေလို့ ဖတ်ဖူးမိပါရေ။

အဂုခါမှာက အကျွန်ရို့ရွာကို အနောက်ဘက်ကနီပနာ တရိပ်ရိပ်နန့် လိမ့်လို့ လိမ့်လို့ တက်လာရေ အမည်း ရောင်ဆူနာမီကြီးကလေ့ ၂၀၀၄ ဆူနာမီနန့် နင်လား ငါလား။ ဒေအမည်းရောင် ဆူနာမီကို လူတိက တမင် ကလာ အားကောင်းအောင်၊ အားကြီးအောင် ဖန်တီးမွီးစပ် နီကတ်တေပိုင်ပါ။ ဒေအမည်းရောင် ဆူနာမီ လှိုင်းလုံးစွာ အကျွန်ရို့ရွာထဲမှာ ၁၉၄၂-ခုနှစ်မှတစ်ခါ အားနန့်ဒါးနန့် တိုက်ခိုက်လီပါဗျာ။ အရာ ၁၉၄၇ မှာ တစ်ခေါက် ထပ်လို့တိုက်ပါရေ။

၁၉၅၁ မှာလေ့ အေပြည်အေရွာကို မွားစားပလိုက်ဖို့၊ သိမ်းပိုက်ပစ်လိုက်ဖို့၊ စာတစ်တန် ပီတစ်ထုပ်နန့် ကြိမ်း မောင်းအားတင်ခလီဗျာ။ အကျွန်ရို့ကြုံတွိနီရရေ အေအမည်းရောင်ဆူနာမီ အန္တရာယ်အတွက် ဇာသူရို့က ၀ိုင်းဝန်းကာကွယ်ပီးကတ်ပါဖို့လဲ။ မီလောင်ရာလီပင့် လုပ်နီကတ်စွာကိုရာ တွိနေရရေ။ အေအမည်းရောင် ဆူနာမီစွာ အကျွန်ရို့ရခိုင်ဘ၀တိကို ရရေနည်းနန့် မွားစားဖို့ အားထုတ်နီရေ မုန်တိုင်းဆိုးကြီး တစ်လုံးပါ ယေ။ သူ့မှာ အဖေါ်အပေါင်းအားများရေ။ လူမသိ၊ သူမသိ၊ သူတပါးတိုင်းပြည် ရပ်ရွာလူမျိုးတိကို ကိုယ်ချင်း စာစိတ် မဟိဘဲ ဖျက်ဆီးဖို့ ရည်ရွယ်ချက်နန့်လာရေ မုန်တိုင်း သူတပါးရင်ခွင်မှာ ပူလောင်မူ၊ နာကြည်းမှု၊ ခါးသီးမှုတိကို လှိုင်းထစီရေ မုန်တိုင်း၊ အေအမည်းရောင် ဆူနာမီမုန်တိုင်းဆိုး။ ငါရို့ရာဇ၀င် ရွှေရောင်စည်း ၀ိုင်းကို နည်းအမျိုးမျိုးနန့် ဖျက်ဆီးဖို့ကြိုးစားနီပျာ။ ကမ္ဘာကကြိုက်တေ စကားလုံးတိကို အာဘောင် အာရင်း သန်သန်နန့် မပီကလာ ဟန်လုပ်လို့ ပြောနီရေ။ ကမ္ဘာ့ရီစီးကြောင်းထဲမှာ ကမ္ဘာ့စတိုင်အင်္ကျီအိပ်ထဲမှာ ကမ္ဘာ ဖျက်ပိုးတိကိုထည့်လို့ အကျွန်ရို့ရွာထဲကို လှိမ့်လို့ လှိမ့်လို့ ၀င်လာနီရေ။

အေအမည်းရောင် ဆူနာမီလှိုင်းလုံးစွာ ချူဂါကုတ်တတ် လုပ်လားရေ အန်ဒရိမ်းတိလား။ ရောဂါ လက္ခဏာ ကိုမပြရေ ကမ္ဘာဖျက် ခေတ်ပေါ် ရောဂါဆိုးပိုးတိလား။ ဇာပိုင်ပင် ဆိုဆိုပါပျာ။ ဒေအမည်းရောင် ဆူနာမီစွာ အကျွန်ရို့ရွာတိများစွာကို တိုက်ဖျက်ဖြိုနင်း ပလိုက်ပါပျာယေ။

လူမသိ သူမသိ တစ်မျိုး၊ လူသိသျှင်ကြားတစ်မျိုး၊ ပိုလို့ဆိုးစွာက မြန်မာစကားပုံထဲကပိုင် "သူခိုးက လူ လူ ဟစ်တေ"ဆိုစွာမျိုး ပျင်နီကတ်သိရေ။ သူရို့တိုက်လိုက်တေ မုန်တိုင်းကို လီညှင်းချေ ဖြူးစွာပါရာလို့ ပျင်သိ ရေ။ ဒေဆူနာမီလှိုင်းလုံးတိ ဆက်လို့ ဆက်လို့တိုက်နီစွာကို ကာကွယ်ဖို့ ခိုင်မာရေ လမူးပင်တိ၊ ပြာပင်တိကို အမျိုးသားစိတ်ဓာတ်၊ အမျိုးသားစည်းကမ်း၊ အမျိုးသား ခံယူချက်တိကို မြီဆီအနီနန့် ထည့်ပနာ အကျွန်ရို့ တစ်ရွာလုံးအားနန့် ဒေအမည်းရောင်ဆူနာမီကို ကာကွယ်ဖို့ လှိုင်းကာပင်တိ ၀ိုင်ဝန်းစိုက်ပျိုး ကတ်ပါမေ။ အမျိုသားသတိတရား၊ အမျိုးသားသစ္စာတရား၊ အမျိုးသားစည်းကမ်းတိနန့် အကျွန်ရို့ အမျိုးသားကမ်း ထောင်း မပြိုမပျက်ရအောင် အားလုံးလက်ချင်းဆက်လို့ ညီညီညာညာ ကာကွယ်လားကတ်ဖို့ တိုက်တွန်း ချင်ပါရေ။

ဒေရွာနန့် ဒေရွာသားတိဘ၀မှာ ပဒိုင်းပင်လေ့ တစ်ရွာလုံးဖြစ်ဖို့ပျာ၊ ယင်းအမည်းရောင် ဆူနာမီလေ့ တစ်ရွာလုံးဘ၀ကို ခြိမ်းခြောက်နီပါပျာထော။ ဒေအန္တရာယ်ကို ကာကွယ်ဖို့ ရွာသားအားလုံး အသိစိတ်နန့် စည်းလုံးကတ်ပါမေ။

အမည်းရောင် ဆူနာမီလှိုင်းလုံးတိ
အေမြီအေရီက ၀ီးပါစီ။

မောင်မောင်စော(ရခိုင်ညွန့်ဖူး)

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်ဝေသော ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်း အမှတ်(၁) မှ-

No comments:

Post a Comment