ကိုယ့်အတတ်ကိုယ်စူး
ကိုယ့်ရှူးကိုယ်ပတ်
လူနှပ်ပုဆိုးကျွတ်ခဲ့ပြီ။
သောက်ရှက်လည်းကွဲ
သောက်ကျိုးလည်းနည်းခဲ့ပြီ။
တစ်နပ်စာကို တစ်သက်စာထင်
ခွေးအမြင်နဲ့ကြည့်
ဆိပ်ပြည့်မြှားထိ
ပါးစောင်ငြိတဲ့အဖြစ်
ယူလိုက်မိတဲ့ ဟိုလူဆီကပိုက်ဆံ
အခုတော့ သူများအကြံအောက်
ပြားပြားမှောက်ရတော့မလို
အမျိုးသားရဲ့ဂုဏ်ဟန်
အမျိုးမာန် ဇာတိမာန်
ဘာမှမကျန်တော့။
မော်ကွန်းတင်ရမယ့် မရိုးသားမှုတစ်ခု
ဘယ်သူတွေ ပြုခဲ့ကြလဲ
ကိုယ့်ဟာကိုယ်အသိဆုံးပါပဲ။
ရိုင်းလိုက်တဲ့သမိုင်း
ထက်ပိုင်းပိုင်းလို့
ကုလားတန်မြစ်ထဲ
မျှောပစ်လိုက်ရင်ပဲ ကောင်းမလား
ယိုသူမရှက် မြင်သူရှက်ဆိုတာမျိုး
မင်းတို့အစား ငါတို့ကပဲ ရှက်ရတော့မလား။
မင်းတို့ရောင်းစားဖို့
မင်းတို့ကောင်းစားဖို့
ဘယ်လောက်များ အကြံကြီးလိုက်ကြအုံးမလဲဆိုတာ...
ရှက်လွန်းလို့
တောက်... ကိုယ့်မျက်နှာကို
ကိုယ်လှီးပစ်လိုက်လို့ကလည်း မဖြစ်
နက်ဖန်ခါ မျက်နှာသစ်ဖို့ လိုသေးတယ်။
မောင်ကျီစယ်
No comments:
Post a Comment