ချိုးရင်ကွဲစပါး

ရှေးအခါကရွာတစ်ရွာတွင်မိသားစုတစ်စုနေထိုင်လာခဲ့ကြလေ၏။မိဘနှစ်ဦးနှင့်သားသမီးနှစ်ဦးဖြစ်ပြီး လေးဦး သားနေခဲ့ကြလေရာ မကြာမီ မိခင်သေဆုံးသွားသဖြင့် သုံးဦးသာ ကျန်ရစ်ကြလေ၏။ ဖခင်သည် အိမ်ထောင် အသစ်တစ်ယောက်ရှာဖွေလျက် တည်ထောင်နေခဲ့လေ၏။

မိခင်အနှောင်းနှင့်သားသမီးနှစ်ဦးတို့သည် အတူနေလာခဲ့ရလေ၏။ သားသမီးတို့ကား မိခင်ရင်းကဲ့သို့ ချစ်ခင် လေးမြတ်ခဲ့ကြလေ၏။ သို့သော် မိထွေးဖြစ်သူကား ခင်မင်မြတ်နိုးမှုမရှိဘဲ မနာလိုမှုပင်ဖြစ်လာခဲ့လေ၏။ ထို့ကြောင့်လင်ပါသားနှင့်သမီးငယ်တို့အား မမြင်ချင်ရာကား အပြစ်ရှာခဲ့လေတော့၏။

လင်ဖြစ်သူသည် နေ့လည်တွင် အိမ်၌မရှိ။အလုပ်ထွက်လုပ်နေလေ၏။ ညနေကျမှ အိမ်သို့ပြန်ရောက်၍ သား နှင့်သမီးမယားကိုပါ တွေ့ဆုံရ၏။ညနေစာစားပြီး၍ သားသမီးများအိပ်ပျော်သွားသောအခါ မယားဖြစ် သူက လင်အားမြည်တမ်းပူဆာလေ၏။“ငါ့ကိုပစ်မည်လား၊ သားသမီးကိုပဲပစ်မည်လား” ဟုပြောလေ၏။

နားကြားလွဲသောနားပင်းစဉ်

ရှေးအခါက ရွာတစ်ရွာတွင်နားလေးသော လင်မယားနှစ်ယောက်ရှိလေသည်။ ၄င်းတွင် သားသမီးမဖြစ်ထွန်း သဖြင့် ၀က်ကလေးတစ်ကောင်ကိုမွေးစားထားခဲ့လေ၏။ ထိုဝက်ကလေးကို သားသမီးအလားလွန်စွာချစ်ခင် လျက် ကောင်းစွာကျွေးမွေးပြုစုလာခဲ့သည်။ ထို့ကြောင့်တစ်နေ့တစ်ခြား ကြီးပြင်းလာလေသော် ပို၍ပင်လျှင် ခင်မင်ခဲ့လေ၏။ ထို့ကြောင့် သတ်စားရန် မဆိုထားဘိ ရောင်းချရန်ပင် မပြုရဲဘဲ ရှိလာခဲ့လေသည်။

တစ်နေ့သ၌ ထိုဝက်သည်အိမ်မှထွက်သွားလေရာပျောက်ရှသွားခဲ့ရတော့၏။ နေ၀င်သော်လည်းပြန်မရောက် သည့်အတွက်စိတ်ပူပင် သောကမှုဖြစ်ခဲ့ရလေသည်။စိုးရိမ်တကြီးဖြစ်လာသဖြင့်စားမရသောက်မ၀င် သောက ဝေဒနာဖြစ်ခဲ့ရလေ၏။ တမှိုင်မှိုင်နေမထိထိုင်မသာစိတ်ဗျာပါနှင့် ရှိလာခဲ့ရလေသည်။

“ငါ့ဝက်ကို ငယ်ကပင် မွေးမြူလာသည်၊အဘယ်သူလျှင်ခိုးယူ သတ်စားလေရာသနည်း” ဟုကြံစည်စဉ်းစား လျက် ရှိလေသည်။

ထိုသို့စဉ်းစားနေရင်းရှာဖွေရန် စိတ်ကုးဖြစ်လာလေသည်။ ထို့ကြောင့် ဓါးမတစ်ချောင်းကို ပခုံးထက်မှာ တင် လျက်အရှာထွက်ခဲ့လေသည်။ ခြေဦးတည့်ရာထွက်ပြီး လိုက်ရှာလေသော် ထန်းတောတစ်ခုသို့ရောက်သွားမိ လေသည်။ထိုသူသည် မောပန်းလှသဖြင့် အညောင်းဖြေရန် ထန်းပင်ကို မှီရင်း မောမောဖြင့် အိပ်ပျော်သွားခဲ့ လေသည်။

ဒုက္ခ၀တီနန့်ဆင်းရဲသားရောဂါ

ကျွန်တော်အပါအ၀င်ဆီးတက္ကသိုလ်၊မကွေးက နောက်ဆုံးနှစ်အပိုင်း(ခ) ကျောင်းသူ/သားတိရေ ထွက်လာဖို့ စာမေးပွဲအောင်စာရင်းကိုရင်တုန်၊ပန်းတုန်နန့် စောင့်မျှော်နီကတ်ပါရေ။ အချိန်ကတော့ခါ ၂၀၀၆ခု၊ဒီဇင်ဘာ လ ပါ။ကျွန်တော်ရို့ခန္ဓာတိရေ ဆောင်းရာသီဆိုစွာကို မိလားခလာမသိ။ အားလုံးသူချွေးဇောတိပြန်နီ ကတ် ပါရေ။ ရခိုင်သားထဲက ကျွန်တော်အပါအ၀င် ကျောင်းသား(၆)ယောက်တစ်ဘာသာစီသျှူပါရေ။ယေဇုနန့် ကျွန်တော်ဧ့ ပြည်တော်ပြန်ခရီးရေ နောက်ထပ်(၆)လကြန့်ကြာလားပါရေ။ကျွန်တော်သျှူရေဘာသာရပ် က တော့ခါဆီးပညာမှာ အခက်ဆုံးလို့ယူဆထားကတ်တေ ခွဲစိတ်ဘာသာရပ်ပါ။ယင်းခါကပင် ခွဲစိတ်ဆိုကေ နား ကြောစိမ့်ရေ။အသံကြားရေလောက်ကပင် ဒူးတုန်ပါလတ်ပါရေ။

ဆီးတက္ကသိုလ်မှာ(၅)နှစ်ခွဲကြာခပြီးကေ အလုပ်သင်ဆရာဝန်(House Officer)အတွက် အာရက္ခမြို့တော် စစ် တွေ ဆီးရုံကြီးမှာ ဆင်းရပါရေ။ကလေး၊သားဖွား၊ခွဲစိတ်၊ဆီးပညာ လေးခုဟိပြီးကေ တစ်ခုစီမှာ သုံးလစီ ဆင်း ရပါဖို့။ ကျွန်တော်ပထမဆုံးဆင်းရဖို့ Ward ၀(တ်)က ခွဲစိတ်ဆောင်မှာပါ။နဂိုကပင်ခွဲစိတ်ဆိုကေ အလို လို ကြောက်နီ စွာမှာခွဲစိတ်ဆောင်မှာ စဆင်းရဖို့ဆိုစွာရေ ခြင်္သေ့ဟိရေဂူကို ၀င်ရဖို့ပိုင်ပါဗျာယ်။ ယင်း လောက် စွာမှာခွဲစိတ်ဌာနကအကြီးဆုံးဆရာဝန်ဒေါက်တာထွန်းသိန်းအောင်က ကောင်းကောင်းကြောက် ဖို့ ကောင်း ရေလတ်။ စိတ်တိုတတ်တေလတ်။စိတ်မခြီကေ ရစရာမ ဟိ အောင်ပြောရေ လတ်။ အေပိုင်နား သန်းနား ၀ါ ကြားရရေခါ ပိုလို့တောင်လန့်ပါလတ်တေ။ ဆရာကြီး ကို တောင် မမြင်ဖူးသိမ့်။ကြောကတော့စိမ့် ချင်နီ ဗျာလ်။ဗူးလီးရာ၊ဖရုံဆင့် မဟုတ်ပါ။သံတုံး၊သံခဲ ဆင့် ပိုင်တွိပါရေ။

တောင်တစ်ရိုးကိုပိုင်စိုးရ

ရှေးအခါကတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်သော ဘုရင်ကြီးတစ်ပါးရှိလေသည်။ ထိုဘုရင်သည် တောကစား ၀ါသနာအလွန်ပါလေ့ရှိသည်။မကြာမကြာတောကစားထွက်လျက်ပျော်ပါးခဲ့လေသည်။ဘုရင်မင်းသည်တစ်နေ့ သ၌ခြွေရံမှူးမတ်တို့နှင့်တောကစားထွက်လာခဲ့လေ၏။

တောသို့ရောက်သောအခါ သမင်၊ ဒရယ်၊ ချေငယ်စသောသတ္တ၀ါတို့ကိုတွေ့ရလေ၏။ ထိုအခါ စုဝေးလျက် လိုက်လံဖမ်းဆီးစေ၏။ကိုယ်တိုင်လည်းတာဝန်ယူ၍ စောင့်ကြပ်ခြင်းပြုလေ၏။ဘုရင်ကိုယ်တိုင်ပါဝင်နေရာ မှူး မတ်တို့မှာအလွန်အလေးဂရုစိုက်ခဲ့ရလေ၏။ ဘုရင့်အပြစ်ဒဏ်ကိုကြောက်ရွံ့သဖြင့်မိမိတို့တာဝန်ကျရာဘက်မှ နိုင်နင်းစွာ တားဆီးကြလေ၏။ဖမ်းဆီးမိစေရန်လည်း မျက်ခြည်မပြတ်အလေးထားခဲ့ကြရလေ၏။

အခက်ကြုံသောမောင်ခက်ကေ

ရှေးအခါက ရွာတစ်ရွာတွင်လင်မယားတစ်အိမ်ထောင်ရှိလေ သည်။ မောင်ချောနှင့်မမေဗျာဟုခေါ်တွင်လေ ၏။ မယားမမေဗျာတွင် သားကိုယ်ဝန် ရင့်လာလေသောအခါ မမွေးဖွားနိုင်ဘဲသုံးရက်တိုင်တိုင် ဆင်းရဲဒုက္ခ ဖြစ်ခဲ့ရသည်။ ရွာတွင်လက်သည်မ မရှိ၍ရွာနီးချုပ်စပ်တခြားရွာမှ ဆရာမမိမေဖြူကို ခေါ်ယူ ရလေသည်။

၎င်းဆရာမနှင့်စမ်းသပ်ရာသန္ဓေသားမှာကန့်လန့်ဆီးနေသည်ဆိုလေ၏။ထို့ကြောင့်နေသား တ ကျပြုပြင်ပေး ကာခဲယဉ်းစွာမွေးဖွားခဲ့ရလေ၏။ ခက်ခဲစွာ မွေးဖွားရသဖြင့် သူငယ်ကိုမောင်ခက်ကေဟူ၍ အမည်ခေါ်တွင် ကြလေသည်။

သားဦးမိခင်သည်မကြာခင်အင်အားချည့်နဲ့ခြင်းဖြစ်လာခဲ့ရလေ၏။ ကိုယ်ခန္ဓပိန်ချုံးစွာနှင့် နလံမထူဘဲရှိလေ သည်။ထိုဝေဒနာကို ခံစားရင်း မောင်ခက်ကေသုံးနှစ်သားအရွယ်တွင် မိခင်သေဆုံးသွားလေ၏။ ဖခင်ဖြစ် သူသည် သားငယ်ကိုမွေးမြူလာခဲ့ရာ ထိုသားငါးနှစ်မြောက်လာသောအခါအိမ်ထောင်သစ် တည်ထောင်လေ သည်။ အမည်မှာ မဖွားမေဟူ၍ခေါ်တွင်လေ၏။ ရုပ်ရည်အင်္ဂါချောမောလှပ တင့်တယ်လေ သည်။

လူကိုမနာလို ကိုယ့်မှာအကျိုးမဟိ

ရှေးအခါက အလွန်သာယာလှပသော တောအုပ်ကြီး တစ်ခုရှိခဲ့လေသည်။ ထိုတောအုပ်ကြီး၌ ချေငယ်တစ် ကောင်နှင့်ကျီးကန်းတစ်ကောင်တို့ကျက်စားနေ ထိုင်လျက်ရှိခဲ့ကြလေ၏။ချေငယ်ကားတောအုပ်မြိုင် ကောင်း သော သစ်ပင်ကြီးတစ်ပင်၏အောက်၌ နေထိုင်လေသည်။ ကျီးကန်းငယ်မှာမူ ချေနေသောထို သစ် ပင်ကြီး၏ ထိပ်ချာခေါင်ဖျားသစ်ကိုင်းခက်၌ နေလေ့ရှိလေ၏။ ၄င်းတို့ သည် သစ်ပင်ကြီးကိုမှီခိုလျက် အချင်းချင်း မိတ် ဆွေဖွဲ့ကာနေထိုင်လာခဲ့ကြလေ၏။ ရန်သူရောက်လျှင် တစ်ကောင်က တစ်ကောင်ကိုအသိ အမှတ်ပေး၍ နေ လာခဲ့ကြလေ၏။

တစ်နေ့သ၌မြေခွေးတစ်ကောင်သည် ထိုသစ်ပင်ကြီးအောက်သို့ရောက်ရှိလာလေ၏။ ထိုမြေခွေးကို ကျီးကန်း ကမြင်လေသော် မိတ်ဆွေချေငယ်ကို“အာ-အာ”ဟူသောမြည်သုံကိုပြုလေ၏။ ချေငယ်ကလည်းတစ် စုံတစ် ခုသောရန်သူများရောက်လာပြီဟူ၍ သိရှိလေ၏။သစ်၊ကျား၊ခြင်္သေ့၊မြေခွေး၊ မုဆိုးဘေး ရောက် လာသော် တိမ်းရှောင်လေ့ရှိ၏။ထိုကြောင့် ချေငယ်သည်မြေခွေးဘေးရန်မှလွတ်မြောက်ရာသို့ပုန်းအောင်းနေ ခဲ့လေ၏။

မောင်ပေါ်ထွန်း

မောင်ပေါ်ထွန်း(၁၉၉၇)ခုနှစ် အမျိုးသားစာပေဆု(ဘာသာပြန်ရသ)
ဆရာမောင်ပေါ်ထွန်းသည် ဘာသာပြန်အရေးအသားကောင်းသော စာရေးဆရာကြီးတစ်ဦးဖြစ်သည်။ ရခိုင် ပြည်နယ်၊ မာန်အောင်မြို့နယ်၊ရေမျက်ဝရွာတွင် အဖဦးမောင်ပု၊အမိဒေါ်အေးသာတို့မှ (၁၉၃၅)ခုနှစ် ၊မေ လ (၁၄)ရက်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးခင်မောင်စိုးဖြစ်သည်။

၁၅ နှစ်သားအရွယ်တွင်ရန်ကုန်ရောက်ပြီးအလွတ်ပညာသင်ကျောင်းတက်သည်။ (၁၉၇၃)ခုနှစ်တွင်လုပ်သား များကောလိပ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။(၁၉၅၅)ခုနှစ်တွင် စာပေဗိမာန်တွင် လက်နှိပ်စက် စာရေး၊ လက်ရေးတိုလက်နှိပ်စက်အုပ်စုမှူး၊ အထက်တန်းစာရေး၊ စအုပ်အသင်း ကြီးကြပ်ရေးမှူး စသည့် တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။ ငွေတာရီမဂ္ဂဇင်းတွင်စာအုပ်လောကကဏ္ဍကို(၁၉၆၇)မှစ၍(၆)နှစ်နီးပါး ဆက်တိုက် ရေးသားခဲ့သည်။ (၁၉၇၉)တွင် စာရေးခြင်းသက်သက်ဖြင့် အသက်မွေးရန်ပင်စင် ယူခဲ့သည်။

ဖေမြင့်

ဖေမြင့်(၁၉၉၅)ခုနှစ် အမျိုးသားစာပေဆု(၀တ္ထုတိုပေါင်းချုပ်)
ဆရာဝန်၊စာရေးဆရာဖြစ်သောဆရာဖေမြင့်ကို ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် အဖဦးအောင်ညိမ်း၊အမိဒေါ် ခင် သိန်းတို့မှ ၁၉၄၉ခုနှစ်တွင် မွေးဖွားခဲ့သည်။

သံတွဲမြို့ အစိုးရအထက်တန်းကျောင်းအမှတ်(၁)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ ၁၉၇၅ခုနှစ် တွင် ဆေး တက္ကသိုလ်(၁)၊ရန်ကုန်မှ အမ်၊ဘီ၊ဘီ၊အက်စ် ဘွဲ့ရသည်။ ၁၉၈၈ခုနှစ်အထိပြင်ပ အထွေထွေ ရော ဂါကု ဆရာဝန်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၄င်းနောက်စာပေအလုပ်တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင်ခဲ့သည်။

မောင်ကြင်နွယ်

မောင်ကြင်နွယ် (၁၉၉၀)ပြည့်နှစ်အမျိုးသားစာပေဆု(ကဗျာပေါင်းချုပ်)
ရခိုင်အမျိုးသားစာဆိုများအနက် အမျိုးသားစာပေဆုကို(၂)ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည့် ထူးခြားသော စာဆိုတစ်ဦးဖြစ်သည်။ရခိုင်ပြည်နယ်၊မောင်တောမြို့၊ခံပြင်ရွာ၌ အဖဦးမောင်မြအောင်၊ အမိဒေါ်မရွှေဖြူတို့မှ (၁၉၄၀)ပြည့်နှစ်တွင်ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဦးမောင်ညွန့်ဖြစ်သည်။ ငယ်စဉ်ကမင်္ဂလာဒုံနှင့်တောင်ငူ မြို့များတွင်နေထိုင်ခဲ့သည်။

၁၉၅၉ခုနှစ် ကျောင်းသားဘ၀ကပင် ဟံသာဝတီသတင်းစာကျောင်းသား ကဏ္ဍ၌မောင်ကြင်နွယ် (ကေတု) အမည်ဖြင့် ကဗျာများကိုစတင်ရေးသာ၍ စာပေနယ်သို့ဝင်ရောက်ခဲ့သည်။ ထို့နောက် န၀ဒေး၊ပန်တော်ဝင် ၊ ကေသီပန်၊တိုင်းရင်းမေ၊မြ၀တီ၊ငွေတာရီ၊ စစ်ပြန်၊ သပြေ၊ရှုမ၀၊ ပေဖူးလွှာ ၊ သွေးသောက်စသည်ဖြင့် မဂ္ဂဇင်း များတွင် ကဗျာနှင့်ဝတ္ထုတိုများ ဆောင်းပါးများ၊ များစွာကိုရေးသားခဲ့သည်။

ဒေါ်ကြန်

ဒေါ်ကြန်(၁၉၇၈)ခုနှစ်အမျိုးသားစာပေဆု(သုတပဒေသာ ၀ိဇ္ဇာဘာသာရပ်)
မြန်မာစာပေလောကတွင် ကျော်ကြားလျက်ရှိနေဆဲဖြစ်သော စာရေးဆရာမကြီးဒေါ်ကြန်ကို သံတွဲမြို့၌ အဖ ဦးကျော်ထွန်း၊အမိဒေါ်ငွေနှစ်တို့မှ ၁၉၁၈ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မှာ ဒေါ် ကြန်ဖြစ်သည်။

၁၉၃၅ ခုနှစ်တွင်သံတွဲမြို့အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်သည်။အလယ်တန်း ပြ ဆရာမအဖြစ်လည်းကောင်း၊ ရခိုင်တိုင်းစာတိုက်ဌာနတွင်စာတိုက်စာရေးအဖြစ်လည်းကောင်း အမှုထမ်းခဲ့ ပြီး နောက် ၁၉၅၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ကိုရရှိပြီး ၁၉၅၉ခုနှစ်တွင်သမိုင်းမဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာ တန်း တက်စဉ် ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာဒေါ်ရီရီ(၁၉၂၉-၁၉၈၄)

ဒေါက်တာဒေါ်ရီရီ (၁၉၇၅)ခုနှစ် အမျိုးသားစာပေဆု{သုတပဒေသာ(၀ိဇ္ဇာ)
မြန်မာအမျိုးသမီးများအနက် ပီအိပ်ချဒီဘွဲ့ကို အစောဆုံးရရှိခဲ့သူများစာရင်းတွင် ရခိုင်အမျိုးသမီးတစ် ဦးဖြစ် သော ဒေါ်ရီရီလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။

ဒေါ်ရီရီကို(၁၉၂၉)ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် သံတွဲ့မြို့၌ အဖဦးဘစိန်၊ အမိဒေါ်ခိုင်တို့မှ ဖွားမြင်သည်။ (၁၉၃၅)ခုနှစ်တွင် စစ်တွေကွန်ဗင့်ကျောင်း၌စတင်ပညာသင်ခဲ့သည်။(၁၉၄၆)ခုနှစ်တွင်ဆယ်တုန်းကို စာမေး ပွဲအောင်မြင်သည်။(၁၉၅၂)ခုနှစ်တွင်ရာဇ၀င်ဂုဏ်ထူးတန်းကိုဒုတိယတန်း(က)အဆင့်ဖြင့် အောင်မြင် သည်။ ထိုနှစ်၌ပင် ပညာတော်သင်အဖြစ်ဖြင့်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိ ကပညာရပ် ဆိုင်ရာကျောင်း (School of oriental and African Studies) တွင်တက်ရောက်ခဲ့၍ ၁၉၅၈ ခုနှစ်တွင် ပီအိခ်ျဒီ ဘွဲ့ရခဲ့သည်။

ဖိုးကျော့

ဖိုးကျော့-၁၉၇၂ခုနှစ်အမျိုးသားစာပေဆု(၀တ္ထုတိုပေါင်းချုပ်ဆု)
စာရေးဆရာဖိုးကျော့သည်ဆင်နှင့်ပတ်သက်လျှင် ပါရဂူတစ်ဆူဟုဆိုနိုင်ပါသည်။ ဆရာဖိုးကျော့ကို(၁၃၀၂) ခုနှစ်၊၀ါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)တွင်အဖသမားတော်ကြီးဦးဘောက်ဖြူ၊အမိဒေါ်ချက် ကောင်း မ တို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ချောင်းဝကျေးရွာ၌ မွေးဖွားခဲ့ သည်။ မွေး ချင်း ကိုးယောက် အနက် မှ တတိယမြောက်ဖြစ်ပြီး အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။

ဆရာဖိုးကျော့သည်(၁၉၆၅)ခုနှစ်၊အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ "ဆင်မာန်နှင့်ငှက်ဥာဏ်"၀တ္ထုတို ဖြင့် စာပေနယ်သို့စတင်ဝင်ရောက်ခဲ့သည်။(၁၉၆၈)ခုနှစ်တွင် “ဆင်လိုက်ခြင်း”၀တ္ထုတိုကိုကျောင်းသုံး အဖြစ် ပြဌာန်းခြင်းခံရသည်။(၁၉၇၂)ခုနှစ်တွင် “အောင်ပွဲသို့ချီရာဝယ်”၀တ္ထုတိုပေါင်းချုပ်ဖြင့်အမျိုးသား စာ ပေဆုကို ရရှိခဲ့သည်။

(၁၉၇၁)ခုနှစ်အမျိုးသားစာပေဆုရဆရာကြီးဦးစံသာအောင်

၁၉၇၁ခုနှစ်အမျိုးသားစာပေဆု၊သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်)ဆုရဆရာကြီးဦးစံသာအောင် ရခိုင်နှင့်မြန်မာလူမှုရေးနယ်ပယ်၊ပညာရေးနယ်ပယ်၊ စာပေယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင်ထင်ရှားကျော် ကြားသောဆရာကြီးဦးစံသာအောင်သည် တစ်ခေတ်တွင်တစ်ယောက်ဆိုသလို ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ဆရာကြီးဦးစံသာအောင်ကို ၁၉၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင်စစ်တွေမြို့၌ အဖဦးသာဇံဦး (အငြိမ်း စား စက်ရှင်တရားသူကြီး)၊အမိဒေါ်မရတို့မှ မွေးဖွားသည်။ ၁၉၄၀ခုနှစ်တွင် တန်းမြင့်ကျောင်းထွက် စာမေး ပွဲကို စစ်တွေမြို့အစိုးရအထက်တန်းကျောင်းမှအောင်မြင်သည်။ ၁၉၄၉ ခုနှစ်တွင်ရူပဗေဒ ဂုဏ်ထူး ဖြင့်ပထ မတန်းအဆင့်မှ အောင်မြင်ခဲ့သည်။၁၉၅၄ခုနှစ်တွင် အမေရိကန်ပြည်ဟားဗတ်တက္ကသိုလ်မှ မဟာသိပ္ပံသင် တန်းကိုသန့်စင်ရူပဗေဒဘာသာဖြင့်အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ၁၉၅၀ပြည့်နှစ် မှစ၍ သရုပ်ပြဆရာအဖြစ်စတင်အမှုထမ်းခဲ့သည်။ ၁၉၆၄ခုနှစ်တွင် ရန်ကုန်မြို့ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရူပ ဗေဒဌာန၌ ပါမောက္ခအဖြစ်အမှုထမ်းဆောင်ခဲ့သည်။

စာပေပါရဂူဘွဲ့ရဒေါက်တာဦးရွှေဇံအောင်(၁၈၇၁-၁၉၃၂)

ဆရာကြီးဦးရွှေဇံအောင်သည် ကမ္ဘာကျော်ကျမ်းပြုစာဆိုတစ်ဦးပင်ဖြစ်သည်။မြန်မာစာမြန်မာမှုဖြင့်ကမ္ဘာပြုခဲ့ သူ ဖြစ်သည်။ဦးရွှေဇံအောင်ကို (၁၈၇၁)ခုနှစ်ဇန်န၀ါရီလ(၂၀)ရက်နေ့တွင်ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်တွင် အဖခရိုင်ကဲဝန်ဦးရွှေသာ၊အမိဒေါ်အဇံဖြူတို့မှ မွေးဖွားခဲ့သည်။

ဦးရွှေဇံအောင်သည် စစ်တွေမြို့သား၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအား လွတ်လပ်ရေးစိတ်ဓါတ် မျိုးစေ့ ချပေး ခဲ့ သူဆရာတော်ဦးဥတ္တမ(၁၈၇၉-၁၉၃၉)နှင့်ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦးဟုဆိုနိုင်ပါသည်။ ဆရာတော်ဦး ဥတ္တမ သည် “ဂျပန်အကြောင်း”စာအုပ်ကို ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။

ဦးရွှေဇံအောင်၊ ဆရာတော်ဦးဥတ္တမတို့နှင့်မရှေးမနှောင်း ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးမှာ ဦးစံရွှေဖူး(၁၈၉၂-၁၉၄၃)ပင်ဖြစ်သည်။ ၄င်းသည် ရှေးဟောင်းသုတေသနဂုဏ်ထူးဆောင်အဖြစ်အမှုဆောင်ဆဲကာလ (၁၉၁၇ မှ ၁၉၂၇) ခုနှစ်အထိအတွင်း မြန်မာနိုင်ငံသူတေသန အသင်းဂျာနယ်တွင် ရခိုင်သမိုးနှင့်ရခိုင်ယဉ်ကျေးမှု ရေးရာ ဆောင်းပါးများကို ပထမဦးဆုံး ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။

သစ္စာမြဲလှ မယ်ရူပ

ရှေးလွန်လေပြီးသောအခါ တိုင်းပြည်တစ်ပြည်၌ ဘုရင်တစ်ပါး ထီးနန်းစိုးစံခဲ့လေ၏။ ထိုမင်း၏ တောင်ညာစံ မိဖုရားမှ သမီးတော်တစ်ပါး ဖြစ်ထွန်းခဲ့လေသည်။ထိုသမီးငယ်သည် မွေးစကပင် ရုပ်ရည်လှပတင့်တယ် ချစ်စဖွယ်ရှိသဖြင့် မယ်ရူပဟူ၍ အမည်မှည့်ခေါ်ခဲ့ကြလေသည်။

မေရူပသည် ငယ်စဉ်ကပင် ရိုးသားဖြောင့်မတ်သောစိတ်ရှိကာ တည်ကြည်သော က္ကနြေ္ဒအမူအရာ ကို လည်း ဆေင်လေသည်။ကြီးပြင်းလာသောအခါ တတ်သိအပ်သော ပညာများကို တက္ကသိုလ်ဆရာကြီးထံ ၌ သင်ယူ ခဲ့လေသည်။ ၄င်းနှင့်အတူဆင်းရဲသားတစ်ဦးလည်း ပညာသင်ရန်ရောက်ရှိ နှင့်လေ၏။ ထိုဆင်းရဲ သား သူ ငယ်မှာ မောင်သစ္စာဟူ၍ အမည်ရှိလေသည်။ ၄င်းတို့နှစ်ယောက် အတူတကွ ပညာသင်ကြား ဘက် ဖြစ်ခဲ့ ကြရလေသည်။

သတ္တိကုမ္မာရမင်းသား

ရှေးအခါကတိုင်းပြည်တစ်ပြည်၌မင်းတစ်ပါးအုပ်ချုပ် စိုးစံခဲ့လေ၏။ထိုမင်း၏မိဖုးရား၌ သားတော်လေး တစ်ပါး ဖြစ်ထွန်းလေ၏။ ထိုမင်းသားသည်ငယ်စဉ်ကပင် ရဲစွမ်းသတ္တိနှင့်ပြည့်စုံလေ၏။ ထို့ကြောင့်သတ္တိ ကုမ္မာရ မင်း သားဟူ၍ အမည်တွင်ခဲ့၏။

မင်းသားငယ်သည် အရွယ်ရောက်လေသော် မြင်းစီးဝါသနာ ပါလာလေ၏။ ထိုမင်းသား၏ ဘုန်းကံကြောင့် နတ်မြင်းပျံတစ်စီးကိုရရှိခဲ့လေ၏။ထိုမြင်းကိုအဖော်လုပ်ကာ စီးနင်းပျော်ပါး နေလာခဲ့လေရာ အချိန်အား တိုင်း ထိုမြင်းပျံစီးလျက် တိုင်းပြည်တွင်း၌ လှည့်လည် သွားလာလေ့ရှိ၏။

တစ်နေ့သ၌မြင်းပျံကိုစီး၍ သွားစဉ် မိမိနယ်ပယ်ကို ကျော်လွန်သွားလေပြီး အခြားတိုင်ပြည်သို့ ရောက် သွား ၍ ဒေသတစ်ခု၌ သက်ဆင်းခဲ့လေ၏။ ထိုတိုင်းပြည်၌ ဘုရင်တစ်ပါးတွင် အလွန်လှပသော သမီးတော် တစ် ယောက်ရှိပြီး အမည်မှာမာလာဝတီ ဟူ၍ခေါ်လေ၏။ ထိုသမီးတော်ကို ဘီလူးဖမ်းယူသွားခြင်းခံရ ရှာ လေ သည်။

ကင်းခဓလေ့

ရခိုင်ပြည်နယ်တွင် လယ်သူမများသည် ကောက်စိုက်ပျိုးရာ၌ ကောက်ငန်းဦးထား၍ စိုက်ပျိုးခဲ့ကြသည်။ ငန်း ဦး သို့ရောက်၍ ကျော်ဖြတ်လာကြသူများကို ကင်းတားလျက် ရပ်ဆိုင်းထားလေသည်။ ကင်းတားခြင်း ရသူ များသည်မရှောင်သာဘဲ ပိတ်မိနေခဲ့ရသည်။ ထိုအခါကင်းမှကျော်လွှားစေရန် ကင်းခတောင်းကြသည်။ တေး သီချင်းဆို၍ တပျော်တပါးတောင်းခံကြသဖြင့် ကင်းဆီးတားခအဖြစ် ငွေကြေးပေး၍ လည်းကောင်း၊ အစားအ သောက်ပေး၍လည်းကောင်း သွားခွင့်ပြုခဲ့ကြလေသည်။ထိုဓလေ့သည် ကောက်စိုက်လောကတွင် ယဉ်ကျေး မှုတစ်ခုအဖြစ်လည်းကောင်း၊အပျော်အပါး အဖြစ်လည်းကောင်း ယခုတိုင်သက် ဆင်းလာခဲ့ရလေ သည်။ ရရှိ သောကင်းခတို့ကိုကား အပျော်အပါးအဖြစ်လည်းကောင်း၊ အလှူဒါနပြု၍ လည်းကောင်း အသုံးပြုခဲ့ ကြလေ သည်။

ခယ်မ-ခဲအို ဆုပန်ဆို

ရှေးအခါက ကျေးရွာတစ်ရွာတွင်လူတစ်ယောက်ရှိလေသည်။ ၄င်းသည် နောင်သံသရာ ဘ၀တွင် အေးချမ်း စွာဖြစ်လိုချင်၏။ ထို့ပြင်အမြင့်မြတ်ဆုံးဖြစ်ရ၍လူတကာ၏အပူဇော်ကိုခံထိုက်လို၏။ထိုဆန္ဒအတိုင်းဖြစ်မြောက် စေရန် မပြတ်စိတ်ကူးကြံဆလျက် ရှိလာခဲ့လေသည်။ မိမိ၏ဆန္ဒနှင့်အကြံအစည်များ ကို လည်း အခါ အား လျော်စွာ ထုတ်ဖော်လေရှိပေသည်။ လူစုလူဝေးများတွင် အရိပ်အမြွတ်ချ ၍ ပြောဆို ခဲ့လေ ၏။

တစ်နေ့သ၌၄င်း၏ ခယ်မနှင့် အဖော်များသည် ညနေရောက်၍ထမင်းစားခဲ့ကြလေ၏။ထမင်းစားအပြီးတွင် စကားဝိုင်းဖွဲ့လျက် ရောက်တတ်ရာရာကို ပြောဆိုခဲ့ကြလေသည်။ ထိုစကားဝိုင်းသို့ထိုလူလည်း ၀င်ရောက်၍ စကားစပ်လျက်ပြောဆိုလေသည်။ ၄င်းပြောဆိုချက်မှာ အခွင့်သာခိုက် မိမိစိတ်ကူးကြံစည်ချက်ကိုဖော် ထုတ် ခြင်းပင်ဖြစ်လေသည်။

“ဖြေ”လာ၊“ဖြီ”လာ၊“ပြေ”လာ၊“ပြီ”လာ

ရခိုင်သားတိရခိုင်စကားပြောလာကတ်စွာ ကောင်းကောင်းကြာပါဗျာယ်။ပြောစကားကိုရွီးသားနိုင်ဖို့ စာပီ ကို လေ့ တည်ထွင်နိုင်ခကတ်ဗျာယ်။ပြောစကားနန့်အညီကျောက်စာတိကိုလေ့ရွီးထိုးခကတ်ဗျာယ်။ ယင်းနောက် မှာ ကိုယ်စကားကိုပြောပြီးကေ သူများစာကိုဖတ်ရရေ။ ရွီးရရေခေတ်တိ ကို ဖြတ်သန်း ရပြန် ပါရေ။ ရခိုင်မှာ ပီပင်မစိုက်ရ။မြင်းမမွီးရစပ်ရ၊ ဆင်မမွီးစပ် ရရေ ခေတ် တိနန့်လေ့ကြုံ ခကတ်ရရေ။ စကားက စာကိုထိန်း၊ စာကစကားကိုထိန်းရေ သဘောဟိစွာကို သိကေလေ့ စာမရွီးရစွာ ကြာလာရေခါ စကားပါ ပျက်လာ ရေ။ ယေခါ ရခိုင်စကားထဲမှာ သူများစာ/စကားထဲကအသံတိတိုး ၀င်နီရာယူလာစွာကိုတွိ လာ ရရေ။ဒေပိုင်နီရာ ၀င်ယူနီစွာကို ကာကွယ်ဖို့ ရခိုင်စာရွီးကတ်ရဖို့၊ဖတ် ကတ်ရဖို့ဆိုစွာကို ပညာတတ် ရခိုင် သားတိအယင်ဆုံး အရိပ်ကျပါလတ်ကတ်တေ။ ရခိုင်သားမှာ စာတတ်တေလူအများစုက မြို့သား၊ ကျွန်းသား အများစုက စာမ တတ်ကတ်။ စာမတတ်တေကျွန်းသား တိကရခိုင်စကားစစ်စစ်ကို ထိန်းသိမ်းပီး ထားရေ။ မြို့ထက်က ပညာ တတ်ရခိုင်တိရခိုင်စာရွီးဖို့ ကြံကတ်တေခါ သူရို့ပြောနီရေ ရခိုင်စကားက အားလုံး မစစ်ချင် ဗျာယ်။ယေခါ သူ များစကားထဲက စကားလုံးတိကို ကိုယ့်စွာထင်ဗျာယ် ရွီးသားတင်ပြကတ်စွာကို တွိလာရ ပါရေ။ ယင်းအထဲက “ဖြေ”လာ၊“ဖြီ”လာနန့် “ပြေ”လာ၊“ပြီ”လာကို တချက်အတွက်ချကြည့် ကတ် ပါမေ။

သူကအပင့်ကိုယ်ကအရစ် ကိုယ်ကအပင့်သူကအရစ်

စာရွီးဆရာသိန်းဖေမြင့်က “ကျောက်တော်မှပလက်ဝ”ကိုလားရေ အတွိအကြုံချေတစ်ခုကို ရွီးဖူးလီရေ။ ယင်း ထဲ မှာ “ရခိုင်တိရေတေးခြင်းဆိုရေခါ ဗမာပိုင်ဆိုရေ” လို့မှတ်ချက်ချရွီးထားရေ။ ဧစွာကိုတစ်ဖက်က ကြည့် ကေ ဟုတ်နီရေ။ ရခိုင်တိရေ ဗမာတေးခြင်းတိကို ဆိုတတ်တေဆိုစွာ။

နောက်....ဆရာတော်၊သမားတော်တိရေ တရားဓမ္မဟောရေခါ ဗမာပိုင်ရွီးထားစွာကို ရခိုင်ပိုင်ဟောကတ်စွာ တိ တွိရရေ။

ဧမှာပြောစရာဖြစ်လာစွာက ရခိုင်က ဗမာတေးခြင်းကို ဗမာပိုင်ဆိုစွာက ကိစ္စမဟိ။ဗမာအရွီးအသားကို ရခိုင် ပိုင် ပြောရေခါမှာ ဘာသာစကားနှစ်ခုလုံးပျက်ကျလားရေ အဖြစ်ပါယာ။

ရခိုင်ဓမ္မကထိက ကိုယ်တော်တစ်ပါး တရားဟောစွာနာမိရေ။တရားနာစွာမဟုတ်ဘဲ ဘာသာစကားနာ စွာ ဖြစ်လားရေ။ယင်းကိုယ်တော်က“ဒါနကိုလီးပြုလုပ်ပါ၊သီလကိုလီးလုံခြုံအောင်စောင့်ထိန်းပါ.......”လို့ ဟောစွာ ကိုသတိကျပ်မိပါရေ။

ငရုပ်ဖုတ်ဟင်း

ရှေးက ပေါတာတာ၊ အတတနိုင်လှသော လူတစ်ယောက်ရှိ၏။ ၄င်းကိုအများက ဗောနှမ်း (ပေါနှမ်း) ဟူ၍ ခေါ်ဝေါ်ခဲ့ကြလေသည်။ ဗောနှမ်းသည် မနူးမနပ်ဖြစ်သော်လည်း အလုပ်အကိုင်ကောင်းလှ၏။ အလုပ် မရွေး လုပ်ကိုင်လျက် အသက်မွေးဝမ်းကျောင်းပြုလာလေသည်။

ဗောနှမ်းအား ရွာနီးချုပ်စပ်မှအမျိုးသမီးများက လက်မခံကြချေ။ သို့သော်လည်း တစ်ရပ်တစ်ခြားနေ ဆင်းရဲ သူမတစ်ဦးက ချစ်ကြည်လေ၏။ ထို့ကြောင့် ၄င်းဆင်းရဲသူမနှင့်အိမ်ထောင်ဖက်ခဲ့ရလေသည်။ထို့နောက် ၄င်း တို့လင်မယားတို့သည် မိမိတို့အလုပ်အကိုင်ဖြင့် ကောင်းစွာနေထိုင်လာခဲ့ကြလေသည်။

တစ်နေ့သ၌ ဗောနှမ်းသည် ယောက္ခမအိမ်သို့ အလည်အပတ်သွားခဲ့ရလေသည်။ ထိုတွင် တည်ခင်းသော ထမင်းဟင်းများကိုလည်း မြိန်ရှက်စွာစားသောက် ခဲ့လေ၏။ ထမင်းစားရာ၌ ငရုပ်ဖုတ်ဟင်းကို အ လွန်နှစ် ခြိုက်မိလေသည်။ ကြက်သွန်ဖြူနိုင်လှပြီး ငရုပ်ကိုမီးသင်း၍ နယ်ထားသောကြောင့် ကြိုင်သင်းနေ၏။ တို့စရာ များဖြင့်တို့စားရသော ငပိချက်တစ်မျိုးလည်းဖြစ်လေ၏။

ဖန်သလီ-ဖန်သလက်

ရှေးက တောကျေးလက်မှဧည့်သည် တစ်ယောက်မြို့သို့အလည်ရောက်လာသည်။ သိကျွမ်းခင်မင်သော မြို့ သားမိတ်ဆွေကလက်ခံထားလေသည်။ မြို့သားအိမ်ရှင်မှာကား ခေတ်ပေါ်ပစ္စည်းများကိုအသုံးပြုလျက် ရှိနေ သည်။ တောသားဧည့်သည်မှာမူမိရိုးဖလာ ပစ္စည်းကိုသာအသုံးပြုလာဖူးသည်။

ဧည့်သည်ကိုလောကွတ်ပျူငှာစွာဖြင့်ဧည့်ခံလေသည်။ ညစာထမင်းဟင်းဖြင့်တည်ခင်း ကျွေးမွေးလေ့သည်။ မှောင်မိုက်လာသောကာလ မီးထွန်းညှိရန်လည်း ဖယောင်းတိုင်ကိုအသင့်ချပေးထားသည်။

ကိုယ်ရောဂါ ကိုယ်သာသိ

တစ်ခါတုန်းက အလုပ်ကိစ္စနှင့်တောက လူတစ်ယောက်မြို့ သို့ ရောက်လာသည်။လှေဖြင့်လှော်ခတ်သွား ခဲ့ရ သဖြင့်ပင်ပန်းနွမ်းရိနေသည်လည်းဖြစ်လေသည်။ ထို့ကြောင့်မြို့သို့ခရီးရောက်မဆိုက် နီးရာဆိုင်တစ်ဆိုင်သို့ အပြေးအလွှားဝင်သွားခဲ့လေသည်။

အစာဆာမွတ်နေသည့် အလျောက် မုန့်ပဲသရေစာစားလိုလှသဖြင့် မျက်စိသိုင်းဝန်း၍ကြည့်မိရာ အမွှေး ဆပ် ပြာခဲများကို တွေ့မြင်ရလေ၏။ အရောင်အဆင်း အမျိုးမျိုးရှိသော ဆပ်ပြာခဲများပြန့်ကြဲလျက် ရှိနေသည်။

ခရီးသည်လည်းဆပ်ပြာခဲမှန်းလုံးဝမသိ။ မုန့်တစ်မျိုးမျိုးသာဖြစ်မည်ဟုအောက်မေ့မှတ်ထင်လေ၏။ဈေးနှုန်းကို မေးမြန်းခဲ့လေ၏။ ထို့နောက် မဆိုင်းမတွန့်ဘဲ ချက်ချင်းကောက်ယူစားသောက် လိုက်လေသည်။

ကြောင်သူတော်

ရှေးအခါက တောချုံတစ်ခု၌ ကြက်မတစ်ကောင်ကျက်စားနေထိုင်လျက် ရှိခဲ့လေ၏။ ကြောင်တစ်ကောင် သည်လည်းထိုတောသို့ရောက်လာ၍ နေထိုင်လေ၏။ ကြက်မကား ပိုးမွှားများကို ယက်၍ရှာဖွေ စားသောက် လေ၏။ ကြောင်မှာအသားငါးများကိုသာ စားသောက်ခဲ့လေ၏။

ကြက်မအတွက်အစာရှာစားရလွယ်၏။ကြောင်အဖို့ရာအစာရှာရခက်ခဲလေ၏။ထိုကြောင့် ကြက်မသည် အစာ ၀ဖြိုးသော်လည်းကြောင်ကား အစာခေါင်းပါးလေ၏။ သို့နေလာခဲ့ကြရာမှ ကြောင်သည်အစာငတ်၍ ပိန်ချုံး လာခဲ့ရလေ၏။

တစ်နေ့သ၌ ကြောင်သည် ကြက်မကိုတွေ့မြင်မိလေ၏။ “ဤကြက်မကား အစာကောင်းရာတွင် ကျက် စား လေရာသည်။ကြက်မကို မိတ်ဖွဲ့မှသာလျှင် ငါလည်းအစာကောင်း စားရ၍ဆူဖြိုးလာရမည်” ဟုအောက် မေ့ လေ၏။

မြို့စားကြီးနှင့်မင်းသုံးမင်းဆောင်

ရှေးအခါကမြို့စားကြီးတစ်ယောက်ရှိခဲ့လေသည်။ ၄င်းသည်ဆပ်ပြာမွှေးကိုအသုံးမပြုဖူးချေ။ တိုင်းပြည်တွင်း၌ အသုံးပြုနေကြသည်ကိုလည်း မကြားမသိသေးချေ။ဆပ်ပြာမွှေးရောင်းသူများက ရောင်းကုန်တွင်ကျယ်လို၏။ ထို့ကြောင့်နည်းအမျိုးမျိုးကို ကြံဆောင်၍ကြော်ငြာခဲ့ကြသည်။

“မင်းသုံးက၊ဓါးတုံးထက်” ဆိုသည့်အတိုင်းအကြီးအဲများနှင့် ချဉ်းကပ်ကြော်ငြာခဲ့ကြသည်။အကြီး အကဲများ ထံကြော်ငြာအဖြစ်လက်ဆောင်ပို့၍လည်း ဖြန့်ဝေပေးခဲ့ကြလေသည်။ကုန်သည်များ၏နည်းပရိယာယ်ကြောင့် ဘုရင်ခံ၊ နယ်စား၊ မြို့စားများထံပါမကျန် ဆပ်ပြာမွှေးများပျံ့နှံ သွားခဲ့ရပေသည်။

တစ်ခါသော်ထိုမြို့စားထံသို့ ကြော်ငြာအဖြစ်ဆပ်ပြာမွှေးများလက်ဆောင် ရောက်ရှိလာခဲ့သည်။ အခြွေအရံ တို့ကလည်း အမြတ်တနိုးပစ္စည်းဖြစ်၍ မြို့စားကြီးကို အသုံးပြုစေချင်သည်။ထို့ကြောင့်မြို့စားကြီး စားတော် ခေါ်ချိန်တွင် စားတော်ပွဲ၌ ထည့်သွင်းပေးခဲ့ကြလေ၏။

အဘွား, ကျွန်တော်....ပြီးတော့

အဘွားသည်ရသေ့တောင်မြို့သူဖြစ်ပါသည်။
အဘွား၏အမည်မှာ ဒေါ်ဝင်းညိုမေဖြစ်ပါ၏။ အဘွားသည်ရသေ့တောင်မြို့ချောင်းဝရပ်ကွက်တွင် နေထိုင်ခဲ့ပါ သည်။ အဘွား၏ချက်မြှပ်ရာဒေသသည် ရသေ့တောင်ဖြစ်၍ ကွန်လွန်တော့လည်းရသေ့တောင်မြို့မှာပင်။

ကျွန်တော့်ဖခင်၏မိခင်ဖြစ်သဖြင့် အဖေ့ဘက်မှတော်စပ်သော အဘွားဖြစ်ပါသည်။
 အဘွားသည် မြေးဦးကျွန်တော့်ကို အလွန်ချစ်ပါ၏။ အဘွားတွင်စားစရာတစ်ခုရလာလျှင် အားလုံးကိုမစား ။ မြေးဦး ဖြစ်သူကျွန်တော့်ကိုမျှဝေကျွေးသည်။ ကျွန်တော့်အိမ်၌မရှိမူ ဆန်ထည့်သည့်စဥ့်အိုးကြီးထဲမှာ ၀ှက် ထား၏။ ကျွန်တော်ဆော့ကစားရာမှ ပြန်ရောက်လာသည့်အခါ လက်တို့ပြီး တိတ်တိတ်ခိုးကျွေးလေ သည် ။ မြေးအနှစ် ဆိုတာကိုနက်နက်ရှိုင်းရှိုင်းမသိခဲ့သော်လည်း ယခုကျွန်တော့ မှာမြေး ဦးရလာသည့်အ ခါ မှ မြေး အနှစ် အဓိပ္ပါယ်ကပီပြင်လာသည်။ နက်နက်ရှိုင်းရှိုင်းသိလာသည်။

ခွေးနှင့်ကြောင်ဘာကြောင့်မသင့်သနည်း

တောရွာတစ်ရွာ၌ လယ်သူကြီးတစ်ယောက်ရှိလေ၏။ ၄င်းသည် လယ်ယာများစွာကိုလုပ်ကိုင်လျက်ရှိလေ၏။ အလုပ်သမားအခိုင်းအစေများလည်း မပြတ်မလပ်ရှိလေ၏။လယ်မြေလုပ်ငန်းဖြင့် ကြီးပွားကာချမ်းသာလျက် ရှိလ ခဲ့လေ၏။

လယ်သူကြီးသည် လယ်ယာတို့ကိုကောင်းစွာဂရုစိုက်လုပ်ကိုင်လေ၏။လယ်ယာတွင် စပါးသီးနှံအပြင်သားငါး များကိုလည်းမွေးမြူထားလေ၏။ ကုန်းမြင့်လယ်မြေတို့၌ ဆိုလျှင်ဟင်းသီးဟင်းရွက်များကို လည်းစိုက်ပျိုး ထား လေ၏။ထို့ကြောင့်ရာသီထွက်သီးနှံသားငါး အစာများအမြဲ ရရှိနေ၏။

လယ်သူကြီးသည်အလုပ်သမားတို့အား သား၊ငါး၊သီးနှံတို့ဖြင့် ကောင်းစွာကျွေးမွေးလေ၏။ဝယ်ခြမ်းကျွေးမွေး ရခြင်းလုံးဝမရှိမူဘဲ မိမိခြံထွက် ပစ္စည်းဖြင့် ပင်ရောင့်ရဲတင်းတိမ်မျှတပြည့်ဝစေ၏။ အလုပ်သမားတို့က လည်း လယ်သူကြီး အကြိုက်ကောင်း စွာထွန်ယက်လုပ် ကိုင်ပေးခဲ့ကြလေ၏။

ကျီးဖြူရွာဇာမှာလဲ

တစ်ခါတစ်ပါး၌ ကျီးသားဖော်ငါးရာတို့သည် အစာရှာကြရန်ကျေးရွာတစ်ခုသို့ရောက်ရှိသွားကြလေ၏။ လူသူ ရပ်ရွာနီးစပ်ရာတိုင်အောင် အစားအစာများကိုလှည့်လည် ရှာဖွေစားသောက်နေ ခဲ့ကြလေ၏။ထိုစဉ် ဆင်း ရဲ သောသားအမိအိပ်အနီးသို့ရောက် ရှိခဲ့ကြလေ၏။

ထိုအိမ်၌နှစ်တစ်ဖျာကိုနေလှမ်းထားရှိလေ၏။ မိခင်သည် သမီးငယ်အားအစောင့်ထားခဲ့ပြီး ထင်းခွေရန်တော သို့ သွားနှင့်လေ၏။ အစောင့်ထားကျန်ရစ်သောသမီးငယ်ကို ကျေးငှက်များတစ်စေ့မှမစားရန်လည်းကောင်း စွာ ပြောဆိုမှာကြားထားခဲ့လေ၏။မိခင်၏မှာကြားမှုတိုင်း သမီးငယ်သည်ဂရုစိုက်၍စောင့်ကြပ်နေလင့်လေ၏။

မြွှေကဖားကိုဘာကြောင့်ဖမ်းမျိုရသနည်း

ဟေမ၀န္တာတော၌ ကျက်စားနေကြသောတိရစ္ဆာန်များသည် တစ်နေ့တွင်စုရုံးတိုင်ပင်မှုတစ်ခုကို ပြုခဲ့ကြ လေ ၏။ 

“ငါတို့သည် အစာအာဟာရစားရသည်မှာ ကာလကြာခဲ့လေပြီ၊မြိန်ရေရှက်ရေဟူ၍ မတွေ့ရှိရချေ။အကြောင်း ဘယ်သို့နည်း။ စုံစမ်းသင့်ကြသည်။” ဟုပြောဆိုမှုဖြစ်ခဲ့ကြလေ၏။

ထိုအခါ သားငါးတိရစ္ဆာန်တို့ အုပ်စုက အကြံပြုခဲ့ကြ၏။ 
“မှက်ကောင်သည် အသွေးအသားကိုစုပ်ယူစားသောက်လေ့ရှိတတ်သည်။ သူကသာလျှင် အစာရေစာ အ သား အသွေးဟူသမျှကို မြည်းစမ်း သိရှိနူင်ပေသည်။ ထို့ကြောင့် သွေးစုပ် မှက်ကောင်ကိုပင် စုံစမ်းမှုပြုရန် စေခိုင်းသင့်သည်” ဟုတင်ပြပြောဆိုကြလေ၏။

၎င်းတို့၏ပြောဆိုချက်အတိုင်း သဘောတူကြလျက်မှက်ကောင်ကို ရွေးချယ်လိုက်ကြလေ၏။မကြာမီ မှက် ကောင်လည်း ဟေမ၀န္တာတောမှ ပျံသန်းထွက်ခွာလျက်၊ စုံစမ်းမှုပြုခဲ့လေ၏။ ခရီးအကြားတွင် မြစ်တစ်ခု ကိုတွေ့လေသော် ကူးတို့သည်ကို ရှာဖွေလေ၏။

ဖြတ်ထိုးဥာဏ်ကောင်းသောရှေ့နေဇီးကွက်

ရှေးအခါကမိဘမဲ့သော ၀က်ငယ်နှင့်ကျားငယ်နှစ်ကောင် မိတ်ဆွေဖြစ်လျက်နေလာခဲ့လေ ၏။၎င်းတို့ သည် မိဘသေဆုံးသွားပြီးစကပင် အတူပေါင်းဖော်ကာ ဆက်ဆံလာခဲ့ကြ၏။ ညီအစ်ကိုပမာ ချစ်ခင်မြတ်နိုးမှုမပျက် ရှိခဲ့ကြလေ၏။

ဝက်ငယ်မှာကားသစ်ဥ၊ သစ်မြစ်၊ သစ်ဖုများကို ရှာဖွေတူးဖော်စားသောက်ခဲ့လေ၏။ ထို့ကြောင့်အစား အဟာ ရပြည့်ဝ၍ကိုယ်ခန္ဓာသန်မာ ဆူဖြိုးလာလေ၏။ကျားငယ်မှာမူကား သားကောင်များကို ဖမ်းရမိသော အခါမှ ၀မ်းဝနိုင်၏။မရသောနေ့တို့၌ အစာအဟာရမစားရဘဲ အငတ်ခံနေခဲ့ရလေ၏။ မစားရဖန်များ လာ သောအခါ ပိန်ချုံးကြုံလှီလာခဲ့လေ၏။

ဝက်ငယ်နှင့်ကျားငယ်တို့သည် အတူတကွ အစာရေစာရှာဖွေလေ့ရှိကြ၏။ နေထိုင်ကြစဉ်လည်း တစ်ကောင် ၏ပေါင်ပေါ်တွင် တစ်ကောင်က ခေါင်းတင်အုံးလေ့ရှိကြလေ၏။ယင်းသို့ ချစ်ခင်ရင်းနှီးလာခဲ့ကြ ရာ တစ်နေ့ သ၌ ကျားက မကောင်းသောအကြံအစည် ဖြစ်ခဲ့လေ၏။

ရိယ်ကြည်ရာမြက်နု ဟိယ်ရာ

“ရိယ်ပိယ်မေမေ...ရိယ်”

ခေတ္တရန်ကုန်ရောက် ရခိုင်အဘိုးရှင်တစ်ဦးအနေဖြင့်နှစ်နှစ်ကျော် အရွယ်ရှိမြေးဦး ကလေး ၏စကားကိုကြား ရသည်မှာနားဝင်ပီယံရှိလှပါသည်။ နားဝင်ချိုရုံသာ မက ဦးနှောက်ကွန်ပျူတာထဲက နျူထရွန်ဝါယာများကို လှုပ် ရှားနိုးကြွစေပါသည်။

“ဇာ...ငါ့မြီးသျှေ ပြောနီစွာဇာလေခု”
ရီးလေ့မဟုတ်၊ရေ(ယေ)လေ့မဟုတ်၊ ပီးလေ့မဟုတ်၊ပေးလေ့မဟုတ်ပါကာရာဇာကုမာရ်၏ညီမသျှေလာ ချင့်”

ကျွန်တော်သည် သမိုင်းသုတေသီတစ်ဦးမဟုတ်ပါ။ ဘာသာဗေဒပညာရှင်လည်းမဟုတ်ပါ။ သာမန်စာရေးဆ ရာ တစ်ဦးသာဖြစ်ပါသည်။

ရာဇကုမာရ်သည် ဘုရင့်သားတော်တစ်ပါးပါ။ ကျန်စစ်သားဘုရင်မင်းမြတ်နှင့်အပယ်မိဖုရား သမ္ဘူလတို့မှ ဖွား မြင် သောသားတော်ရာဇကုမာရ်ကို ကျွန်တော့်စိတ်ထဲတွင်ပုဂံပြည်ရောက်၊ပုဂံပြည်ဖွား ရခိုင် အမျိုးသား တစ် ဦးဟု သဘောထားမိပါသည်။

ဆင်မင်းညီနောင်

(ရခိုင်မင်းရာဇာကြီးအားသားတော် မင်းခမောင်းပုန်ကန်သည်တွင်အမတ်ပညာရှိကြီး မဟာပညာဝံသ ဥပမာ ပြလျှောက်ထားဖူးသောပုံပြင်ဖြစ်သည်။)

ရှေးသောအခါ ဘုရားလောင်းဆင်မင်းသည် အရန်တစ်ထောင်သော ဆင်တို့နှင့်သစ္စာပြု လျက်နေထိုင် တော် မူသည်။အဂေါလဟတ္ထိဆင်လည်း ဆင်ပေါင်း တစ်ထောင်နှင့်နေလေသည်။

ထိုအခါ ဘုရားလောင်းဆင်မင်းတွင် အမိန္နကဟူသောညီတော်ရှိသည်။အမိန္နကဆင်ကို အဂေါလဆင်က လှည့်ပတ်လျက်“အရွယ်ကောင်းစွာသန်မာသောကာလ၌ မင်းမူရမှာသာကျေးဇူးထွန်းရန်ရှိနိုင်သည်။အိုသော အခါ ပဇာအကျိုးရှိအံ့နည်း။နောင်တော်ဆင်မင်းကို ပြစ်မှားစေ”ဟု ဂုန်း လျှော စကားဆိုသည်။ 

ပညာရှိသောမင်းတစ်ပါး

အဘိရာဇာမည်သောမင်းတစ်ပါးရှိလေ၏။ ထိုမင်းသည်သာကီဝင် မင်းမျိုးမင်းနွယ်မှဖြစ်လေသည်။မဇ္ဇိုမ ဒေ သ မှ စစ်ရေးအရဗိုလ်ပါအလုံးအရင်းနှင့် ထွက်ခွာလာလေသည်။ တကောင်းသင်းတွေးပြည်ကို တည် ထောင် ၍စိုးစံအုပ်ချုပ်နေလေသည်။

ထိုမင်း၌ သားတော်နှစ်ပါးဖြစ်ထွန်းခဲ့လေ၏။ ကံရာဇာကြီးနှင့်ကံရာဇာငယ်ဟူ၍အမည်ရှိလေ၏။ ခမည်းတော် မင်း နတ်ရွာစံလေသော် ထိုမင်းသားနှစ်ပါးတို့ကျန်ရစ်ခဲ့လေ၏။ ထိုမင်းသားတို့သည် ခမည်းတော်၏စည်း စိမ် ကို ဆက်ခံရန်အငြင်းပွားခဲ့ကြလေ၏။

“သူရထိုက်-ငါရထိုက်”နှင့် မသင့်မတင့်ရှိကြလေသော် အသင်းအပင်းတို့ နှစ်ဖွဲ့ကွဲကြလေ၏။ သူ့ဘက် ကိုယ့် ဘက်အချင်းချင်းအလုအယက်ဖြစ်ကြလျက် သတ်အံ့သော အစီရင်ကိုပြုခဲ့ကြလေ၏။ ထိုအခါပညာရှိတို့သည် စိုးရိမ်ခြင်းကြီးစွာ ဖြစ်ခဲ့ကြရလေသည်။

လူမျိုးနှင့်ဘာသာ

ဤကမ္ဘာမြေကြီးသည် တပေါင်းလပြည့်စနေနေ့တွင် အစဦးစွာဖြစ်ပေါ်လာခဲ့လေ၏။ မြေကြီးပေါ်ပြီးနောက် ကမ္ဘာဦးလူတို့သည်ဗြဟ္မာပြည်မှ ဆင်း သက်ကြ လေ၏။ကမ္ဘာ၏အသိအမှတ်အဖြစ် အရှေ့ကျွန်း၌ ကုက္ကို ပင်၊ တောင်ကျွန်း၌သပြေပင်၊ အနောက်ကျွန်း၌ထိန်ပင်၊မြောက်ကျွန်း၌ ပဒေသာပင်တို့ ပေါက်ရောက် ဖြစ်ထွန်းခဲ့ ကြလေကုန်၏။

ကမ္ဘာဦးလူတို့သည် ပထမတွင်မြေဆီကိုစား၍နေခဲ့ကြလေ၏။အရောင်အ၀ါထွန်းလင်းလျက်ညဥ့်နေ့ မကွဲပြား ဘဲရှိခဲ့၏။ ထို့နောက်အကျင့်ဖောက် ပြားလတ် ကား၊ကိုယ်ရောင်ကွယ်ခဲ့ ရလေ၏။ ထိုအခါ အလင်းရောင် ပျောက်၍ အမိုက်မှောင်အတိသာဖြစ် လာခဲ့ရလေ၏။ ထို့ကြောင့်အလင်းကိုတောင့်တခဲ့ကြရာ အလင်းရောင် ပေါ်လာ၏။ထိုအလင်းရောင်ကိုနေဟုသမုတ်ကြလေ၏။

ထို့ပြင် ထိုနေမင်းစတင်၍ အလျင်လင်းသောနေ့ရက်ကို တနင်္ဂနွေဟုသမုန်ကြလေ၏။ ထိုနေ့ ကုန်လွန်သော အခါ ညအချိန်ရောက်လျှင် အမိုက် အတိဖုံးလာခဲ့ ရလေ၏။ထိုအခါ ထပ်မံ၍ အလင်းရောင် ကို တောင့်တ ကြပြန်လေ၏။အလိုအတိုင်း အလင်းရောင်ကဲ့သို့ပေါ်လာ၍စန္ဒ(လ)ဟုသမုတ်ကြ ကုန်၏။ ထိုရက်ကို တနင်္လာ ဟူ၍ သမုတ်ခဲ့ကြလေ၏။

သီဟိုဠ်သူဌေး အမွေတစ်သိန်း

မြောက်ဦးမြို့၌ မင်းဖလောင်းစိုးစံလျက်ရှိနေ၏။ ထိုစဉ် အမွေရလိုကြောင်းဘုရင်မင်း ထံလျှောက်ထားမှု တစ် ခု ရောက်ရှိလာခဲ့ ရလေ၏။ အမှုမှာ ဆို လျှင်မြောက် ဦးမြို့အထက်ဆယ်ဆက်မြောက်က စိုးစံခဲ့ ဖူးသော စလင်္ကသူမင်းလက်ထက် ကပင်ဖြစ်၏။ စလင်္ကသူမင်းလက်ထက်သီဟိုဠ်ကျွန်းမှသူဌေးတမ္ဗူလဆိုသူ မြောက် ဦးမြို့သို့ လာရောက် ကုန်သွယ်ခဲ့ဖူးလေ၏။ ထိုစဉ် မြောက်ဦးမြို့ ပေါင်းတွတ်သင်္ဘောဆိပ်၌ သူဌေး အုန်းအာ သန် ဆိုသူနှင့် ချစ်ခင်မှုဖြစ် ခဲ့ကြလေ ၏။ထိုအခါ အချင်းချင်း ယုံကြည်စိတ် ချ စွာဖြင့် ပေါင်း သင်းဆက် သွယ်လာခဲ့ကြလေ၏။

တစ်နေ့သ၌သီဟိုဠ်သူဌေး တမ္ဗူလသည် အုန်းအာသန်ထံ အသပြာ တစ်သိန်းကိုအပ်နှံခဲ့လေ၏။ သို့သော် အ သိသက်သေဟူ၍ လုံးဝမထားရှိခဲ့ချေ။ အပ်နှံ ကြောင်းနှစ်ဦးသဘောတူ သက်သေလက်မှတ်စာကို သ၀န်သ ကာလတောင်၌ရေးထိုးခဲ့ကြလေ၏။ထိုစာမှာကျောက်ဖျာကြီးထက်တွင်ရေးထိုးလျက် ထိုတောင်ထိပ်  ညောင် ပင်ကြီးတစ်ပင်ရင်းမြောက်ဘက်နား၌ မြှုပ်နှံထားခဲ့ကြလေ၏။