(၁၉၇၁)ခုနှစ်အမျိုးသားစာပေဆုရဆရာကြီးဦးစံသာအောင်

၁၉၇၁ခုနှစ်အမျိုးသားစာပေဆု၊သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်)ဆုရဆရာကြီးဦးစံသာအောင် ရခိုင်နှင့်မြန်မာလူမှုရေးနယ်ပယ်၊ပညာရေးနယ်ပယ်၊ စာပေယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင်ထင်ရှားကျော် ကြားသောဆရာကြီးဦးစံသာအောင်သည် တစ်ခေတ်တွင်တစ်ယောက်ဆိုသလို ပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ဆရာကြီးဦးစံသာအောင်ကို ၁၉၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင်စစ်တွေမြို့၌ အဖဦးသာဇံဦး (အငြိမ်း စား စက်ရှင်တရားသူကြီး)၊အမိဒေါ်မရတို့မှ မွေးဖွားသည်။ ၁၉၄၀ခုနှစ်တွင် တန်းမြင့်ကျောင်းထွက် စာမေး ပွဲကို စစ်တွေမြို့အစိုးရအထက်တန်းကျောင်းမှအောင်မြင်သည်။ ၁၉၄၉ ခုနှစ်တွင်ရူပဗေဒ ဂုဏ်ထူး ဖြင့်ပထ မတန်းအဆင့်မှ အောင်မြင်ခဲ့သည်။၁၉၅၄ခုနှစ်တွင် အမေရိကန်ပြည်ဟားဗတ်တက္ကသိုလ်မှ မဟာသိပ္ပံသင် တန်းကိုသန့်စင်ရူပဗေဒဘာသာဖြင့်အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ၁၉၅၀ပြည့်နှစ် မှစ၍ သရုပ်ပြဆရာအဖြစ်စတင်အမှုထမ်းခဲ့သည်။ ၁၉၆၄ခုနှစ်တွင် ရန်ကုန်မြို့ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရူပ ဗေဒဌာန၌ ပါမောက္ခအဖြစ်အမှုထမ်းဆောင်ခဲ့သည်။

၁၉၇၀ပြည့်နှစ်အောက်တိုဘာလတွင် တက္ကသိုလ်များအုပ်ချုပ်ရေးရုံး၌ ညွှန်ကြားရေးမှူးအဖြစ်ရာထူး တိုးမြှင့် ခံခဲ့ရသည်။ ၁၉၇၁ခုနှစ် မတ်လမှစ၍ အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်အမှု ထမ်း ဆောင်ခဲ့သည်။ ၁၉၇၅ခုနှစ်အောက်တိုဘာလမှစ၍၁၉၈၀ပြည့်နှစ်အထိရခိုင်ပြည်နယ်၊စစ်တွေမြို့နယ် အမှတ် (၉၂)မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။

ဆရာကြီးဦးစံသာအောင်သည် ၁၉၅၈ခုနှစ်မှစ၍ အထက်တန်းကျောင်းများအတွက်လည်းကောင်း၊ တက္က သိုလ် ကျောင်းသားများအတွက်လည်းကောင်း၊အင်္ဂလိပ်၊မြန်မာရူပဗေဒ စာအုပ်များကိုရေးသားခဲ့ သည်။ သိ ပ္ပံပညာနှင့်ပတ်သက်၍လည်းကောင်း၊ ယဉ်ကျေးမှုဆိုင်ရာနှင့်လည်းကောင်း၊ ဗုဒ္ဓအနုပညာနှင့် ပတ်သက်၍ လည်းကောင်း အင်္ဂလိပ်-မြန်မာဆောင်းပါးအများအပြားကို အင်္ဂလိပ်-မြန်မာသတင်းစာများ၊ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များတွင်ရေးသားခဲ့သည်။

ရူပဗေဒအကြောင်းသိကောင်းစရာ(၁၉၇၁)၊ ကွန်ပျူတာ(၁၉၇၃)၊ အက်တမ်နှင့်နျူကလီယစွမ်းအင် (၁၉၇၄) ၊ အေဒီခြောက်ရာစုနှင့်ယင်းမတိုင်မှရခိုင်ပြည်သုံးအက္ခရာ(၁၉၇၄)၊ အာနန္ဒစန္ဒြရှစ်ရာစု ရခိုင်ဝေ သာလီမင်း (၁၉၇၅)၊ ရခိုင်ဒင်္ဂါးများ(၁၉၇၉)၊ အင်္ဂလိပ်ဘာသာဖြင့် ရှေးဟောင်းရခိုင်ပြည် ဗုဒ္ဓအနု ပညာ(၁၉၇၉) စသည့် စာအုပ်များကိုရေးသားခဲ့သည်။

ဦးစံသာအောင်သည်(၁၉၇၁)ခုနှစ် အမျိုးသားစာပေဆု၊သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုကို “ရူပဗေဒ အကြောင်းသိကောင်းစရာ” စာအုပ်ဖြင့်ဆွတ်ခူးရရှိခဲ့သည်။ ရခိုင်အများသားစာဆိုများအနက်ဦးစံသာအောင် သည် အမျိုးသားစာပေဆုကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူဖြစ်သည်။

ဆရာကြီးဦးစံသာအောင်သည် ရခိုင်ယဉ်ကျေးမှု၊ စာပေအနုပညာနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့်ဆောင် ရွက်ရေးသားသုတေသနပြုနေဆဲ (၁၉၈၁)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

ဆရာသုတေသနပြုရေးသားခဲ့သော ရခိုင်ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းများကား မျိုးဆက်သစ်ရခိုင် သုတေသီများအတွက် မှီငြမ်းပြုစရာကျမ်းများ အဖြစ် ရခိုင်သမိုင်းတွင်ကျန်ရစ်ခဲ့သည်။

မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment