မောင်ကြင်နွယ်

မောင်ကြင်နွယ် (၁၉၉၀)ပြည့်နှစ်အမျိုးသားစာပေဆု(ကဗျာပေါင်းချုပ်)
ရခိုင်အမျိုးသားစာဆိုများအနက် အမျိုးသားစာပေဆုကို(၂)ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည့် ထူးခြားသော စာဆိုတစ်ဦးဖြစ်သည်။ရခိုင်ပြည်နယ်၊မောင်တောမြို့၊ခံပြင်ရွာ၌ အဖဦးမောင်မြအောင်၊ အမိဒေါ်မရွှေဖြူတို့မှ (၁၉၄၀)ပြည့်နှစ်တွင်ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ ဦးမောင်ညွန့်ဖြစ်သည်။ ငယ်စဉ်ကမင်္ဂလာဒုံနှင့်တောင်ငူ မြို့များတွင်နေထိုင်ခဲ့သည်။

၁၉၅၉ခုနှစ် ကျောင်းသားဘ၀ကပင် ဟံသာဝတီသတင်းစာကျောင်းသား ကဏ္ဍ၌မောင်ကြင်နွယ် (ကေတု) အမည်ဖြင့် ကဗျာများကိုစတင်ရေးသာ၍ စာပေနယ်သို့ဝင်ရောက်ခဲ့သည်။ ထို့နောက် န၀ဒေး၊ပန်တော်ဝင် ၊ ကေသီပန်၊တိုင်းရင်းမေ၊မြ၀တီ၊ငွေတာရီ၊ စစ်ပြန်၊ သပြေ၊ရှုမ၀၊ ပေဖူးလွှာ ၊ သွေးသောက်စသည်ဖြင့် မဂ္ဂဇင်း များတွင် ကဗျာနှင့်ဝတ္ထုတိုများ ဆောင်းပါးများ၊ များစွာကိုရေးသားခဲ့သည်။

“စမ်းရေစီးသံ”ကဗာစာအုပ်ဖြင့် ၁၉၈၀ပြည့်နှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် “အမေ့ အိမ်၊အမေ့ရွာ”ကဗျာပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိခဲ့သည်။ ၁၉၆၁ခုနှစ်မှ စတင်၍ တပ်မတော် တွင် အမှုထမ်းဆောင်ခဲ့ပြီးဗိုလ်ကြီးရာထူးဖြင့် အငြိမ်းစားယူလျက် စာပေများဆက်လက်ရေး သား နေ ဆဲဖြစ် သည်။

မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment