ဖန်သလီ-ဖန်သလက်

ရှေးက တောကျေးလက်မှဧည့်သည် တစ်ယောက်မြို့သို့အလည်ရောက်လာသည်။ သိကျွမ်းခင်မင်သော မြို့ သားမိတ်ဆွေကလက်ခံထားလေသည်။ မြို့သားအိမ်ရှင်မှာကား ခေတ်ပေါ်ပစ္စည်းများကိုအသုံးပြုလျက် ရှိနေ သည်။ တောသားဧည့်သည်မှာမူမိရိုးဖလာ ပစ္စည်းကိုသာအသုံးပြုလာဖူးသည်။

ဧည့်သည်ကိုလောကွတ်ပျူငှာစွာဖြင့်ဧည့်ခံလေသည်။ ညစာထမင်းဟင်းဖြင့်တည်ခင်း ကျွေးမွေးလေ့သည်။ မှောင်မိုက်လာသောကာလ မီးထွန်းညှိရန်လည်း ဖယောင်းတိုင်ကိုအသင့်ချပေးထားသည်။

ဧည့်သည် သည် ဖယောင်းတိုင်ကိုအသုံးပြုလေ့မရှိ။ မြင်လည်း မမြင်ဖူးချေ။ အစဉ်အလာအရကညင်ဆီ၊ ပျား ဖယောင်းဆီ၊ ရေနံဆီ၊ မုန်ညင်းဆီ၊ ပဲဆီတို့ကိုသာ မီးညှိထွန်းလာခဲ့ဖူးသည်။ ထို့ကြောင့် ဖယောင်း တိုင်ကို မီး ထွန်းညှိရန် ဟူ၍ မသိဘဲရှိလေ၏။

ပြင်ဆင်ပြီးသား စားပွဲတွင်အသင့်ဝင်၍ ထမင်းစားသောက်ခဲ့လေ၏။ ဟင်းမှာအမဲ၊သားငါးစုံလှသော်လည်းစား ဖူးပြီးသည့် အစာအာဟာရဖြစ်နေ၍ မထူးဆန်းလှချေ။ ထူးဆန်းသောအရာမှာ ဖယောင်းတိုင်ပင် ဖြစ်နေရာ ဟင်းလျာစားစရာတစ်မျိုးတစ်မည်လောဟု ထင်မှတ်ခဲ့ရလေသည်။

စိတ်ဝင်စားနေသော အထူးအဆန်းဖယောင်းတိုင်ကို ဦးစွာကောက်ကိုင်မိလေသည်။ ထို့နောက်အာသာတန်း တန်းဖြင့် စားမျိုမိလေ၏။

သို့သော် မှန်းသည့်အတိုင်းမကောင်းဘဲ ဖုန်ဖတ်ဖတ်အရာသာကိုသာ ခံစားရလေ၏။
ထိုအခါ ဧည့်သည်က...“ဖန်သလိ ဖန်သလက် မကောင်းကာ” ဟုရယ်ရွှန်းဖတ်ရွှန်းနှင့် မိတ်ဆွေအားပြော မိ လေ၏။ မိတ်ဆွေလည်းက္ကနြေ္ဒမဆည်နိုင်ဘဲ အန်ထွက်မတတ် တ၀ုန်းဝုန်းရယ်မောခဲ့ရလေသတည်း။

ဖုန်ဖတ်ဖတ်=ပေါ့ပြက်၊ ဖန်တိဖန်တွက်၊
ဖန်သလီ ဖန်သလက်(ဖန်သလီ ဖန်သလာ)=ဖန်တလီ ဖန်တလာ၊

အရှင်စက္ကိန္ဒ
(ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment