ဖေမြင့်

ဖေမြင့်(၁၉၉၅)ခုနှစ် အမျိုးသားစာပေဆု(၀တ္ထုတိုပေါင်းချုပ်)
ဆရာဝန်၊စာရေးဆရာဖြစ်သောဆရာဖေမြင့်ကို ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် အဖဦးအောင်ညိမ်း၊အမိဒေါ် ခင် သိန်းတို့မှ ၁၉၄၉ခုနှစ်တွင် မွေးဖွားခဲ့သည်။

သံတွဲမြို့ အစိုးရအထက်တန်းကျောင်းအမှတ်(၁)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်။ ၁၉၇၅ခုနှစ် တွင် ဆေး တက္ကသိုလ်(၁)၊ရန်ကုန်မှ အမ်၊ဘီ၊ဘီ၊အက်စ် ဘွဲ့ရသည်။ ၁၉၈၈ခုနှစ်အထိပြင်ပ အထွေထွေ ရော ဂါကု ဆရာဝန်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၄င်းနောက်စာပေအလုပ်တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင်ခဲ့သည်။

ဆေးရုံ၊လူနာဆောင်အမှတ်-၆၊ အချစ်ဦး၊ မဟာကရုဏါရှင်များ၊ ဒေးလ်ကာနယ်ဂျီ၊ အပြောင်မြောက်ဆုံး ဘ၀ တစ်ခုကိုတည်ဆောက်ခြင်း၊ မူမှန်စိတ်၊မူမှန်အတွေး၊မူမှန်အကျင့်အကြံ၊ သင့်စိတ်သင့်အတွေးအကြံများ အ တိုင်းသာ၊စိန်ဧကပေါင်းများစွာ၊ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ၊ဘာကြောင့်ခုထိမချမ်းသာသေးသလဲ၊ နှလုံးသား အာဟာရ(ပ-တ)၊အောင်မြင်မှု၊ ချမ်းသာသုခ၊ဓနဥစ္စာ၊ ချုံကြားမှဘုံဖျားသို့၊ အပြောင်မြောက်ဆုံး၊ စနစ် တကျ လေ့ကျင့်တည်ဆောက်ထားသော စိတ်သတ္တိစွမ်းအား၊ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမယ့်ပုဂ္ဂိုလ်၊ ဘ၀ ဒဿန၊ ကိုယ်ထူးကိုယ်ချွန်သမားများ အတွက် လက်စွဲစကား ၊ဟောနည်းပြောနည်း ၊မဖြစ်နိုင်ဘူးဆိုတာသေ ချာသွား ပြီလား၊မည်သို့ပင်ဖြစ်စေ စသည့်အောင်မြင်ကြီးပွားရေးနှင့် လူမှုစိတ်ပညာကျမ်းများကိုရေးသားခဲ့ သည်။

ဝတ္ထုတိုစာအုပ်ပေါင်း(၅၀)ခန့်ရေးသားပြီးသည့် အနက်အချို့ကိုစုစည်း၍ကျွန်းနှင့်အခြားဝတ္ထုတိုများ၊မရ ဏာနု ဿတိနှင့်အခြားဝတ္ထုတိုများ၊လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများ စသည့်ဝတ္ထု တိုပေါင်းချုပ် စာအုပ်များကိုရေးသားခဲ့သည်။

ဆရာဖေမြင့်ရေးသားသော “လူသုံးကုန်ပစ္စည်းရောင်းသူများနှင့်အခြားဝတ္ထုတိုများ” စာအုပ်တွင်ရေးဖွဲ့ဖန် တီး နိုင်မှု စိတ်ကူးစိတ်သန်းထူးခြားသည့်အပြင် ခေတ်အလိုက်ပြောင်းလဲလျက်ရှိသော အခြေအနေများကို သတိ မူမိစေရန် တင်ပြနိုင်သည့်လက်ရာဖြစ်၍ (၁၉၉၅)ခုနှစ်အတွက် အမျိုးသားစာပေဆု (၀တ္ထုတိုပေါင်းချုပ် )ကို ချီးမြှင့်ခံခဲ့ရသည်။
ဆရာဖေမြင့်သည် ဖေမြင့်စာပေတိုက်ထူထောင်ကာ စာပေများရေးသာထုတ်ဝေလျက်ရှိသည်။

မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment