ဝိမလအမတ်ကြီး

ပညာရှိ အမတ်ကြီးဝိမလသည် လောင်းကြက်ခေတ်တွင်ထင်ရှားသော မင်းထီး(သက္ကရာဇ် ၆၄၅-၇၅၁) လက် ထက်မှနရမိတ်လှ(သက္ကရာဇ် ၇၆၆-၇၉၅) တိုင်အောင်အမှုတော်ထမ်းရွက်ခဲ့သော ပညာရှိစာဆိုတော်တစ်ဦး ဖြစ်သည်။ အသက်(၁၀၀)တိုင် အမှုတော်ထမ်းရွက်ခဲ့ကြောင်း သမိုင်းတွင် အထင်အရှားတွေ့ရသည်။ အမတ် ကြီးသည် မင်းထီးဘုရင်အား မင်းတို့ပြည့်စုံ အပ်သော ကျေးဇူးခုနစ်ပါး ၊ရာဇဒေ၀ီမိဖုရားကြီးတို့၏ အင်္ဂါခုနစ် ပါး၊ မိန်းမမြတ်တို့၏ လက္ခဏာရပ်တို့ကို ကျမ်းဂန်ပါဠိ အထောက်အထားများဖြင့် လျှောက်ထားခဲ့သည်။ လော ကီကျမ်းများ၏ အလိုအရ ထောက်ဆပြီး အတိတ်နိမိတ်များကိုလည်း ဖတ်ကြားလျှောက်ထားခဲ့သည်။ ထို့ ကြောင့် ရွှေထမ်းစင်စီးခွင့်ကဲ့သို့သော ချီးမြှင့်မြှောက်စားခြင်းမျိုးကိုပင် ခံယူရရှိခဲ့သည်။ ၄င်းပြင် အမတ်ကြီး သည် ရဲစွမ်းသတ္တိနှင့်လည်း ပြည့်စုံသူဖြစ်သည်။ မှန်ရာကိုလျှောက်ထားဝံ့သူဖြစ်သည်။ နရမိတ်လှခေါ် မင်း စောမွန် မင်းသားဘ၀က အနေအထိုင်မတတ်၍ ပေါ့သွမ်းနေထိုင်မှုအတွက် ပွင့်ပွင့်လင်းလင်း ဆိုဆုံးမဖူး သည်။

ဤသို့ တိုင်းရေးပြည်ရေး၊ မင်းရေးမင်းရာများသာမက ကဗျာလင်္ကာစာပေအရာတွင် တာဝန် ကျေခဲ့သူလည်း ဖြစ်သည်။ ၄င်း ရေးသားခဲ့သော စာပေလင်္ကာများကိုလည်းတွေ့ရသည်။

တစ်ခါသော် မင်းထီးမင်းကြီးသည် အမတ်ကြီးမနူဟာ၏ သမီးတော် မြတ်တုံးအား ချစ်မြတ်နိုးသည်ဖြစ်၍ တောင်ညာနှင်းလို ကြောင်း အမတ်ကြီးအားတိုင်ပင်ရာ အသျှင်မင်းတြ်၊ မိန်းမကောင်းလက္ခဏာကို ရှေးပညာ ရှိ တို့ဆိုခဲ့သည်မှာကား-

" ဣတ္ထိဘရိယာ၊ အင်္ဂါညီညွတ်၊ မိန်းမမြတ်တို့၊ လင်ဝတ်လင်မှု၊အနုအရင့်၊ အခွင့်လိမ္မာ၊သဒ္ဓါရက်ရက်၊ ရမ္မက် နည်းပါး၊ စကား တည်ကြည်ဆိုသည်လည်တစ်ချက်၊ ထွက်သည်နာဖွယ်၊ ခြောက်ဖြစ်သွယ်မူ၊ ဆိုဘွယ်မရှိ၊ ဟိရိသြတ္တပ၊ စောင့်ကြပ်ကိုယ်ဝယ်၊ ပျက်ရယ်သွားမှု၊ မပြုဖြောင့်ဖြောင့် အမျိုးစောင့်၏။ မထောင့်လိမ့်လက်၊ အိပ်စက်ဝတ်စား၊ အသွားအနေ၊ အစေအသုံး၊ ရှေးထုံး နှိုင်းညှိ၊ ဂတိမလိုက်၊ စရိုက်ရုန့်ကြမ်း၊ မိန်းမသွန်းနှင့်၊ မပြွမ်းရောနှော၊ သဘောတည့်မတ်၊ သူထက်မြတ်သည်၊ မန္ဓာတ်မင်းနှင့် ထိုက်ရာသော်" ဟူ၍လျှောက် ထားသည်။

ထိုသို့ အင်္ဂါရပ်လက္ခဏာညီညာပြည့်စုံသော မိန်းမမြတ်တို့ကို မန္ဓာတ်မင်းတို့သော်မှ ဘိသိက်ခံအပ်ပါကြောင်း ထုံးဟောင်းလာ ရှိပေသည်။

(၁) သီလစာရ         - သီလအကျင့်မြဲခြင်း၊
(၂) ကေသမယှံ       - ဆံပင်နက်မှောင်ကောင်းခြင်း၊
(၃) မတ္တပါဒ မုဒုကံ   -  ခြေလက်သေးသွယ်နူးညံ့ခြင်း၊
(၄) ရူပံ                - အဆင်းလှခြင်း၊
(၅) သဒ္ဒံ               - အသံသာယာ နာဖွယ်ရှိခြင်း၊
(၆) မံသံ               - အသားနူးညံ့ခြင်း၊
(၇) ကောသလ္လံ        - များစွာသော မောင်းမတို့၏ အရိပ်အခြေကို နားလည်ခြင်း။

ဤအင်္ဂါခုနစ်ပါးနှင့် မိဖုရားကြီးတို့ ပြည့်စုံစေရာသော အကြောင်းကိုလည်း ရှေးထုံးဟောင်း ကျမ်းဂန်လာရှိ ပါသည်။ အရှင်မင်း ကြီး၏ မိဘုရားမြတ်တုံးသည် ထိုသို့ဆိုအပ်သော အင်္ဂါနှင့်ပြည့်စုံညီညာလျှင် တောင်ယာ ထား၍ မိဖုရားကြီး မြှောက်ထိုက် ပါကြောင်းနှင့် လျှောက်ထားလေသော် မင်းကြီးကနှစ်သက်ခြင်းဖြစ်၍ အသ ပြာတစ်ထောင် ဆုချတော်မူသည်။

တရံသောအခါ၌လည်း မင်းကြီးသည်ရေကြက်သားစားလိုကြောင်းနှင့် ပညာရှိအမတ်ဝိမလကိုနှစ်ကိုယ်ကြား တိုင်ပင်လေသော် ၀ိမလအမတ်လည်း "အသျှင်ကောင်းမှကျွန်ုပ်ကောင်းမည်၊ ကျွန်ကောင်းမှလည်း အသျှင်၌ အပြစ်ကင်းရှာသည်။ ရှေးထုံးဟောင်း စကားလာတွင် မင်းတိုင်ပင်ပြုလိုသော မှူးမတ်လက္ခဏာကို ဆင်ခြင် လျက် လျှောက်တင်ပြောဆို မင်းခွင့်ပေးအပ် သော စကားအရာရှိ၏။ မင်းနှင့်အမတ်၊ ညီညွတ်တမူ၊ အကျင့် တူသော်၊ လူလည်းကြည်ညို၊" စသည်ဖြင့် အဆိုအမျှရှိ၏။ ယခု အသျှင်မင်းကြီးမူကား သမ္မာအာဇီဝ အစာကို စားလို၍ င့ါကိုမေးတော်မူသည် ဖြစ်မည်။ သူတစ်ပါးကို အရှာထည့်ချေသော် မသန့်သောအစာဖြစ်အံ့၊ ငါ့ကို ကြည်သော အကျိုးလည်း မင်း၌မရှိ၊ တရားလိမ္မာသော ဓမ္မပါလ သူတော်အားရှာဖွေစေမှ သင့်မည်ဟု ကြံ၍ ရှာဖွေလေရာ မိမိကံအလျောက် သေဆုံးနေသော ရေကြက်ကိုတွေ့လေသည်။ အမတ်ကြီးလည်း ကောင်း မွန်စွာချက်ပြုတ်၍ မင်းကြီးအားဆက်သရာ မြိန်စွာစားတော်ခေါ်၍ တပ်အပ်သော နှလုံးဝေဒနာ ကင်းငြိမ်း ချမ်းသာတော် မူလေသည်။

မင်းထီးမင်းသက်တော် (၈၅)နှစ်သောနှစ်၌ မဟာမုနိဘုရားကြီးသည် ရောင်တော်လွှတ်သည်။ ငလျင်အကြီမ် များစွာလှုပ်သည်။ တော်လဲသည်။ သဂ္ဂါပျံသည်။ နတ်အမြောက်သံအကြိမ်များစွာကြားရသည်။ တောင်ပြို သည်။ နန်းသို့မိစ္ဆာ၀င်သည်။ နဂါးချေးလွှတ်သည်။ ကြသပတေးကြယ်လကိုတွင်းဖောက်သည်။ စနေ၊အင်္ဂါ ဂြိုဟ်ပျံသည်။ ထိုသို့တိတ်နမိတ်ကို  ပညာရှိဝိမလအမတ်ကြီးလျှောက်ထားသည်မှာ-

"ဘုရားပုထိုး အရောင်လွှတ်သည်။ တောင်ပြိုသည်မှာမင်း၌အကြောင်းထုံးဟောင်းရှိပါသည်။ဥဂ္ဂါပျံသည်၊ နတ် ချေးလွှတ်သည်။ ရပ်ရှစ်မျက်နှာ တိမ်သွေားတို့မြင်သည်မှာ မင်းမိဖုရား၊ မင်းသား သပရာဇာတို့ အ ကြောင်း။ ငလျင်လှုပ်ခြင်း၊တော်လဲခြင်းတို့မှာ ပြည်သူတို့အကြောင်း၊နတ်အမြောက်သံကြားခြင်း၊စနေ၊အင်္ဂါဂြိုဟ်ပျံသည် မှာ စစ်ချီစစ်ရောက်ကြောင်း စသည်ဖြင့်ရှိပါသည်။ ကြသပတေးကြယ် လကိုတွင်းခြင်း၊ ကြသပ တေးဂြိုဟ် ပျံခြင်း၊ဆုတ်ခြင်း၊နေခြင်းတို့မှာ ရဟမ်းပုဏ္ဏား၊မိကြီး၊ဖကြီး၊မျိုးကြီးတို့နှင့်သက်ဆိုင်ပါသည်။ နန်းတွင်း သို့မိစ္ဆာ ၀င်သည်မှာနန်းသူတို့သိက္ခာပျက်သောအကြောင်း ထုံးဟောင်းများရှိပါသည်ဟုလျှောက်ထားလေသည်။" ဤ သောအခါ အမတ်ကြီးဝိမလာမှာ ငါကဲ့သို့သူအိုဖြစ်သောကြောင့် နန်းတော်သို့ ၀င်ထွက်သောအခါ ရွှေထမ်း စင်စီး၍ သွားလာစေဟုမိန့်တော်ရှိလေသည်။

ဝိမလအမတ်ကြီးသည် နရမိတ်လှ၏မင်းကျင့်၊ မင်းနေနှင့်မညီ ပေါ့ပျက်သော့သွမ်းစွာနေထိုင်သည်ကို "အရှင် မင်းမြတ် ပင်လယ်မြင်ကြောင်း၊ ၀ဲ-ခနောင်း၌ တိမ်းစောင်းမဖယ်သာ၊ မာလိန်အမတ်၊ ရေကြောင်းလွှတ်သော် ကူးခတ်မရောက်ရာ"အကျင့်ချွတ်လျင်ဥပါဒ်သတ္တာဝါထုံးဟောင်းရှိပါသည်။ ညီတော်သံတွဲစားအားလည်း မာန် တော်မရောက်သင့်ပါ။ ညီတော်သည် ဂုဏ်သီလမြဲခြင်းကြောင့် မှူးမတ်၊ကျေးကျွန်ပြည့်စုံစွာရှီ၏ ဟုလျှောက် လေသည်။

ထွန်းရွှေခိုင်(မဟာဝိဇ္ဇာ)

ရခိုင်စာဆိုတော်များ စာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment