ဘာ့ခ်ျ အိုဟာရီ

ဒုတိယကမ္ဘာစစ်မှာ နာမေကျော် ပုဂ္ဂိုလ်တိ ကကောင်း ပေါ်ထွန်းခပါရေ။ ယင်းအထဲမှာ တယောက်က ဘာ့ခ်ျ အိုဟာရီပါ။ ယင်းသူက တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီးကေ ပစိဖိတ်သမုဒ္ဓရာထဲက လေယာဉ်တင် ဘ င်္ဘောတစ်စီးမှာ တာဝန်ပီးထားခြင်းခံခရပါရေ။ တရက်စစ်ဆင်ရေး တစ်ခုအတွက် ဘာ့ခ်ျရို့လေယာဉ် အုပ်စု ပျံနိန်ရေ ခရီးလမ်းတ၀က်လောက်မှာ လေယာဉ်ပျံကို တာဝန်ရှိရေလူတိ ဆီမဖြည့်ထားမှန်း သိလိုက်ရရေ။ တာဝန်ဆက်ထမ်းဆောင်ဖို့ ဆီမလုံလောက်မှန်းသိလိုက်စွာနန့် လေယာဉ်အုပ်စုမှူးကို အကြောင်းကြားပနာ လေယာဉ်ပျံကို အမိသင်္ဘောဖက်ကို ပြန်လှည့်လိုက်တေ။ လမ်းတ၀က်လောက်မှာရန်သူဂျပန် ဇီးယိုးစစ်လေ ယာဉ်အုပ်စုတစု အမိသင်္ဘောအုပ်စုကိုဖျက်ဆီးဖို့ ဦးတည်ပျံနိန်စွာကို မြင်လိုက်ရရေ။ အမိသင်္ဘောက လေ ယာဉ်ပျံတိအားလုံး အပြင်ကိုပျံနိန်ရေအတွက် အမိသင်္ဘောအုပ်စုအတွက် အကာအကွယ်မဲ့နိန်ရေ အချိန်။
ဘာ့ခ်ျက ချက်ချင်း လေယာဉ်ပျံကို ဂျပန်တိုက်လေယာဉ်အုပ်စုဖက်ကို မောင်းပနာ ရန်သူတိ ဦးတည်ချက် လမ်းကြောင်းကို ပြောင်းပလိုက်ဖို့ဆုံးဖြတ်လိုက်တေ။ ဂျပန်တိုက်လေယာဉ်တိ ပဒုံးတိ၊အတောင်တိကို ရှိသမျှ လက်နက်နန့် ပစ်ပလိုက်တေ။ယင်းအချိန်က အမေရိကန်တိုက်လေယာဉ်တိမှာ ဓါတ်ပုံကင်မရာတိ တပ်ထား ရေအတွက်နန့် အဖြစ်အပျက်တိ အားလုံးကို ကင်မရာတိက အလိုအလျောက်ဓါတ်ပုံရိုက်ထားရေ။ အမေရိ ကန်စစ်သင်္ဘောအုပ်စုဖက်ကို ဂျပန်လေယာဉ်ပျံတိ မရောက်စီဖို့ ရှိသမျှလက်နက်ကို ဇကုန်သုံးပလိုက်တေ အတွက်နန့် ဂျပန်လေယာဉ်ပျံအုပ်စုလည်း အင်အားချိနဲ့ပနာ အခြားလမ်းကြောင်းတစ်ခုကိုပြောင်းလားခရေ။ ဘာ့ခ်ျနန့် တိုက်လေယာဉ်လည်း စုတ်ပြတ်လားပနာ ဘင်္ဘောထက်ကို သသီချေ ပြန်ဆင်းနိုင်ခရေ။ လေ ယာဉ်ပျံကင်မရာက ဓါတ်ပုံတိကို တာဝန်ရှိရေလူတိ ကူးလို့ အဖြစ်အပျက်ကိုမိန်းရေအခါမှရာ ဘာ့ခ်ျက အမိသင်္ဘောအုပ်စုကို ကာကွယ်ဖို့အတွက် ကြိုးစားခရေ အဖြစ်အပျက်တိ အားလုံးကို ပြန်ပြောပြလိုက်တေ။ ဘာ့ခ်ျအိုဟာရီစွာ သူရဲကောင်းအဖြစ် အသိအမှတ်ပြုခံပြီးကေ အမေရီကန်နိုင်ငံမှာ စစ်ဖက်ဆိုင်ရာအမြင့်ဆုံး တံဆိပ် အပ်နှင်းခြင်းခံရပါရေ။ အမေရိကမှာ ရှိရေ အိုဟာရီလေဆိပ်စွာ ယင်းသူ့နာမေကို ကိုယ်စားပြုထား စွာပါ။

ယင်းအဖြစ်အပျက်တိမဖြစ်ပျက်ခင် တခါက ချီကာဂိုမြို့မှာ အက်ဆေးအက်ဒီဆိုရေ လူတစ်ယေက်ရှိခပါရေ။ ယင်းသူကနာမေကြီးအဲလ်ကပုန်းဆိုရေ လူအတွက် အလုပ်လုပ်ခပါရေ။ အဲလ်ကပုန်းက သူရဲကောင်း မဟုတ် တေပိုင် သတင်းကောင်းနန့် နာမည်ကြီးစွာလူလည်း မဟုတ်ပါ။ လူသတ်မှုတိ၊ တရားမ၀င် မှောင်ခိုမှုတိ၊ မကောင်းမှုအလုပ်ပေါင်းစုံ လုပ်ပနာ နာမေကြီးနိန်ရေ အဆိုးပါ။ အက်ဆေးအက်ဒီက ကကောင်းတော်ရေ အဲလ်ကပုန်း လက်စွဲတော် ရှေ့နေပါ။ အက်ဆေးအက်ဒီ ဘလောက်တော်လေဆိုကေ  အဲလ်ကပုန်း ဇာအမှု နန့်ထောင်ကျကျ ပြန်လွတ်အောင် ထုတ်ပီးနိုင်ပါရေ။ သူ့ကိုနိုင်ရေ ရှေ့နေမရှိပါ။ အဲလ်ကပုန်းကလည်း အက် ဆေးကို ဖေ့သာတပုံတအော ပီးပနာ ပူဇော်ထားပါရေ။ ယင်းချင့်တိအပြင် ချီကာဂိုမြို့ကသူဌေးရပ်ကွက်မှာ အိမ်နန့် ခြံနန့် ဇိမ်ကျကျ နိန်ထိုင်နိုင်အောင်လည်း လုပ်ပီးထားပါရေ။ အက်ဆေးမှာ ကကောင်းချစ်တေ သား တစ်ယောက် ရှိပါရေ။ ယင်းသားကို အက်ဆေးက အကောင်းဆုံးအ၀တ်အစား အသုံးအဆောင် ကား၊ တက္က သိုလ် အားလုံးရအောင် လုပ်ပီးထားပါရေ။ အက်ဆေးက ဇာမှားရေ၊ ဇာမှန်ရေ ဆိုစွာကိုလည်း သူ့သားကို အမြဲတမ်း ခွဲခြမ်းပြပနာဆုံးမပီးပါရေ။ ယကေလည်း သူ့သားအတွက် နာမည်ကောင်းနန့် စံပြလူတစ်ယောက် အဖြစ် မရပ်တည်နိုင်စွာကို အက်ဆေး ကကောင်းစိတ်မချမ်းမသာ ဖြစ်မိပါရေ။ သူ့သားကို အကောင်းဆုံး စည်းဇိမ်ချမ်းသာတိ ပုံအော ပီးနိန်စွာထက် သူ့သားအတွက် စံပြလူသားဖြစ်ရစွာက ပိုကောင်းရေလို့ ဆုံဖြတ် လိုက်ပနာ တာဝန်ရှိအာဏါပိုင်တိပါးကို လားလို့ သူလုပ်ခရေ အမှားတိကို ဖွင့်ဟ၀န်ခံလိုက်ပါရေ။ ယင်းလုပ် ရပ်အတွက် အဲလ်ကပုန်းက သူ့ကိုသတ်ဖို့ဆိုစွာကိုလည်း သိယင့်သားနန့် အမှားလုပ်ခစွာတိ အားလုံးကို ပြန် ဖော်ထုတ်ပီးခပါရေ။ သားအတွက် နာမေကောင်းတစ်ခု ထားခချင်ရေ ဆန္ဒတခုတည်းနန့် သူ့ဘ၀ကို စတေး ခံပနာအားလုံးကိုရင်ဆိုင်ခပါရေ။ ယင်းနှစ်ထဲမှာဗျာယ် လူပြတ်တေချီကာကိုမြို့ကလမ်းတလမ်းမှာအက်ဆေး အက်ဒီ သေနတ်နန့် အပစ်ခံရပနာ သီလားခပါရေ။

အေဇာတ်လမ်းနှစ်ပုဒ်စွာ တခုနန့်တခု ဆက်စပ်မှုမရှိလို့ ထင်ရကေလည်း ဘာ့ခ်ျအိုဟာရီစွာ အက်ဆေးအက် ဒီ ကကောင်းချစ်တေ သားဆိုစွာကို သိစီချင်ပါရေ။

ဘ၀သင်ခန်းစာ။                ။ လူကတော်ပြီးကေ ပတ်ဝန်းကျင်အတွက် အသုံးမကျကေ ယင်းလူတော်စွာက အခြားလူတိအတွက် တခုလည်း အကျိုးမရှိပါ။ ကိုယ်တော်စွာကို အလွဲသုံးစားလုပ်ပနာ မကောင်းမှုတိ အ တွက်ရာလိုရေပိုင် သုံးနိန်ဖို့ဆိုကေ ပတ်ဝန်းကျင် လူထုအတွက် ကကောင်း အန္တရာယ်များပါရေ။ ကျွန်တော် ရို့ ပတ်ဝန်းကျင်မှာ တကိုယ်ကောင်း တော်နိန် တတ်နိန်ရေ လူတိထက် ကိုယ့်ပတ်ဝန်းကျင်ကို မြှင့်တင်ပီးဖို့ လူတိကိုရာ အသည်းအသန်လိုအပ်နိန်ပါရေ သူငယ်ချင်းရို့။

KWKhaing (AMP)

No comments:

Post a Comment