စိုင်းတင်အလွမ်း


ရေဒီယိုဓါတ်ကြွနိန်ရေ ဒြပ်စင်တစ်ခုလား
မဒမ်ကျူရီပိုင် ဘ၀နန့်ရင်းဗျာယ်ရှာခရေ
ငါ့ရင်ထဲကို ကြယ်တင်းခွန်တစ်စင်းပိုင်ဦးတည်
ယေပြီးကေ လွဲခလီယင့်။

အိမ်တိုင်သီတစ်ပုံ ပီစာသီတစ်ပုံ ပြာဖြစ်ဗျာယ်
ပိန်ကပ်ကပ်ကောင်းကင်အောက်မှာ စီးနိန်ရရေ
ပင်လယ်ရာဝေ
လှိုင်းအရိုး မီးပြတိုက်အရိုး
ဝေလငါးအရိုး သက္ကရာဇ်အရိုး
ရာဇ၀င် အိုးပဲ့ကိုရွက်ပနာ
ဇာနှစ်ကပ်ထိ အလွမ်းကျိန်စာသင့်နိန်မေ ငါမသိ။

တောမီးနာရီ သွီးခဲနာရီ ငှက်ဖျားနာရီ
ဥတုသုံးလီမာ ပဋာစာရီဇာတ်ကို ကံထရိုက်ယူလို့
ကျားတိ တောဝက်တိ ၀ံတိ ပျော်ကတ်တေအရပ်မာ
မင်းနတ်သျှင် ဒေါင်းသျှေတိ
ငါ့ကိုလွမ်းကတ်သိယင့်လား။

သံသရာကွင်းက ငါလွမ်းရေကြိုးကြာတိ
လီသွန်တောင်က ငါလွမ်းရေလင်းယုန်တိ
မင်းပါးတို့မည်သေ ရောက်နိန်ကတ်လာဝေ...။

မင်းကတော့မျက်ရည်တိကို မီဂါဝပ်ပြောင်းပစ်ဖို့
ကျီးဖြူရွာ မရောက်နိုင်ရေ
ယူဇနာဓါတ်လှေကားတိ ထောင်လို့
လျှရွန်စတုန်း'ကာစီနို'မှာ ၀ီစကီသောက်လို့
ငါ့မာတော့ခါ မွန်းလို့ 'ပြန်လမ်းမရှိရေမြစ်'မာ
မြောင်ခရု ၀ါးတုတ်ကို
ကောက်ညင်းအရက်နန့်မြည်းယက်ပင်း
မိပန်းရံကိုလွမ်း မြို့စားသျှေကိုလွမ်း
လောင်းပေါက်တစ်စီး အိမ်မက်ယစ်ယစ်နန့်
မြို့စားသျှေအတွက် ခေတ်ပေါ်ကဗျာတစ်ပုဒ်
ငိုပစ်လိုက် ငိုပစ်လိုက်။

နာဂိန္ဒချောင်းဖျား
ဇာကွေ့နားမှာ ပုစွန်တာဖြစ်လားလေ
ရက္ခိတတရားကို လေးဝတီနဒီအားလုံးမာ
ကွန်ပျူတာပိုင် ပရိုဂရမ်သွင်းထားချင်ယင့်
မင်းသိပါစီ စိုင်းတင်
အိမ်တိုင်သီတစ်ပုံ ပီစာသီတစ်ပုံ ပြာဖြစ်ဗျာယ်
စီးနိန်ရေ မျက်ရည်တိပါရာဝေ
အသစ်မဟုတ်ကေလေ့
ဖြားရီလှိုင်းသျှေတိကို
မင်းပါးတို့လွမ်းလက်ဆောင် ပို့လိုက်ပါယင့်ဝေ
လွမ်းစာကို ဂန္တ၀င်အလုပ်ကြီးမှတ်ဗျာယ်
ဝဋ်ပါဆီလွမ်းပြီးကေ
ကပ်တကျီ စီးနီလီဖို့ဗျာယ်ဝေ။

မောင်ခိုင်အောင်

(ရွက်နုပြန်ချိန် ရခိုင်ကဗျာသီးသန့်စုစည်းမှုမှ-)

No comments:

Post a Comment