မေတ္တာကြေး

တခါက ဟော်တယ်စားသောက်ဆိုင် တဆိုင်ထဲကို ၁၀နှစ်သား အချေတယောက် ၀င်လာပနာ ဒေါင့်စပွဲခုံတ ခုံမှာ လားထိုင်ရေ။ စပွဲထိုး ကလိမ့်မေက မပီးချင်ပီးချင်နန့် သောက်ရီတခွက် လားချပီးရေ။

ယင်းခါ အချေက "စတော်ဘယ်ရီ အိုက်စကရိန်း တခွက်ကို ဘလောက်ပါလေ။"လို့ ခေါင်းမော့ပနာ မိန်းလာ ရေ။

စပွဲထိုး ကလိမ့်မေက "ဆင့်၅၀။"လို့ တတိုပပြတ် ပြောလိုက်တေ။

အချေက အိတ်ကပ်ထဲက ဖေ့သာကြွီတိကို ထုတ်ပနာ ရွီကြည့်လိုက်တေ။ အပြီးကေ "ရိုးရိုး အိုက်စကရိန်း တခွက်ကိုဘာဝါ။"လို့ ခေါင်းမော့ပနာ မိန်းလိုက်ပြန်ရေ။

ဆိုင်ဝင်ဝက တန်းစီပနာ စပွဲစောင့်နိန်ကတ်တေ လူတိကို ကြည့်ဗျာယ် စပွဲထိုး ကလိမ့်မေက စိတ်မရှည်ချင် ဖြစ်လာပနာ "၃၅ဆင့်။"လို့ ငငေါက်ငငမ်း ပြောချပလိုက်တေ။

အချေက ဖေ့သာကို တခါ ပြန်ရွီပနာ "ကျွန်တော့်ကို ရိုးရိုး အိုက်စကရိန်း တခွက်ပီးပါ။"လို့ ပြောလိုက်တေ။

စပွဲထိုး ကလိမ့်မေက အိုက်စကရိန်း တခွက်နန့် ၃၅ဆင့် ပြေစာတရွက်ကို အချေစပွဲထက်မှာတင်ပနာ တခြား စပွဲဝိုင်း တ၀ိုင်းကို ထွက်လားရေ။

အချေက အိုက်စကရိန်းကို ကုန်အောင်စားပနာ ကောင်တာမှာ ဖေ့သာရှင်းလို့ အပြင်ကို ပြန်ထွက်လားခရေ။

စပွဲထိုး ကလိမ့်မေက အချေစားခရေ စပွဲခုံကို လာသုတ်ယင်း အိုက်စကရိန်းခွက်ကို ယူလိုက်တေမှာ ၅ဆင့် တန် ဖေ့သာကြွီသုံးခပ်ကို ဆင့်ပနာ အချေက သူ့အတွက် မေတ္တာကြေး ထားခစွာကို ရုတ်တရက် တွိလိုက် ရရေ။ ဆင့် ၅၀တန် အိုက်စကရိန်းကို မစားဘဲ ၃၅ဆင့်တန်ကို စားပနာ သူ့အတွက် ၁၅ဆင့် မေတ္တာကြေး ထားခရေ အချေစိတ်ဓါတ်ကိုသိရရေခါ ကိုယ်ပြုမူဆက်ဆံခရေ အပြုအမူတိကို ပြန်မြင်ယောင်ပနာ စပွဲထိုး ကလိမ့်မေ မျက်ရည်တိ ၀ိုင်းလားခပါရေ။

ဘ၀သင်ခန်းစာ။      ။ ကိုယ်ပိုင်ဆိုင်ရေ အကျိုးခံစားခွင့်ကို အပြည့်အ၀ အသုံးမချဘဲ သူများအတွက် ဝေငှ ပီးတတ်တေ စိတ်ဓါတ်မြင့်မြတ်တေ လူသား ပီသအောင် ကြိုးစားကတ်ပါမေ။ ဆင်းရဲ၊ ချမ်းသာ၊ သက်ကြီး၊ သက်ငယ်၊ ဂုဏ်ပကာသနတိကို လိုက်ပနာ ခွဲခြား ဆက်ဆံတတ်စွာကိုလည်း ဂရုတစိုက် ရှောင်ကွင်းပနာ လူသားတိအားလုံးကို တပြေးညီ ဆက်ဆံတတ်အောင်လည်း ကြိုးစားကတ်ပါမေ သူငယ်ချင်းရို့။

KWKhaing (AMP)

1 comment: