လူနာနှစ်ယောက် ဆေးရုံအခန်းတစ်ခုမှာ အတူတူ ကျကတ်ပါရေ။ ပတင်းပေါက်နားက လူနာက တစ်ရက်ကို ညဇာဖက်တစ်နာရီဇီ ကဒင်မှာထိုင်ဗျာယ် အပေါ့အပါး လားရပါရေ။ ကျန်တစ်ယောက် လုံးဝအိပ်ယာက မထ နိုင်ပါ။
နှစ်ယောက်စလုံး အိပ်ယာထဲက နိန်ဗျာယ် မိသားစုအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း ရောက် တတ်ရာရာ တစ်ရက်လုံး ပြောဖြစ်ကတ်ပါရေ။ ပတင်းပေါက်နားက လူနာက အပေါ့အပါးလားတိုင်း ပတင်း ပေါက် အပြင်က ရှုခင်းတိကို ကြည့်ဗျာယ် အပြင်မှာ မြင်ရသမျှကို အသေးစိတ်ပြောပြတတ်ပါရေ။

အိပ်ယာထဲက မထနိုင်ရေ လူနာက တစ်ရက်ကို တစ်နာရီစီ အပြင်မှာ ဖြစ်ပျက် နိန်စွာတိကို ကြားနိန်ရလို့ အသိအမြင်သစ်တိ ရလာဗျာယ်။ အပြင်လောကနန့် ပြန်ထိတွိချင်ရေ စိတ်တိ ပြင်းပြလာပါရေ။
ပတင်းပေါက်က ကြည့်လိုက်ကေ ကကောင်းလှရေ ပန်းခြံတစ်ခုနန့် ရီကန်ကြီးတစ်ခုကို မြင်ရပါရေ။ ရီကန်ထဲ မှာ ဘဲချေတိ ကူးခတ်နိန်ကတ်ပြီးကေ အချေတိ လောင်းစီး ပျော်ရွှင် နိန်ကတ်စွာကိုလည်း မြင်ရပါရေ။ ပန်း ပေါင်းစုံနန့်ဖူးပွင့်နိန်ရေ ပန်းခြံထဲမှာ သမီးရည်းစားတိ လက်ချင်းချိတ်ဗျာယ် လားနိန်ကတ်စွာကိုလည်း တွိနိန် ရပါရေ။ ဟိုးအ၀ီးမှာလည်း မိုးမျှော် အဆာက်အဦးတိနန့် မြို့ရှုခင်းကို မှုန်ဝါးဝါး မြင်နိန်ရပါရေ။
ကဒင်မှာ ထိုင်ဗျာယ် ပြောနိန်ရေ လူနာစကား အားလုံးကို အိပ်ယာထဲက လူနာက မျက်စိပိတ် နားထောင် ဗျာယ် ပုံဖော်ကြည့်နိန်လေ့ ရှိပါရေ။
တစ်ရက်မှာ အိပ်ယာထဲက လဲနိန်ရေလူတောင် မကြားရရေ အတီးအမှုတ်တိနန့် ရှင်လောင်းလည်ပွဲ တစ်ခု ကိုလည်း ပြောပြပါရေ။
ယင်းပိုင်နန့်ရက်၊လတိကြာလို့ တစ်ရက်မှာ ပတင်းပေါက်နားက လူနာစွာ အိပ်နိန်ယင်းသီလားခပါရေ။ ဆေးရုံ ၀န်ထမ်းတိက စိတ်မကောင်းဖြစ်ဗျာယ် အလောင်းကို သယ်ထုတ်လားကတ်ပါရေ။
ယင်းနိန့်မှာဗျာယ် အိပ်ယာထဲမှာ လဲနိန်ရရေ လူနာက တာဝန်ကျ ဆရာမကို ပတင်းပေါက်ဘေးက ကဒင်ကို ပြောင်းပီးဖို့ တောင်းပန်လိုက်ပါရေ။ ဆရာမကလည်း ကကြည်ဖဖြူ ပြောင်းပီးလိုက်ပါရေ။
ဆရာမ အခန်းအပြင်ကို ထွက်လားခစွာနန့် အသာချေ အိပ်ယာက တန်းဒေါင်ထောက်ဗျာယ် ထ၊ နာကြင်စွာတိကို တင်းခံပနာ ပဒင်းပေါက်က အပြင်လောကကို ပြူကြည့်လိုက်ပါရေ။ မြင်လိုက်ရစွာက...
ပေ ၂၀ လောက်အကွာမှာ အုတ်နံရံ ဗြောင်ချော တစ်ခုက မြင်ကွင်းအားလုံးကို ပိတ်နိန်ပါရေ။
ဆရာမ အခန်းထဲကို ပြန်ဝင်လာရေခါ လူနာက ပြောင်သလင်းခါနိန်ရေ အုတ်နံရံကိုကြည့်ဗျာယ် "ဇာဖြစ်လို့ ကကောင်းလှရေ ရှုခင်းတိကို မြင်ရရေလို့ ဒေ ကဒင်က လူနာက ပြောခစွာပါလေ"လို့ မိန်းလိုက်ပါရေ။
ယင်းခါ ဆရာမက "ဒေကဒင်မှာ နိန်ခရေ လူနာက လုံးဝ မျက်စိမမြင်ရေ လူနာတစ်ယောက်ပါ။ ယင်း အုတ် နံရံကိုတောင် မြင်နိုင်ခဖို့မဟုတ်ပါ။ ဖြစ်နိုင်စွာက အခင့်ကို အားတက်အောင် ပြောလခစွာရာ ရှိပါဖို့။"လို့ ဖြေလိုက်ပါရေ။
ကိုယ့်အနိန်အထားကို မိန့်ဗျာယ် အခြားလူတိ ပျော်ရွှင်မှုရအောင် ဖန်တီးပီးနိုင်ရေ မြင့်မြတ်တေ လူတစ် ယောက်ဖြစ်အောင် ကြိုးစားပါ သူငယ်ချင်း...။
စိတ်ချမ်းသာချင်ကေ ဖေ့သာနန့် ပီးဝယ်လို့ မရရေ ကိုယ့်မှာရှိရေ အရည်အချင်းတိကို ချ ရီတွက်ကြည့်ပါ သူငယ်ချင်း။
KWKhaing (AMP)

No comments:
Post a Comment