လီညှင်းမရိုင်း မုန်တိုင်းမသင်း

ဘုရင်မင်းဘာကြီး မာစီဒီးမစီးခရစွာ
သရော်စရာလား---။

လေဒီဒိုင်ယာနာ
လျှာပူအာပူမစားဖူးခ
ရှုတ်ချစရာလား---။

မာစီဒီးမစီးရကေလေ့
မင်းဘာကြီးဘ၀မှာ
ကန်ကမကန်စည်းစိမ်
ဂုဏ်ရှိန်မလျော့---။

လျှာပူအာအူမစားရကေလေ့
မိဖုရားလောင်းဒိုင်ယာနာ
လျှာအရသာခံစရာ
အရာစွာတိအပြည့်---။

သူ့ခေတ်သူ့အခါ
သူ့နေရာသူ့ဒေသ
ဒေချင့်ကမဟိ
ထိုချင့်ကိုမသိ
မဟိကာယေကေ
မသိကာယေကေ---လို့
ရှည်လျားပေတံ၊အခြေခံနန့်
ဝေဖန်စရာမလို
တစ်ဖက်မြင်အပျက်တိနန့်
ငယ်ထိပ်ကိုဖနောင့်တိုက်
ကထိုက်ကရိုက်စွပ်စွဲ
အယူကွဲစံ၊အငြင်းသန်ရေ
ပေတံအဆိုး
ဖဲ့ချိုးဝေးပလိုက်
ခေတ်စနစ်အချိန်အခါ
အလှပချိန်ဆ နားလည်ရဖို့
မျှတလျော်ကန်အယူမှန်ရေ
ဝေဖန်ရေးလီညှင်းပန်းသတင်းဆောင်ပနာ
လောကပြူတင်းကို ၀င်လာနိုင်ဖို့အတွက်
နက်ဖြန်ခါမုန်တိုင်း---။

စစ်တွေညိုသန့်

ရွက်နုပြန်ချိန် ရခိုင်ကဗျာများသီးသန့်စုစည်းမှုမှ-

No comments:

Post a Comment