စကားလုံး

တခါက ပညာရှိတစ်ယောက် ရွာချေတစ်ရွာနားကဖြတ်လားရေမှာ ရွာသူတစ်ယောက် အနားကိုလိုက်လာပြီး ပနာ သူ့အချေတစ်ယောက် နိန်မကောင်းလို့ တစ်ခေါက်လိုက်ကြည့်ပီးဖို့ အကူအညီတောင်းဘာရေ။
ပညာရှိ လည်း ရွာထဲကိုလိုက်ဗနာ အချေကို ဂါထာမန်းတရားတိ ရွတ်ဖတ်ဗနာ ရီမန်းနန့် ပက်ပီးဘာရေ။

ယင်းချိန်မှာ လူတိဝိုင်းအုံလာကတ်ပြီးကေလူအုပ်ထဲက လူတစ်ယောက်က"ဆီးတလုံးမတိုက်ဘဲနန့်ယင်းပိုင်ဂါ ထာတိမန်း မှုတ်စွာ လောက်နန့်ပင် ယင်းအချေဇာပိုင်နိန်ကောင်းလားဖို့လဲ။ လုံးဝမဖြစ်နိုင်စွာကို လုပ်နိန်ရေ။" လို့အော် ပြောလာဘာရေ။


ယင်းခါပညာရှိ "ဒေဂါထာအကြောင်းကို  နလဗိန်းတလုံးတောင်နားမလည်ရေ အကောင်က လာပြောနိန်ရေ။ အဂေါင့်ဂေါင့် အရူးနန့် မှ လာတွိနိန်ရရေဂါ။" လို့အားလုံးကြားအောင် ပြန်ပြောလိုက်ဘာရေ။

ပညာရှိပြန်ပြောလိုက်တေ စကားကိုကြားရေခါ အပြောခံရရေလူစွာ မျက်နှာတိနီ လာဗြီးကေ တခုခုပြန်ပြော ဖို့ပိုင်၊ရစွာနန့် ကောက်ပစ်ပ လိုက်ဖို့ပိုင် ရှရှူးရှရှားဒေါသဖြစ်လာဘာရေ။

ယင်းခါပညာရှိက ယင်းလူနားကိုလားပနာ"အေ မိတ်ဆွေ၊ကျွန်တော်ပြောလိုက်တေ ဒေစကားလုံးချေတစ်လုံး နှစ်လုံးကတောင် မိတ် ဆွေကိုရုတ်တရက် မထိန်းနိုင် မသိမ်းနိုင်ဒေါသထွက်အောင်လုပ်နိုင်ကေ တခြားဆန့် ကျင်ဘက် အီးချမ်းရေ စကားလုံးတိကလည်း လူတယောက်ကို စိတ်ချမ်းသာအောင်၊ နိန်ကောင်းလာအောင် လုပ်နိုင်ရေဆိုစွာကို သတိပြုဘာ" လို့ပြောလိုက်ဘာရေ။

ယင်းနိန့်ခါ ပညာရှိစွာ ရွာသားလေးငါးယောက်လောက်ကို ဆေးကုပီးခရဘာရေလတ်။

ဘ၀သင်ခန်းစာ။                ။ စကားလုံးတိမှာ အရာရာကိုပြောင်းလဲနိုင်ရေ စွမ်းအင်ရှိရေဆိုစွာကို ယုံကြည် ဘာ။ စကားတစ်ခွန်းက လူတစ်ယောက် ချစ်ခင်မှုကို ဖန်တီးနိုင်ရေပိုင်၊ ရန်လိုမုန်းတီးခံရမှုကိုလည်း တပြိုင် တည်း ရအောင် လုပ်နိုင်ပါရေ။ ယင်းအတွက် နန့် ကိုယ်ပြောလိုက်တေ စကားလုံးတိက တဖက်သားတိ ကို စိတ်ဓါတ် တက်ကြွလာအောင်၊ အသက်ဝင်လှုပ်ရှား လာတတ်အောင်၊ ပျော်ရွှင်လာအောင်၊ နွီးထွီးလာအောင် ၊ရင်းနှီးကျွမ်းဝင်လာအောင်၊ မှန်ကန်ရေဆုံဖြတ်ချက်တိကိုချမှတ်လာတတ်အောင် လုပ်ပီးနိုင်ရေ ခွန်အားဖြည့် အထောက်အပံ့ တိဖြစ်လားကေ ကကောင်းကောင်းဘာဖို့။ စကားလုံးတိပိုင်ကိုယ်အပြုအမူ၊ အရွီးအသား တိ လည်း ယင်းသဘောတရားအတိုင်းရှိဘာရေ သူငယ်ချင်းရို့။

KWKhaing(AMP)

No comments:

Post a Comment