အုတ်နံရံ

တစ်ခါသော် အလွန်ဒေါသထွက်လွယ်သော ကောင်းလေးတစ်ယောက်ရှိလေသည်။ တစ်နေ့တွင် ဖခင်ဖြစ်သူ မှ ခရုများထည့်ထားသော အိတ်တစ်အိတ်ပေးကာ "သား၊ ဒေါသထွက်တိုင်း အိတ်ထဲက ခရုတစ်ကောင်စီဆွဲ ထုတ်ပြီး နောက်ဖေးက ဆေးသုတ်ထားတဲ့ အုတ်နံရံကို ပစ်ပေါက်လိုက်ပါ"ဟုပြောလေသည်။ 

ကောင်လေးသည် ပထမနေ့တွင် အိတ်ထဲမှခရ ၃၇ကောင်တိတိ ထုတ်ကာ အုတ်နံရံကို ပစ်ပေါက်ခဲ့လေ သည်။

ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ ပစ်ပေါက်သော ခရုကောင်ရေ သိသိသာသာကျ ဆင်းလာလေ သည်။

ခရုကောင်များက ပစ်ပေါက်ခြင်းထက် မိမိဒေါသကိုထိန်းခြင်းက ပိုမိုလွယ်ကူကြောင်း သဘောပေါက်လာ သော ကြောင့်ဖြစ်သည်။ 

နောက်ဆုံးတွင် ကောင်လေးသည် ဒေါသလုံးဝမထွက်တော့ကြောင်း ဖခင်ကိုပြောလိုက်ရာ ဖခင်က" သား ဒေါသမထွက်တော့ကြောင်း ပြတဲ့အနေနဲ့ ခရုတစ်ကောင်စီ အိတ်ထဲမှဆွဲထုတ်ပြီး အပြင်မှာထားလိုက်ပါ" ဟု ပြောလိုက်လေသည်။ 

တဖြည်းဖြည်းနှင့် အိတ်ထဲတွင် ခရုလုံးဝမကျန်တော့ကြောင်း ဖခင်ကိုပြောလိုက်ရာ ဖခင်က သားကိုလက်ဆွဲ လျက် ခရုရည်များနှင့်စွန်း ထင်းနေသော အုတ်နံရံအနီးသို့ ခေါ်သွားလေသည်။ 

" သား၊ မင်း ကောင်းကောင်းလက်စွမ်းပြလိုက်တာပဲ။ စွန်းထင်းနေတဲ့ အုတ်နံရံကိုကြည့်လိုက်ပါ။ ဒီအုတ်နံရံ ဟာသူ့နဂိုနံရံနဲ့ဘယ်လိုမှ မတူနိုင်တော့ဘူး။ ဒီနံရံလိုပဲ သားဒေါသအလျောက် အပြောလိုက်ခံလိုက်ရတဲ့ လူ တွေရဲ့နှလုံးသားမှာလဲ အမာရွတ် ထင်ကျန်ခဲ့မှာပဲ။ သားလူတစ်ယောက်ကို ဓားနဲ့ထိုးလိုက်ပြီး ကြိမ်ဖန်ပေါင်း များ စွာ မှားသွားပါတယ်လို့ တောင်းပန်ပေမယ့် အဲဒီဒဏ်ရာဟာ မပျောက်နိုင် တော့ပါဘူး။ စကားနဲ့အပြောခံ လိုက် ရတဲ့ ဒဏ်ရာဟာလဲ ကိုယ်ပေါ်က ဒဏ်ရာလိုပဲပြင်းထန်လှပါတယ်။" 

သူငယ်ချင်းဆိုတာ အမှန်တကယ်တော့ အလွန်ရှားပါးလှတဲ့ ရတနာတစ်မျိုးပါ။ ဘ၀မှာအောင်မြင်မှုရဖို့ သူတို့ ကပဲ အပြုံးပန်းတွေနှင့် တိုက်တွန်းအားပေးမှုတွေကိုလုပ်ပေးကြပါတယ်။ ဗဟုသုတတွေ မျှဝေပေးကြသလို ချီးမွန်းမှုတွေလဲလုပ်ပေးကြပါတယ်။ သူတို့ရဲ့ နှလုံးသားကိုလည်း အမြဲတမ်းဖွင့်လှစ်ပေးထားကြပါတယ်။ 

သူငယ်ချင်းတွေကို ဘယ်လိုဂရုစိုက်ကြောင်းပြသဖို့ နောက်တွန့်မနေပါနဲ့တော့။ 

အခုပဲပြသလိုက်ပါ သူငယ်ချင်း။ 

KWKhaing(AMP)

No comments:

Post a Comment