ဖြစ်သမျှအကြောင်း အကောင်းဘာရာ

တခါက ရှင်ဘုရင်တပါးမှာ လိမ္မာပါးနပ်တေ အမတ်ကြီးတယောက် ရှိပါရေ။ ယင်းအမတ်ကြီးစွာ ရှင်ဘုရင် လားသမျှ နိန်ရာကို နောက်က တဂေါက်ဂေါက် လိုက်ရဘာရေ။ အမတ်ကြီး လက်သုံးစကားက "ဖြစ်သမျှ အကြောင်း အကောင်းဘာရာ"လို့ ဇာဗင်ဖြစ်ဖြစ် ပြောလေ့ပြောထ ရှိဘာရေ။ တရက်နိန့်ခါ ရှင်ဘုရင် အမဲပစ် လားယင်း အမှုမဲ့ အမှတ်မဲ့ ကိုယ့်ခြီထောက်ကို ကိုယ့်လေးနန့် ပစ်မိပနာ အနာတရ ဖြစ်လားဘာရေ။ အမတ် ကြီးနန့် တိုင်ဗင်ကြည့်ရေမှာ အမတ်ကြီးက "ဖြစ်သမျှ အကြောင်း အကောင်းလို့ရာ မှတ်ပါ အရှင်ဘုရား။" လို့
ပြန်ပြောလိုက်လို့ ရှင်ဘုရင်က မာန်ပါဗနာ အမတ်ကြီးကို ထောင်ချပလိုက်ဘာရေ။

နောက်မကြာခင် အမတ်ကြီးမပါဘဲ ရှင်ဘုရင် အမဲလိုက် ထွက်ဘာရေ။ ယင်းတကြိမ်မှာ ရှင်ဘုရင်စွာ လူသား စားအရိုင်းတိ ဖမ်းစွာကို ခံလိုက်ရဘာရေ။ လူသားစား အရိုင်းတိ ရှင်ဘုရင်ကို အိုးထဲထည့်ဗနာ ပြုတ်ခါနီးမှာ တကိုယ်လုံးကို အသေအချ စိစစ်ကြည့်တတ်ဘာရေ။ ကိုယ်ခန္ဓာမှာ အပြစ်အနာအဆာရှိကေ လူရိုင်းတိ မစားရေ ထုံးစံရှိဘာရေ။ ရှင်ဘုရင် ခြီထောက်က အမာရွတ်ကို တွိရေခါ ရှင်ဘုရင်ကို မစား ဘဲ တော ထဲ မှာ ပြန်ဝေးပလိုက်ဖို့ လူရိုင်းတိ ဆုံးဖြတ်လိုက်ကတ်ဘာရေ။ ရှင်ဘုရင်လည်း အသက်ချမ်း သာရာ ရလား ဘာရေ။ ယင်းခါမှရာ ရှင်ဘုရင်လည်း ပညာရှိအမတ်ကြီးပြောရေ စကားအဓိပ္ပါယ်ကို ရှရှင်းလလင်း နားလည် သဘော ပေါက်လားဘာရေ။ အမတ်ကြီးလည်း ထောင်ကလွတ်ပနာ တသက်လုံး ရှင်ဘုရင်နောက် က တဂေါက်ဂေါက် လိုက်လားခရဘာရေလတ်။

သ၀သင်ခန်းစာ။        ။ အမှန်ဘာရာ၊ ဘ၀မှာ အားလုံး သူ့အကြောင်းနန့်သူ ကောင်းဖို့ ဖြစ်ပျက်နိန်ရေလို့ရာ သဘောထားပါ။ အယင်က ခခါးသသီး ခံစားခရလို့ ကျွန်တော်ရို့ ဒေနိန့်ခါ ပိုကောင်းရေ နိန်ရာကို ရဖို့ ကြိုး စား ထားရေပိုင်၊ အေနိန့် ခါးသီးမှုတိကလည်း နက်ဖြန်ခါ ပိုကောင်းရေဘ၀ကို ရဖို့အတွက် ကျွန်တော်ရို့ ကို နှိုးဆော် တိုက်တွန်းနိန်ဘာလိမ့်မယ်။ ကျွန်တော်ရို့ ရလာရေဘ၀ သင်ခန်းစာ၊ ဘ၀အတွိအကြုံတိက ကျွန် တော်ရို့ကို ပိုကောင်းရေ၊ ပိုအသိအမြင်ရှီရေ လူတိဖြစ်အောင် တွန်းတင်ပီးလားဘာလိမ့်မယ်။ ယင်း အတွက် နန့် ဒေနိန့် တွိကြုံနိန်ရရေ စိန်ခေါ်မှုတိကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ကေ နက်ဖြန်ခါ ကျွန်တော်ရို့ ပို ကောင်းရေ ဘ၀အဆင့်တစ်ခုကို တက်လားဖို့ဆိုစွာကို မမိန့်ကတ်ပါကေ့ သူငယ်ချင်းရို့။

KWKhaing (AMP)

No comments:

Post a Comment